ပြည်တွင်းပြည်ပမှာရှိသော မြန်မာတိုင်းရင်းသား ညီအစ်ကိုမောင်နှမအားလုံး အေးချမ်းသာယာပြီးခေတ်မီဖွံ့ဖြိုးတိုးတက်သော စည်းကမ်းပြည့်ဝသည့် ဒီမိုကရေစီ နိုင်ငံတော်သစ်တည်ဆောက်ရာမှာ မိမိအခန်းကဏ္ဍအလိုက် တာဝန်ကျေစွား၊ စည်းလုံးညီညွတ်စွာ လက်တွဲဆောင်ရွက်ကြပါစို့

Monday, June 04, 2012

ဆော့လော်တွင် KIA မှတပ်သားသစ်ရက်တိုသင်းတန်းဖွင့်ရန်စီစဉ်......



From : ကချင်နေ့စဉ်သတင်း


KIA မှ မန်တုံ၊ ကောင်းလ၊ ဖလ၊ ရှမ်းကျော်ရွှေမှော်၊ ရှငေါ်ရွှေမှော်နဲ့ မေခမြစ် အနေက်ဘက်ကမ်းရှိ ရွာများမှ လူငယ်၊ လူလတ်ပိုင်းများအား အတင်းအဓမ္မလူသစ်စုဆောင်းပြီး KIA မျှောမောပါစခန်း တွင်ဖမ်းဆီး ထားပါတယ်။ ဖမ်းထားတဲ့ ကချင်လူငယ်များကို မျှောမောပါစခန်း၏ အနောက်ဘက်မှာ ရှိတဲ့ ဆော့လော်မှာ KIA တပ်သားသစ်ရက်တို သင်တန်း တစ်ခုပြုလုပ်မယ်လို့ မျှောမောပါစခန်းမှ KIA တပ်ဖွဲ့ဝင်တစ်ဦးမှာ မန်တုံမှာရှိတဲ့ သူမိဘများကို ပြောခဲ့ပါတယ်။

ဖမ်းထားတဲ့ လူငယ်တွေ အသက်၁၆ နဲ့ ၂၅ ကြားမှာရှိပါတယ်။ ဖမ်းထားခြင်းခံရတဲ့ မိသားစုဝင်တွေကတော့ စိတ်ပူပန်မှုတွေနဲ့ စိုးရိမ်နေကြရပါတယ်။ KIA က အစိုးရနဲ့ ငြိမ်းချမ်းရေး ဆွေးနွေးနေတယ်လို့ကြားနေရပေမယ့် အခုလို တပ်သားသစ်တွေအတင်းအဓမ္မစုဆောင်းပြီး တပ်သားသစ်သင်တန်းကို အမြန်လုပ်ဆောင်နေတဲ့အတွက် KIA က အစိုးရတပ်စခန်းတွေကို အတင်းတိုက်ဖို့လုပ်နေတယ်လို့ ထင်နေကြပါတယ်။ အစိုးရတပ်ကိုသွားရောက် တိုက်မယ် ဆိုရင်တော့ စစ်ပညာကိုကောင်းကောင်းမသင်ထားတဲ့ ကချင်လူငယ်လေးတွေနဲ့ စိတ်ဓာတ် ပျက်ပြားနေတဲ့ ကချင်စစ်သည်လေးများသာ အကျအဆုံးများမှာဖြစ်တယ်။ ကချင်ရွာတွေကတော့ ဒုက္ခအကြီးအကျယ် ရောက်တော့ မှာဘဲ လို့ ကောင်းလရွာမှ ရွာသားများကပြောဆိုနေကြပါတယ်။

No comments:

Post a Comment