ပြည်တွင်းပြည်ပမှာရှိသော မြန်မာတိုင်းရင်းသား ညီအစ်ကိုမောင်နှမအားလုံး အေးချမ်းသာယာပြီးခေတ်မီဖွံ့ဖြိုးတိုးတက်သော စည်းကမ်းပြည့်ဝသည့် ဒီမိုကရေစီ နိုင်ငံတော်သစ်တည်ဆောက်ရာမှာ မိမိအခန်းကဏ္ဍအလိုက် တာဝန်ကျေစွား၊ စည်းလုံးညီညွတ်စွာ လက်တွဲဆောင်ရွက်ကြပါစို့

Monday, June 18, 2012

လွှတ်တော်၌ အဆင့်မြင့် အီလက်ထရောနစ် စာကြည့်တိုက် ထူထောင်မည်



From : Internet ဂျာနယ်

ပြည်ထောင်စုလွှတ်တော်နာယက အမျိုးသားလွှတ်တော် ဥက္ကဋ္ဌ ဦးခင်မောင်မြင့်နှင့် အဖွဲ့ ဂျပန်နိုင်ငံသို့ လေ့လာရေးခရီးစဉ် သွားရောက်ခဲ့စဉ်က မြန်မာနိုင်ငံ၌ လွှတ်တော် စာကြည့်တိုက် တည်ထောင်ရန် စီစဉ်ဆောင်ရွက်လျှက်ရှိပြီး ဂျပန်နိုင်ငံရှိ လွှတ်တော်စာကြည့်တိုက်များနှင့် အွန်လိုင်းကွန်ရက်ဖွဲ့စည်း တည်ဆောက်၍ စာအုပ်စာစောင်များ အပြန်အလှန် လေ့လာကြည့်ရှုရန် ပူးပေါင်းဆောင်ရွက်လိုသည်ဟု ပြောကြားခဲ့သည်။ မြန်မာနိုင်ငံ၌ အဆင့်မြင့် အီလက်ထရောနစ် လွှတ်တော်စာကြည့်တိုက် တည်ထောင်ရန်အတွက် ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် လွှတ်တော်ရုံးမှ အိတ်ဖွင့်တင်ဒါများကို နိုင်ငံပိုင်သတင်းစာမှ ခေါ်ယူလျှက်ရှိသည်။ နေပြည်တော် လွှတ်တော်ဝင်းအတွင်း၌ ထားရှိမည်ဖြစ်သည့် အဆင့်မြင့် အီလက်ထရောနစ် စာကြည့်တိုက်အတွက် လုပ်ငန်းအပ်နှံ ဆောင်ရွက်လို၍ အိတ်ဖွင့်တင်ဒါ ခေါ်ယူနေခြင်း ဖြစ်သည်။ “ပရိုဂရမ်မာ တစ်ယောက်ကို ဆော့ဝဲလ်ပေးရေးလိုက်တာက လွယ်ပါတယ်။ ဒီမှာက စာကြည့်တိုက်အတွက် ပရိုဂရမ်ရေးတဲ့အခါ စံနှုန်းလိုက်နာမှုက ၁၀၀ မှာ ၉၉ ရာခိုင်နှုန်းက မလိုက်နာဘူး။ ကိုယ်တစ်ယောက်တည်း အဆင်ပြေနေလို့ မရဘူး။ နိုင်ငံခြားက အွန်လိုင်းစနစ်နဲ့ စာကြည့်တိုက်ခြင်း ချိတ်ဆက်ပြီး အသုံးပြုခွင့်ပေးတယ်ဆိုရင် စနစ်တွေမတူရင် အသုံးပြုလို့ရမှာ မဟုတ်ဘူးလေ။ စနစ်အတွက် လိုက်နာရမယ့် စည့်ကမ်းတွေဆိုတာ ရှိတယ်” ဟု ရန်ကုန်တိုင်းဒေသကြီး ကွန်ပျူတာပညာရှင်အသင်းမှ အလုပ်အမှုဆောင်တစ်ဦးက သုံးသပ်ပြောကြားသည်။ အဆင့်မြင့် အီလက်ထရောနစ်လွှတ်တော် စာကြည့်တိုက်အတွက် လုပ်ငန်း လုပ်ကိုင်ဆောင်ရွက်လိုသည့် ကုမ္ပဏီ၊ အဖွဲ့အစည်းများသည် လွှတ်တော်ကိုယ်စားလှယ် များအသုံးပြုနိုင်မည့် e-Book, e-Journal, e-Database, Server ,Library Automation Software နှင့် Library Portal အတွက် ခန့်မှန်းကုန်ကျစရိတ်ပါဝင်သော အဆိုပြုလွှာကို နေပြည်တော် လွှတ်တော်ရုံးရှိ ညွှန်ကြားရေးမှူးချုပ်ထံသို့ ပေးပို့ရမည် ဖြစ်ကြောင်း သိရှိရသည်။

No comments:

Post a Comment