ပြည်တွင်းပြည်ပမှာရှိသော မြန်မာတိုင်းရင်းသား ညီအစ်ကိုမောင်နှမအားလုံး အေးချမ်းသာယာပြီးခေတ်မီဖွံ့ဖြိုးတိုးတက်သော စည်းကမ်းပြည့်ဝသည့် ဒီမိုကရေစီ နိုင်ငံတော်သစ်တည်ဆောက်ရာမှာ မိမိအခန်းကဏ္ဍအလိုက် တာဝန်ကျေစွား၊ စည်းလုံးညီညွတ်စွာ လက်တွဲဆောင်ရွက်ကြပါစို့

Monday, June 04, 2012

KIA မှ ဆိပ်မူရွာသို့ လက်နက်ကြီးနဲ့ ပစ်ခတ်၍ လူ ၁ဦးသေ ၇ဦးထိခိုက်.....



From : ကချင်ပြည်သူတစ်ဦး



KIA တပ်မဟာ(၂) တပ်ရင်း(၆) မှ ဆိပ်မူရွာသို့ မေ ၃၁ရက်နေ့ ညနေ ၇နာရီခွဲလောက်က လက်နက်ကြီးနဲ့ ပစ်ခတ်ခဲ့သဖြင့် ဖားကန့်မြို့နယ် ဆပ်မူရွာ၊ ရပ်ကွက်(၂) အိမ်အမှတ် (၂/၁၀၃) ဒေါ်မိချို နေအိမ်အားထိမှန်ပျက်ဆီးခဲ့ပြီး ဦးနေအောင်မှာသေဆုံးသွားခဲ့ကာ လူ ၇ ဦး ဒဏ်ရာ ရရှိခဲ့တယ်။ ဒဏ်ရာရရှိသူများသည် လက်ကီးစတားကုမ္ပဏီမှဝန်ထမ်းများ နဲ့ တရုတ်နှစ်ခြင်း ခရစ်ယာန်ကျောင်း ညစောင့်တို့ဖြစ်ပါတယ်။

ဆိပ်မူရွာသားများမှ KIA ရဲ့လှုပ်ရှားမှုသတင်းကို အနီးအနားမှာရှိတဲ့ အစိုးရတပ်ကို သတင်းသွားပေးနေတဲ့အတွက် အခုလိုပစ်ခတ်သတိပေးတာဖြစ်နိုင်ပါတယ်။ KIA ရဲ့ ရက်စက်မှု တွေကြောင့် KIA ကို ရွံ့မုန်းပြီး အစိုးရတပ်ကို ကူညီတယ်။ KIA ကိုကူညီမှုမရှိတဲ့ အတွက် ကျေနပ်မှုမရှိဘဲ အစိုးရတပ်ရှိတယ်ဆိုတဲ့ အကြောင်းပြချက်နဲ့ ပစ်ခတ်ခဲ့ကြတာဖြစ်ပါတယ်။ ဖြစ်ပွားခဲ့မှုအား တာဝန်ရှိသူများအားတိုင်ကြားပြီး KIA အဖွဲ့အား ပြင်းထန်စွာ အရေးယူပေးရန် တောင်းဆိုဖို့ ဆပ်မူရွာသားများကစီစဉ်နေကြတယ်လို့ ဆိပ်မူရွာသားတစ်ဦးက KDN သတင်းဌာန သို့ သတင်းပေးပို့ထားပါတယ်

No comments:

Post a Comment