ပြည်တွင်းပြည်ပမှာရှိသော မြန်မာတိုင်းရင်းသား ညီအစ်ကိုမောင်နှမအားလုံး အေးချမ်းသာယာပြီးခေတ်မီဖွံ့ဖြိုးတိုးတက်သော စည်းကမ်းပြည့်ဝသည့် ဒီမိုကရေစီ နိုင်ငံတော်သစ်တည်ဆောက်ရာမှာ မိမိအခန်းကဏ္ဍအလိုက် တာဝန်ကျေစွား၊ စည်းလုံးညီညွတ်စွာ လက်တွဲဆောင်ရွက်ကြပါစို့

Thursday, May 03, 2012

ချီဖွေမြို့ကို သိမ်းပိုက်ရန် KIA ပြင်ဆင်နေ


 
NDAK နယ်ခြားစောင့်တပ်(လုပီ)ဌာနချုပ်ကို ကချင် လွတ်မြောက်ရေးတပ်မတော် KIA ဗဟိုမှ ခေါင်လွမ်း ဦးစီး အင်အား ၂၀၀ ခန့်ဟာ ဧပြီလ ၂၇ ရက်နေ့က အင်အား အလုံးအရင်းဖြင့်ဝင်ရောက် တိုက်ခိုက် ခဲ့ကြပါတယ်။ KIA မှ နယ်ခြားစောင့်တပ်(NDAK)ကို တိုက်ခိုက်ခဲ့ရာ ပြန်လည်ခုခံ ပစ်ခတ်နိုင်ခဲ့ခြင်းကြောင့် နှစ်ရက်ကျော်ကြာ အပြင်းအထန် တိုက်ပွဲဖြစ်ပွားခဲ့ပြီး KIA ဘက်မှ အကျအဆုံးများခဲ့ရပါတယ်။ KIA မှ အင်အားအများအပြားဖြင့် တိုက်ခိုက်ခဲ့ပေမဲ့ အစိုးရ တပ်မှကူညီတိုက်ခိုက်ပေးခဲ့ခြင်းကြောင့် KIA တပ်ဖွဲ့များ အကျအဆုံးများနဲ့ ဆုတ်ခွာပေးလိုက်ရခြင်းဖြစ်တယ်လို့ တိုက်ပွဲတွင်ပါဝင်ခဲ့သူ KIA အရာရှိတစ်ဦးမှ ပြောပြ ပါတယ်။
တိုက်ပွဲများကြောင့် ပန်ဝါမြို့မှ တရုတ်နိုင်ငံဘက်သို့ ထွက်ပြေးသွားခဲ့သူ ၃၀၀ ဦးမှာ ပန်ဝါမြို့သို့ မေလ ၁ ရက်နေ့ မနေ့က ပြန်လည်ရောက်ရှိလာခဲ့ကြပါတယ်။ ပန်ဝါမြို့ကို သိမ်းပိုက်နိုင်ခြင်းမရှိပဲ အကျအဆုံးများနဲ့ ဆုတ်ခွာခဲ့ရခြင်းကြောင့် KIA မှ တပ်ရင်းများကို လူအင်အား လက်နက်အင်အား ထပ်မံဖြည့်တင်းပြီး တရုတ်မြန်မာ နယ်စပ်မြို့များကို သိမ်းပိုက်ရန်စီစဉ်လျက်ရှိပါတယ်။
ဧပြီလ ၃၀ ရက်နေ့က KIA မှ ကန်ပိုက်တီးမြို့ကို သိမ်းပိုက်မည့်သတင်းကြောင့် ကန်ပိုက်တီးမြို့မှ ဒေသခံ များမှာ တရုတ်မြန်မာနယ်စပ် ဥမှင်လှိုင်ဂူအနီးသို့ ပြောင်းရွှေ့ခဲ့ ကြပါတယ်။ ကန်ပိုက်တီးမြို့အပြင် ချီဖွေမြို့ကိုပါ သိမ်းပိုက် မည့် သတင်းကြောင့် ချီဖွေမြို့နှင့်အနီးပတ်ဝန်းကျင်ရွာများမှ ဒေသခံများမှာ ဒီနေ့မနက် ပိုင်းမှ စတင်ပြီး တရုတ်နယ်စပ်သို့ ထွက်ပြေးလျက်ရှိပါတယ်။ ချီဖွေရေအားလျှပ်စစ် ကုမ္မဏီမှ တရုတ်နိုင်ငံသား ၀န်ထမ်းများမှာလည်း KIA မှ တိုက်ခိုက်မည့်သတင်းကြောင့် တရုတ်နိုင်ငံသို့ ပြန်လည်ထွက်ခွာသွားကြ ကြောင်းသိရပါတယ်။
KIA မှ ကန်ပိုက်တီးနဲ့ ချီဖွေမြို့များကို သိမ်းပိုက်ရန်အတွက် မန်တုံ၊ မျှောမော ၊လန်ကျော်နှင့် ဖလ တို့မှ ချီဖွေမြို့အား ပစ်ခတ်နိုင်သည့် တောင်ကုန်းများသို့ အမြောက်များကို သယ်ဆောင်လျက်ရှိပါတယ်။ ပန်ဝါမြို့ အတွင်းသို့ KIA မှ အမြောက်ပစ်ခတ်မှုကြောင့် ဒေသခံအရပ် သား ၈ ဦးသေဆုံးခဲ့ပါတယ်။

KIA အဖွဲ့ဟာ အစိုးရနဲ့ဖြစ်ပွားသောတိုက်ပွဲများတွင် အကျအဆုံးများနေပြီး အင်အားနည်းလာသည့် အတွက် တိုက်ခိုက်ရေးပုံစံပြောင်းလဲခဲ့ပြီး မိုင်းထောင် မိုင်းခွဲမှုများအပါအ၀င် အစိုးရရုံးများနှင့် အင်အားနည်း တပ်စခန်းများကိုသာ တိုက်ခိုက်ဖို့ညွှန်ကြားထားပါတယ်။
KIA ဗဟိုလိုင်ဇာမှ လက်အောက်ခံတပ်ရင်းအားလုံးကို ကချင်ပြည်နယ်အတွင်း ကျန်ရှိနေသေးသည့် လမ်းများတံတားများကို အရှိန်မြှင့်ဖောက်ခွဲသွားရန်နှင့် အစိုးရတပ်များလာနိုင်သည့်လမ်းများကို မိုင်းထောင် တိုက်ခိုက်ရန် မိုင်းဖောက်ခွဲရေးသမားများနှင့် မိုင်းများကို မေလ ၁ ရက်နေ့မှစတင်ပြီး ထပ်မံဖြည့်တင်း လိုက်သည့်အတွက် နေ့စဉ်လိုလို ဗုံးပေါက်ကွဲမှုများရှိလာခဲ့ကြောင်း သိရပါတယ်။

No comments:

Post a Comment