ပြည်တွင်းပြည်ပမှာရှိသော မြန်မာတိုင်းရင်းသား ညီအစ်ကိုမောင်နှမအားလုံး အေးချမ်းသာယာပြီးခေတ်မီဖွံ့ဖြိုးတိုးတက်သော စည်းကမ်းပြည့်ဝသည့် ဒီမိုကရေစီ နိုင်ငံတော်သစ်တည်ဆောက်ရာမှာ မိမိအခန်းကဏ္ဍအလိုက် တာဝန်ကျေစွား၊ စည်းလုံးညီညွတ်စွာ လက်တွဲဆောင်ရွက်ကြပါစို့

Thursday, May 03, 2012

ကေအိုင်အေတပ်ဖွဲ့ မြစ်ကြီးနား-ကံပိုက်တီးကားလမ်းပေါ်တွင် ခရီးသည်တင်ကားများမှ ငွေကောက်ခံ


မြစ်ကြီးနား-ကံပိုက်တီးကားလမ်းပေါ်မှာ မေလ ၁ ရက်နေ့နေလည်ပိုင်းက ကေအိုင်အေတပ်ရင်း(၃)အဖွဲ့မှ ဆိုင်ကယ်များ၊ ခရီးသည်တင်ယာဉ်များအား ရပ်တန့်စစ်ဆေးခဲ့တယ်လို့ သိရပါတယ်။ ကေအိုင်အေအဖွဲ့မှ ယာဉ်မောင်းများအား ထပ်မံသွားလာခြင်းမလုပ်ဖို့ပြောဆိုပြီး သုံးဘီးဆိုင်ကယ်နဲ့ ခရီးသည်တင်ယာဉ်များအား တစ်စီးကို တပ်ဖွဲ့ရံပုံငွေအတွက် ၂သိန်းနဲ့ ၅ သိန်းအထိတောင်းယူခဲ့တယ်လို့ သုံးဘီးဆိုင်ကယ်မောင်းနှင်သူ ကိုအားတီမှ ပြောပါတယ်။ 
 “ ကေအိုင်အေအဖွဲ့က ကားတွေအားလုံးကို ပိုက်ဆံတောင်းတယ်၊ ပိုက်ဆံပေးဖို့မရှိတဲ့ကားတွေဆိုရင် ခရီးသည်တွေ ဆီကနေပြီးတော့ ရွှေထည်ပစ္စည်းတွေကို တောင်းတယ် “ လို့ ခရီးသည်တစ်ဦးမှပြောပါတယ်။
ကေအိုင်အေတပ်ရင်း(၃)အဖွဲ့ဟာ ခရီးသည်တင်ယာဉ်များအား ပိုက်ဆံတောင်းပြီး ဆဒုံးမြို့နယ်၊ လနပါရေတံခွန် ဈေးတန်းမှာ ဈေးဆိုင်ခန်းများအား တစ်ဆိုင် ၅ သိန်းတောင်းသွားတယ်လို့ ဈေးဆိုင်ပိုင်ရှင် တစ်ဦးက ပြောပါတယ်။ ပိုက်ဆံမပေးနိုင်တဲ့ ဆိုင်ခန်း ကိုတော့ ရွှေထည်ပစ္စည်းများသိမ်းယူသွားတယ်လို့ သိရပါတယ်။
ကေအိုင်အေတပ်ဖွဲ့များဟာ မြန်မာအစိုးရတပ်တွေနဲ့တိုက်ခိုက်နေရပြီး ကေအိုင်အေဌာနချုပ်မှ ထောက်ပံ့မှုမရရှိ သဖြင့် ယခု လိုကားလမ်းများတွင် ငွေကြေးတောင်းယူခြင်း၊ဆိုင်ခန်းများအား ငွေတောင်းခြင်း များပြုလုပ်နေတယ်လို့ ဒေသခံများမှ ပြောဆိုနေကြပါတယ်။ ကေအိုင်အေတပ်ဖွဲ့မှ ခရီးသည် တင်ကားများအား ငွေကြေးတောင်းခံမှုများ ပြုလုပ်နေတဲ့အတွက် ခရီးသွားများမှ မိမိတို့၏ စားဝတ်နေရေးအတွက် မဖြစ်မနေသွားလာနေရာမှာ အခုလိုကြုံတွေနေ ရတဲ့အတွက်  အသက်အန္တရာယ်အတွက် ထိတ်လန့်နေကြတယ်လို့သိရပါတယ်။ ကားလမ်းများအား သွားလာခွင့် ပိတ်ပင် ခဲ့သဖြင့် ဆဒုံးမြို့တွင် ကုန်ဈေးနှုန်းများတက်လာမှာကိုစိုးရိမ်ကြောင်း ဆဒုံးမြို့မှ ဒေသခံတစ်ဦးက ပြောပါတယ်။

No comments:

Post a Comment