ပြည်တွင်းပြည်ပမှာရှိသော မြန်မာတိုင်းရင်းသား ညီအစ်ကိုမောင်နှမအားလုံး အေးချမ်းသာယာပြီးခေတ်မီဖွံ့ဖြိုးတိုးတက်သော စည်းကမ်းပြည့်ဝသည့် ဒီမိုကရေစီ နိုင်ငံတော်သစ်တည်ဆောက်ရာမှာ မိမိအခန်းကဏ္ဍအလိုက် တာဝန်ကျေစွား၊ စည်းလုံးညီညွတ်စွာ လက်တွဲဆောင်ရွက်ကြပါစို့

Monday, May 14, 2012

ဇာဂနာ ပြောသော “လွှတ်တော်အမတ်ရဲ့ အိုင်ကျူ”



“အိုင်စတိုင်းနဲ့ လူ ၄ ယောက်နဲ့ တွေ့တယ်။ တွေ့တဲ့အခါကျတော့ တယောက်က စပြောတယ်။ ဟာ ... အိုင်စ တိုင်းရေ၊ ကျနော်ကတော့ ကျနော့်ရဲ့အိုင်ကျူက ၁၈၀ ရှိတယ်ဗျတဲ့။ အဲဒီတော့ အိုင်စတိုင်းက လက်ဆွဲနှုတ် ဆက်ပြီး ကောင်းပါပြီ မိတ်ဆွေ၊ ခင်ဗျားနဲ့ ကျနော်နဲ့တော့ ကွမ်တန်ဖိဆစ် (Quantum Physics) အကြောင်း ကျနော်တို့ ဆွေးနွေးကြတာပေါ့တဲ့။

နောက်တယောက်က ကျနော်ကတော့ အိုင်ကျူ ၁၅၀ ပဲရှိတယ် အိုင်စတိုင်းဆိုတော့၊ ဟာ ... ကောင်းပြီဗျာတဲ့၊ ခင်ဗျားနဲ့ ကျနော်တို့ နောက်ဆုံးပေါ် သင်္ချာသီအိုရီတွေ ဆွေးနွေးကြတာပေါ့တဲ့။ နောက်တယောက် ထပ်ပြော တယ်။ ကျနော်ကတော့ ၁၂၀ ပဲရှိတယ်ဗျတဲ့။ ဟာ ... ခင်ဗျားနဲ့ ကျနော်နဲ့ ရုပ်ရှင်အကြောင်း ဆွေးနွေးမယ်တဲ့။

နောက်ဆုံးလူကကျတော့ ထပြောတယ်။ မျက်နှာလေးက ပျက်လို့။ အိုင်စတိုင်းရေတဲ့၊ ကျနော်ကတော့ အိုင် ကျူ ၅၀ ပဲ ရှိပါတယ်ဗျားတဲ့။ ဟား ... ၀မ်းသာသွားတယ် အိုင်စတိုင်းက။ အဆင်ပြေလိုက်တာဗျာ၊ ခင်ဗျား လွှတ်တော်ထဲမှာ ဘာတွေ တင်ပြခဲ့သလဲတဲ့”


အိုင်ကျူ ၅၀ နှင့် လွှတ်တော် အမတ်မင်း ဒေါ်အောင်ဆန်းစုကြည်

အိုင်ကျူ ၅၀ ရှိ NLD လွှတ်တော် အမတ်များ

ရပ်ပါကြီးရော အိုင်ကျူ ဘယ်လောက်ရှိ

လွှတ်တော် အမတ်များကို ထိခိုက်ပြောဆို သည်ဟု စွပ်စွဲကာ လယ်/ဆည် ပြည်ထောင်စု ဝန်ကြီး ဦးမြင့်လှိုင်ကို လွှတ်တော် အမတ် တချို့က ဝေဖန် ပြောဆိုမှုတွေ ရှိကြပေမယ့် လူရွှင်တော် ဇာဂနာက လွှတ်တော် အမတ် များကို တိုက်ရိုင်းစော်ကား ပြောဆိုခြင်းကိုတော့ အခုချိန်ထိ ဘယ် သူကမှ မတောင်းပန် မဖြေရှင်းကြသေးပါဘူး။
အသက်ကြီးမှ သူငယ်နာ မိနေသော မဟာ အတွေးအခေါ်ရှင် ဇာဂနာ

No comments:

Post a Comment