ပြည်တွင်းပြည်ပမှာရှိသော မြန်မာတိုင်းရင်းသား ညီအစ်ကိုမောင်နှမအားလုံး အေးချမ်းသာယာပြီးခေတ်မီဖွံ့ဖြိုးတိုးတက်သော စည်းကမ်းပြည့်ဝသည့် ဒီမိုကရေစီ နိုင်ငံတော်သစ်တည်ဆောက်ရာမှာ မိမိအခန်းကဏ္ဍအလိုက် တာဝန်ကျေစွား၊ စည်းလုံးညီညွတ်စွာ လက်တွဲဆောင်ရွက်ကြပါစို့

Monday, June 04, 2012

ရခိုင်ပြည်နယ်အတွင်း ဖြစ်ပွားနေသည့်ဖြစ်စဉ်များနှင့် စပ်လျဉ်း၍ ပြန်ကြားရေးဝန်ကြီးဌာနမှ အထူးသတင်းထုတ်ပြန်



From : ခေတ်လူငယ်


ရခိုင်ပြည်နယ်အတွင်း ဖြစ်ပွားနေသည့်ဖြစ်စဉ်များနှင့် စပ်လျဉ်း၍ ပြန်ကြားရေးဝန်ကြီးဌာနမှ ဇွန်လ ၄ ရက်နေ့တွင် ၎င်း၏၀က်ဘ်ဆိုက်မှတစ်ဆင့် အထူးသတင်းထုတ်ပြန်ချက် တစ်ရပ်ကို ထုတ်ပြန်ကြေညာခဲ့သည်။ ထိုထုတ်ပြန်ချက် အပြည့်အစုံမှာ ''ရခိုင်ပြည်နယ်အတွင်း ဖြစ်ပွားနေသည့် ဖြစ်စဉ်များနှင့် ပတ်သက်သည့် အခြေအနေ အပြည့်အစုံနှင့် နိုင်ငံတော် အစိုးရက တရားဥပဒေနှင့်အညီ ဆက်လက် ဆောင်ရွက်သွားမည့် အစီအစဉ်များကို ယနေ့ည မြန်မာ့အသံနှင့် ရုပ်မြင်သံကြား သတင်းအစီအစဉ်တွင် လည်းကောင်း၊ ဇွန်လ ၅ ရက်နေ့ထုတ် နေ့စဉ် သတင်းစာများတွင် လည်းကောင်း ထုတ်ပြန်ကြေညာပေးသွားမည် ဖြစ်ပါသည်။ ထို့ကြောင့် ပြည်သူများအနေဖြင့် တည်ငြိမ် အေးချမ်းမှုနှင့် တရားဥပဒေ စိုးမိုးမှုကို ထိခိုက်စေမည့် အပြုအမူများကို ရှောင်ရှားကြပါရန်နှင့် ဥပဒေနှင့်အညီ နေထိုင်ဆောင်ရွက်ကြပါရန် မေတာရပ်ခံအပ်ပါသည်။''ဟု ဖော်ပြထားပါသည်။

No comments:

Post a Comment