ပြည်တွင်းပြည်ပမှာရှိသော မြန်မာတိုင်းရင်းသား ညီအစ်ကိုမောင်နှမအားလုံး အေးချမ်းသာယာပြီးခေတ်မီဖွံ့ဖြိုးတိုးတက်သော စည်းကမ်းပြည့်ဝသည့် ဒီမိုကရေစီ နိုင်ငံတော်သစ်တည်ဆောက်ရာမှာ မိမိအခန်းကဏ္ဍအလိုက် တာဝန်ကျေစွား၊ စည်းလုံးညီညွတ်စွာ လက်တွဲဆောင်ရွက်ကြပါစို့

Monday, June 18, 2012

ကိုယ်စားလှယ်လောင်းများ၏ ရွေးကောက်ပွဲ ကုန်ကျစရိတ်နှင့် ကျမ်းကျိန်လွှာ မည်သူမဆို ကျပ်တစ်သောင်းပေး၍ ကြည့်ရှုနိုင်



From : အောင်ထက်

ရွေးကောက်ပွဲတွင် ဝင်ရောက် ယှဉ်ပြိုင်ခဲ့ကြသော ကိုယ်စားလှယ် လောင်းများ၏ ကုန်ကျစရိတ်စာရင်း နှင့်ကျမ်းကျိန်လွှာများကို ကျပ် ၁ဝဝဝဝ ပေးသွင်းပါက မည်သူ မဆို ကြည့်ရှုနိုင်ကြောင်း တရားဝင်ထုတ် ပြန်ချက်အရ သိရသည်။ရွေးကောက်ပွဲ ဝင်ရောက်ယှဉ် ပြိုင်ခဲ့ပြီး အနိုင်ရသည့်ကိုယ်စားလှယ် များသာမက ရှုံးနိမ့်ခဲ့သော ကိုယ်စား လှယ်များသည်လည်း ရွေးကောက် ပွဲအတွက် ကုန်ကျခဲ့သောစရိတ်များ နှင့် ကျမ်းကျိန်လွှာများကို သက် ဆိုင်ရာ ခရိုင်ကော်မရှင်သို့ တင်သွင်း ရမည် ဖြစ် ကြောင်း သိရသည်။”ရှုံးနိမ့်တဲ့ ကိုယ်စားလှယ် တွေကကုန်ကျစရိတ်နဲ့ ကျမ်းကျိန် လွှာတွေကို ကိုယ့်သဘောနဲ့ကိုယ် မတင်သွင်းဘဲထားလို့ရတယ်။ ဒါပေမဲ့ နောင် တစ် ကြိမ် ရွေးကောက် ပွဲမှာဝင်ပြီးယှဉ်ပြိုင်မယ်ဆိုရင် စည်း မျဉ်းအရပယ်ဖျက်ပိုင်ခွင့် ရှိတယ်။ အရွေးချယ်ခံပုဂ္ဂိုလ်တွေကတော့ မဖြစ်မနေ ကျမ်းကျိန်ပြီးကုန်ကျ စရိတ် ကိုတင်ရမှာပါ” ဟုတာဝန်ရှိ သူတစ်ဦးကပြောသည်။ရွေးကောက်ပွဲ ကုန်ကျစရိတ် စာရင်းကိုလက်ခံရရှိသည့် သက် ဆိုင်ရာကော်မရှင်အဖွဲ့ခွဲသည် နည်း ဥပဒေ ၇၈ အရစာရင်းတင်သွင်း သည့်နေ့ရက်၊ သတ်မှတ်ထားသည့် အချိန်နှင့်ပြဋ္ဌာန်းချက်များအတိုင်း တင်သွင်းခြင်းပြုမပြုကိုမှတ်တမ်း တင်ထားရမည်ဖြစ်ကြောင်း၊ နည်း ဥပဒေ ၇၉ အရရွေးကောက်ပွဲ ကုန်ကျစရိတ်နှင့် ကျမ်းကျိန်လွှာကို တင်သွင်းပြီး နှစ်ရက်အတွင်းကော် မရှင်အဖွဲ့ခွဲရုံးတွင် အများပြည်သူမြင် သာရန် ကပ်ထား ရ မည်ဖြစ်ကြောင်း သိရသည်။မဲဆန္ဒရှင်ပြည်သူများသည် ကိုယ်စားလှယ်လောင်းများ တင် သွင်းထားသော ကုန်ကျစရိတ် စာရင်းကိုမိတ္တူရယူလိုပါက စာမျက် နှာပြည့်သည်ဖြစ်စေ၊ မပြည့်သည် ဖြစ်စေ တစ်ရွက်လျှင် ကျပ် ၅ဝဝဝ ပေး၍လျှောက်ထားနိုင်ကြောင်း သိရ သည်။

No comments:

Post a Comment