ပြည်တွင်းပြည်ပမှာရှိသော မြန်မာတိုင်းရင်းသား ညီအစ်ကိုမောင်နှမအားလုံး အေးချမ်းသာယာပြီးခေတ်မီဖွံ့ဖြိုးတိုးတက်သော စည်းကမ်းပြည့်ဝသည့် ဒီမိုကရေစီ နိုင်ငံတော်သစ်တည်ဆောက်ရာမှာ မိမိအခန်းကဏ္ဍအလိုက် တာဝန်ကျေစွား၊ စည်းလုံးညီညွတ်စွာ လက်တွဲဆောင်ရွက်ကြပါစို့

Thursday, May 10, 2012

မြန်မာ့ဒီမိုကရေစီပြောင်းလဲရေး ပိုမိုချောမွေ့စေရန် ပိတ်ဆို့မှုအားလုံး ရုပ်သိမ်းပေးရေး အမေရိကန် အစိုးရအား ဆီနိတ်တာ ဂျင်ဝက်ဘ် တောင်းဆို



From : ခေတ်လူငယ်


မြန်မာ့ဒီမိုကရေစီ ပြုပြင်ပြောင်းလဲရေး လုပ်ငန်းစဉ်များ ပိုမိုချောမွေ့စေရေးအတွက် စီးပွားရေးပိတ်ဆို့မှုများကို လုံးဝရုပ်သိမ်းလိုက်ခြင်းဖြင့် ပံ့ပိုးကူညီပေးရန် အမေရိကန် အစိုးရအား ဆီနိတ်တာဂျင်ဝက်ဘ်က တောင်းဆိုလိုက်ကြောင်း မေ ၄ ရက်နေ့တွင် ဝါရှင်တန်မှလာသော သတင်းများအရ သိရသည်။ ယင်းတောင်းဆိုမှုအတွက် အမေရိကန်အောက်လွှတ်တော် (ဆီးနိတ်) အရှေ့အာရှနှင့် ပစိဖိတ်ဒေသရေးရာ ဆပ်ကော်မတီ၏ ပြည်ပဆက်ဆံရေးဌာန ဥက္ကဋ္ဌဖြစ်သူ မစ္စတာဂျင်ဝက်ဘ်သည် ယင်းဆပ်ကော်မတီ အဆင့်မြင့်အဖွဲ့ဝင်တစ်ဦးနှင့် ပူးတွဲလျက် အမေရိကန်နိုင်ငံခြားရေးဝန်ကြီး မစ္စဟီလာရီကလင်တန်ထံသို့ စာပေးပို့ တောင်းဆိုခဲ့ခြင်းဖြစ်သည်။ “ဒီစာက နှစ်ပေါင်းများစွာ လုပ်ဆောင်ခဲ့တဲ့ သုံးသပ်မှုတွေ၊ ကြိုးပမ်းအားထုတ်မှုတွေရဲ့ ရလဒ်ပါပဲ။ စီးပွားရေး ပိတ်ဆို့မှုတွေကို ရုပ်သိမ်းလိုက်တာက အကောင်းဆုံးလမ်းကြောင်းကို လုပ်ဆောင်ခြင်းလို့ ကျွန်တော်ယုံကြည်ပါတယ်။ သမ္မတအိုဘားမားမှာ ပိတ်ဆို့မှုတွေကို ရုပ်သိမ်းလိုက်ဖို့ လုပ်ပိုင်ခွင့်အာဏာ ရှိပါတယ်။ သမ္မတအနေနဲ့ ဒီလိုလုပ်ဆောင်ဖို့လဲ အချိန်တန်ပါပြီ” ဟု ဂျင်ဝက်ဘ်က ပြောကြားသည်။ အောက်လွှတ်တော်အမတ် မစ္စတာဂျင်ဝက်ဘ်သည် ၂၀၀၉ ခုနှစ်တွင် မြန်မာနိုင်ငံသို့ ဆယ်စုနှစ်တစ်ခုကျော်အတွင်း ပထမဆုံး အမေရိကန်ထိပ်တန်း ပုဂ္ဂိုလ်တစ်ဦးအဖြစ် လာရောက်ခဲ့ပြီး မြန်မာနိုင်ငံအပေါ် ချမှတ်ထားသည့် စီးပွားရေးပိတ်ဆို့မှုများအား ဖြေလျော့ပေးရန် အစဉ်တစိုက် တောင်းဆိုလာသူဖြစ်ကာ ယင်း၏ ၂၀၀၉ ခုနှစ် သမိုင်းဝင်ခရီးစဉ်ကြောင့် မြန်မာနိုင်ငံနှင့် ပတ်သက်သည့် အမေရိကန်၏ မူဝါဒကို လမ်းကြောင်းသစ်သို့ ပြောင်းလဲရောက်ရှိစေခဲ့သည်။ “မြန်မာ့ဒီမိုကရေစီ တည်ဆောက်ရေး လုပ်ငန်းစဉ် ပန်းတိုင်ရောက်စေဖို့ ကျွန်တော်တို့အားလုံး ဆောင်ရွက်ရမှာက “ပြည်သူတွေ ပိုမိုလွတ်လပ်ဖို့၊ ကြွယ်ဝချမ်းသာဖို့ ဖြစ်တဲ့အတွက်” နောက်ဆုံးတော့ ဒါဟာ ပိတ်ဆို့မှုတွေနဲ့ ပတ်သက်နေတာပါပဲ။ အခြားသော တရုတ်တို့၊ ဗီယက်နမ်တို့လိုမှာ မဟုတ်ဘဲ မြန်မာနိုင်ငံရဲ့ ပြောင်းလဲမှုမှာ နိုင်ငံရေးက စီးပွားရေးရဲ့ ရှေ့ကနေ ဦးဆောင်နေပါတယ်။ ဒါနဲ့ ပတ်သက်ပြီး အရေးကြီးလွန်းတယ် ဆိုတာကို ဒေါ်အောင်ဆန်းစုကြည်ကိုယ်တိုင်တောင် အစိုးရရဲ့ ရွေးကောက်ခံကိုယ်စားလှယ်တွေနဲ့ စကားပြောကြားတဲ့အခါမှာ မြန်မာနိုင်ငံရဲ့ အပြောင်းအလဲတွေကို အသိအမှတ်ပြုတဲ့အနေနဲ့ အီးယူရဲ့ ပိတ်ဆို့မှုတွေ ဖြေလျှော့ဆိုင်းငံ့ဖို့ကို တိုက်တွန်းထောက်ခံတယ်လို့ တရားဝင်ကြေညာခဲ့တာက ပြသနေပါတယ်။ မြန်မာနိုင်ငံရဲ့ အပြောင်းအလဲတွေဟာ ပြီးပြည့်စုံဖို့ အများကြီး လိုနေသေးတယ် ဆိုပေမယ့် အပြုသဘောဆောင်တဲ့ အပြောင်းအလဲ ဆောင်ရွက်ချက်တွေကိုလဲ ကျွန်တော်တို့ အမေရိကန်အစိုးရအနေနဲ့ အပြုသဘော တုံ့ပြန်မှုတွေ လုပ်ဆေင်ပေးဖို့ လိုအပ်ပါတယ်” ဟု မစ္စတာဂျင်ဝက်ဘ်က ပြောကြားခဲ့ကြောင်း သိရှိရသည်။
 

No comments:

Post a Comment