ပြည်တွင်းပြည်ပမှာရှိသော မြန်မာတိုင်းရင်းသား ညီအစ်ကိုမောင်နှမအားလုံး အေးချမ်းသာယာပြီးခေတ်မီဖွံ့ဖြိုးတိုးတက်သော စည်းကမ်းပြည့်ဝသည့် ဒီမိုကရေစီ နိုင်ငံတော်သစ်တည်ဆောက်ရာမှာ မိမိအခန်းကဏ္ဍအလိုက် တာဝန်ကျေစွား၊ စည်းလုံးညီညွတ်စွာ လက်တွဲဆောင်ရွက်ကြပါစို့

Tuesday, May 15, 2012

Blogger အချို့ သူများယောင်တိုင်းလိုက်မယောင်စေချင်



From : ကျော်မြတ်သူ

ယနေ့ခေတ်ကြီးမှာ အင်တာနက်မီဒီယာနယ်ပယ်မှာ ဘလော့ကာများစွာမရေမတွက်နိုင်လောက်အောင်ကို များပြားလာတာ လူတိုင်းအသိဖြစ်သလို အဲဒီဘလော့ကာတွေက ရည်ရွယ်ချက်များစွာနှင့် အမျိုးမျိုးရှိကြပါတယ်။ အချို့ က ၀ါသနာပါလို့ ဘလော့ကာလုပ်တယ် ၊တချို့ စီးပွားရေးအတွက်
မျှော်မှန်းလုပ်တယ်။တချို့ ကတော့ နာမည်ကြီး အများအားရုံစိုက်ခံစေချင်လို့လုပ်ကြတယ်။
အလားတူပဲ အချို့ က ဘလော့ကာနာမည်ခံရှိသလိုကိုယ်တိုင်ဘလော့ပိုစ်တွေရေးနည်းပညာတွေ
လေ့လာလိုက်စားနေကြတဲ့သူများလည်းရှိသလို ၊ သူများတွေဘလော့စပေါ့ ဆိုတာနဲံ ကိုယ်လည်းဘလော့စပေါ့လိုက်တယ်။ သူများတွေ မီဒီယာဆိုတာနဲ့ လိုက်ပြီးမီဒီယာလိုက်တယ် ။တချို့ ကတော့ ဟိုယောင်ယောင်ဒီယောင်ယောင် နဲံ သူများယောင်လို့လိုက်ယောင်တယ်။တချို့ က အများအကျိုးအတွက် မိမိအိပ်ထဲက စိုက်ပြီးဘလော့က နဲ့ မီဒီယာလုပ်တယ်။တချို့ က မီဒီယာလေကနဲ့ ဘလောကာလောကကိုပူးပြီးပြီး စီးပွားရေးလုပ် အောက်ဆိုက်ဒ်ငွေရှာနာမည်ကြီးဖို့ အတွက် ဆိုက်ဒ်ပေါင်းစုံးမီဒီယာပေါင်းဆုံကနေ ကော်ပီတွေပဲလုပ်ကြတယ်။တချို့ ကတော့ကိုယ်တိုင်ရေး
အများအားမျှဝေ အကျိုးပြုတဲ့ ဘလောကာတွေလည်းရှိကြတယ်။ အဲဒီလို မတူညီတဲ့ စိတ်အသွင်စရိုက်များကြားမှာ မတူညီတဲ့ ခံယူချက်နဲ့ လျှောက်လှမ်းနေကြပေမယ့်တချို့ က ဘလော့ကာအချင်းချင်းပြိုင်ဆိုင်တိုက်ခိုက်လိုစိတ် ၊ မီဒီယာလောကမှာနဲ့ စာဖတ်သူတွေကို
နှောင့်ယှက်လိုတဲ့ အဖျက်သမားစိတ်တွေရှိနေကြတဲ့အတွက် ယနေ့ခေတ်ဘလော့ကာလောကဟာ ခရီးသေချာမပေါက်နိုင်ဖြစ်နြေ့ကပါတယ်။မီဒီယာလောကဆိုတာကလည်းမိမိထင်ရာတွေကို ဘလော့ကာတွေကလျှောက်ရေးလို့မရပါဘူး။မိမိကိုယ်တိုင် မီဒီယာပိုင်းမှာ လိုက်လံမလှုပ်ရှားနိုင်
လျှင်တောင် တကယ်လှူပ်ရှားနေတဲ့ မီဒီယာလောကမှ သတင်းတွေကိုလည်း အကိုးအကားမှန်ကန်စွာဖြင့် ဖော်ပြပေးဖို့ အများသိစေရန်ဆိုတဲ့ ရည်ရွယ်ချက်ဟာလည်းအလွန်အရေးကြီးလှပါတယ်။ဘလော့ကာတွေဟာမိမိ တဦးတည်းနဲ့ ရပ်တည်ဖို့ခက်ခဲသလို အခြားသောပတ်ဝန်းကျင်ပြင်ပမှ ခံစားချက်။ဗဟုသုတ ။သတင်းနှင့် အတွေးအမြင်တွေလည်းထက်မြက်ဖို့လိုအပ်ပါတယ်။ဘလောကာအဖြစ်ယနေ့ခေတ်မှာ အ၇မ်းတော်ကြတဲ့ လေးစားရတဲ့ပုဂ္ဂိုလ်တွေဟာ သူတို့နာမည်တွေက နစ်မြုတ်နေကြပြီး ဟိုယောင်ယောင်ဒီယောင်ဘလော့ကာတွေက သာ နာမည်ကြီးသူသိများချင်မှုအတွက်အားတက်သရော
လုပ်နေကြတာကြောင့် တကယ့်ပညာရှင်ဘလောကတွေဟာ အနစ်နာခံပြီးမိမိတို့ သိထားတတ်ထား
သည်များအပြင် ဗဟုသုတနှင့်အတွေးအမြင်အပါအ၀င် နည်းပညာပိုင်းဆိုင်ရာများကိုပါ ဆရာစားမချန်ပဲ အိပ်သွန်ဖာမှောက်အများအားမျှဝေလျှက်ရှိကြပါတယ်။ထိုသူတို့ရဲ့ ၏ရည်ရွယ်ချက် အဓိဌာန်တွေကို
ဘလောကာတိုင်း သူတို့ရဲ့ စာမျက်နှာတွေမှာ ဖော်ပြထားတာတွေ့ ရှိရမှာဖြစ်ပါတယ်။ထိုသူတွေဟာ နာမည်ကြီးဖို့အတွက် သူ့ ထက်ငါအပြိုင်စိတ်လုံးဝမရှိပဲ မွန်မြတ်တဲ့စိတ်ထားများဖြင့်တက်သစ်စ ဘလော့ကာများကိုလက်တွဲခေါ်နေသည်မှာ လွန်စွာပင်ကျေးဇူးတင်ထိုက်သူများဖြစ်ကြပါတယ်။

ထိုဝါရင့်ပညာရှင်ဘလော့ကာများရဲ့ ရင်တွင်းဖြစ်စကားများတွေကို မသိကြသေးသူများကိုပြန်လည်မျှဝေရမယ်ဆိုရင်တော့......."ကျွန်တော်တို့ ဘလောကာလုပ်တယ်ဆိုတာ နာမည်ကြီးဖို့ ၊ပိုက်ဆံအတွက်လည်းမဟုတ်ပါဘူး။ ကျနော်တို့ ချစ်တဲ့စာပေရေးသားမှုနှင့် နည်းပညာအပါဝင် ဗဟုသုတများကို အများအတွက်မျှဝေ ပေးဖို့အဓိကဖြစ်ပါတယ်"....အဲဒီစာသားကတော့ ကျနော် ဖတ်ဖူးခဲ့တဲ့ ဘလောကာဆရာကြီးတယောက်ရဲ့ စာသားကို မြန်မာဘာသာပြန်ဆိုပေးထားတာဖြစ်ပါတယ်။
ယနေ့ခေတ် ဘလော့ကာများအချို့ ကတော့မှားယွင်းတဲ့ အတွေးတွေရှိနေတာကြောင့် ဘလော့ကာအစစ်လို့တောင်ပြောဖို့ မထိုက်တန်ပါဘူး။အဓိကကတော့ ဘလောကာတယောက်လုပ်မယ်ဆိုရင်ပညာရှင်ဘလော့ကာဆရာကြီးတွေရဲ့ စကားကို သေချာနားလည်အောင်
လ့လာဖတ်သားမှတ်သားလိုက်နာပြီးအနဲ့ဆုံးတော့အတုယူ အားကျသင့်တာများကိုလိုက်နာသင့်ပါတယ်။
တရားသဘောရှုထောင့်ကပဲကြည့်မယ်ဆိုလျှင် ........
" အတ္တ" နှင့် "ကိုယ်ကျိုးနှင့်တစ်ကိုယ်ကောင်းဆန်မှူ" တွေဟာ အလွန်ကိုဆိုးရွားလှပါတယ်။ဘလော့ကာတစ်ယောက်ဖြစ်ဖို့ဆိုတာလွယ်ပေမယ့် အတ္တမကြီးတဲ့ ဘလော့ကာတစ်ယောက်ဖြစ်ဖို့ဆိုတာတော်တော်ခက်ခဲ့ပါတယ်။ဘာလို့လဲဆိုတော့ ....ဘလော့ကာတယောက်ဟာ ငါ ဆိုတဲ့  ငါ အစွဲကသူတို့ရဲ့ ငယ်ထိပ်မှာရောက်နေတဲ
့အတ္တနဲ့ တစ်ကိုယ်ကောင်းဆန်မှုကြောင့် တကယ့်ဖြစ်သင့်ဖြစ်ထိုက်တဲ့ဘလော့ကာ မဖြစ်တော့ပဲ သူတပါးအားပြိုင်ဆိုင်လိုစိတ် အလွန်အမင်းစိတ်ကြီးဝင်မှူ နှင့် အခြားသောဘလော့ကာများအား
တိုက်ခိုက်ရန်လိုမှုများဖြစ်နေကြပါတယ်။အဲဒီလိုစိတ်ဓာတ်မျိုးသာ ဘလော့ကာတိုင်းရဲ့ 
စိတ်ထဲတွေမှာသာရှိခဲ့ ရင် ဘလော့ကာတိုင်း အချင်းအချင်းမသင့်မမြတ်ဖြစ်ကြမယ်။အပြိုင်ဆိုင်တိုက်ခိုက် ပုတ်ခေတ်ကြမယ်။မမှန်ကန်တဲ့သတင်းတွေ လုပ်ကြမယ်။အချင်းချင်းအမြင်မကြည်ဖြစ်ကြမယ် စသဖြင့် အဲဒီကိစ္စတွေနောက်ဆက်တွဲဖြစ်လာကြမှာမုချမလွှဲမသွေဖြစ်ပါတယ်။ထို့ကြောင့် မိမိတို့ဟာ ဘလော့ကာတစ်ယောက်စစ်စစ်လုပ်မယ်လို့ဆုံးဖြတ်လိုက်ပြီဆိုတာနဲ့ " ငါ " ဆိုတဲ့ အတ္တအစွဲနဲ့  တပါးသူဘလော့ကာများကိုတိုက်ခိုက်ပြိုင်ဆိုင်လိုစိတ်နဲ့ စီးပွားရေးအလွန်ဆန်တဲ့ တဖက်စွန်းရောက်
စိတ်တွေပပျောက်ဖို့လွန်စွာအရေးကြီးပါတယ်။.....

မှတ်ချက်။အချို့ သောစကားနှင့်စသားဘာသာပြန်များကို ဘလော့ကာဆရာကြီးအချို့ ၏ အာဘော်ကောက်နှုတ်ချက်များထည့်သွင့်ဖော်ပြပေးထားသည်။

ဘလော့ကာများပျော်ရွှင်ချစ်ခင်စွာဖြင့် အနာဂတ်နေ့ ၇က်များကိုဖြတ်သန်းနိုင်ကြပါစေ....။

No comments:

Post a Comment