ပြည်တွင်းပြည်ပမှာရှိသော မြန်မာတိုင်းရင်းသား ညီအစ်ကိုမောင်နှမအားလုံး အေးချမ်းသာယာပြီးခေတ်မီဖွံ့ဖြိုးတိုးတက်သော စည်းကမ်းပြည့်ဝသည့် ဒီမိုကရေစီ နိုင်ငံတော်သစ်တည်ဆောက်ရာမှာ မိမိအခန်းကဏ္ဍအလိုက် တာဝန်ကျေစွား၊ စည်းလုံးညီညွတ်စွာ လက်တွဲဆောင်ရွက်ကြပါစို့

Thursday, May 10, 2012

KIA ကို စုပေါင်းတွန်းလှန်ရန် ဒေသခံရှမ်းများက တိုက်တွန်းကြွေးကြော်နေကြ



မေလ ၇ ရက်နေ့ ည ၁၁ နာရီခန့်က ကချင်ပြည်နယ် မိုးညှင်းမြို့ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးကျော်စိုးလေး၏ အိမ်ရှေ့တွင် ဆိုင်ကယ်များရပ်တန့်ပြီး ပြန်လည်ထွက်ခွာသွားသည်ကို သိသဖြင့် ထွက်ကြည့်ရာ အိမ်ခြံဝင်း သံပန်းတံခါးကြားတွင် ကွန်ပျူတာ စာစီထားသော စာရွက်တစ်ရွက်ကို တွေ့ခဲ့ရကြောင်းနဲ့ စာရွက်ထဲတွင်
၁) ကေအိုင်အေ ရည်ရွယ်ချက်က ဘာလဲ ?
၂) ကချင်ပြည်နယ်ကောင်းစားရေးဆိုတာ ဘာလဲ ?
၃) ကေအိုင်အေက ငြိမ်းချမ်းရေးကို မလိုချင်ဘူးလား ?
၎) အစိုးရနဲ့ တပ်မတော်က သဘောထားကြီးတာကို အခွင့်ကောင်းယူနေတာလား ?
၅) စစ်ရေးနဲ့ မပတ်သတ်ဘဲ ပြည်သူတွေကို ဘာလို့ ဒုက္ခပေးနေတာလဲ ?
၆) တပ်မတော်က မတိုက်ရင် ပြည်သူကတိုက်ရမှာလား ?
၇) ကချင်ပြည်နယ်မှာရှိတဲ့ ရှမ်းမျိုးနွယ်စုအပါအ၀င် အခြားလူမျိုးတွေက သည်းမခံနိုင်တော့ဘူးဆိုတာ လက်တွေ့ပြရမလား ?

စသည်ဖြင့် ရေးသားထားပါတယ်။


အစိုးရထံ အလင်းဝင်လာသော KIA မှ ရှမ်းတိုင်းရင်းသားများ
၂၀၁၁ ခုနှစ် ဇွန်လဆန်းမှာ စတင်ခဲ့တဲ့ အစိုးရနဲ့ KIA တပ်များကြား တိုက်ပွဲအတွင်း ကချင်ပြည်နယ်အတွင်းရှိ ပြည်သူများမှာ စစ်ဘေးဒဏ်ကြောင့် ဒုက္ခရောက်ခဲ့ရပါတယ်။ အစိုးရက အကြိမ်ကြိမ်ငြိမ်းချမ်းရေး ကမ်းလှမ်းခဲ့သော်လည်း လက်ခံခြင်းမရှိ။ ဒါ့အပြင် ပြည်သူများကို အတင်းအဓမ္မလူသစ်စု ဆောင်းခဲ့လို့ မူလက ကြွေးကြော်ထားတဲ့ ကချင်ပြည်နယ်ကောင်းစားရေး ကချင်ပြည်သူများလွတ်လပ်ရေးစတဲ့ အချက်တွေကို ကချင်ပြည်သူတွေက မယုံကြည်တော့ပါဘူး။ ကချင်မျိုးနွယ်စု အချင်းချင်း နှိမ်ချဖိနှိပ်ဆက်ဆံမှု၊ ရှမ်းလူမျိုးတွေကို မတရားခိုင်းစေမှုတွေကြောင့် တပ်ဖွဲ့အတွင်းမှာလည်း စည်းလုံးမှုမရှိပဲ ငြိမ်းချမ်းရေးကို လိုလားသူ များပြားလာပါတယ်။ အထူးသဖြင့် မတရားလူသစ်စုဆောင်းခံခဲ့ရတဲ့ ရှမ်းတိုင်းရင်းသားတွေက အစိုးရထံမှာ နေ့စဉ်နဲ့ အမျှ အလင်းဝင်နေပါတယ်။ ပြည်သူတွေကလည်း လမ်းတံတားတွေဖျက်ဆီးပြီး လူငယ်တွေကို စစ်ထဲအတင်းသွတ်သွင်းနေလို့ မုန်းတီးနေကြပါတယ်။ ဒီလိုမျိုးဖြစ်ရပ်တွေကြောင့် မခံနိုင်တော့တဲ့ ပြည်သူတွေက စုစည်းပြီး ငြိမ်းချမ်းရေးအတွက် KIA ကို ၀ိုင်းဝန်းဆန့်ကျင်ရန် ပြင်ဆင်နေကြခြင်းဖြစ်ပါတယ်။ မိုးညှင်းမြို့နယ်မှ ရှမ်းတိုင်းရင်းသားတစ်ဦးမှ ကျွန်တော်တို့က KIA ကို ပြန်မတိုက်ရင်လည်း သူတို့လူသစ်စုတာခံရပြီး စစ်တပ်နဲ့ တိုက်ပွဲမှာ အသေခံရသလို စိတ်မချရတဲ့ မိုင်းတွေထောင်ခိုင်းပြီး ကိုယ်ပါရောသေတဲ့ ဘ၀မျိုးပဲရောက်တာလေ။ အလကားသေမယ့်အတူတူ KIA ဆိုတာမရှိတော့ရင် ကချင်ပြည်လည်း အေးချမ်းတော့မှာ ဖြစ်လို့ အကျိုးရှိအောင်ပဲ အသေခံတော့မယ် ဆိုပြီး ပြောကြားခဲ့ပါတယ်။ ပြည်သူတွေရဲ့ နာကျည်းခံစားချက်တွေက KIA အတွက် ပြင်းထန်တဲ့ ထိုးနှက်ချက်တွေ ဖြစ်လာပြီး မဝေးတော့တဲ့ အနာဂတ်မှာ KIA ခေါင်းဆောင်ကြီးများရဲ့ နေ၀င်ချိန် ရောက်လာတော့မှာ ဖြစ်ပါတယ်။

No comments:

Post a Comment