ပြည်တွင်းပြည်ပမှာရှိသော မြန်မာတိုင်းရင်းသား ညီအစ်ကိုမောင်နှမအားလုံး အေးချမ်းသာယာပြီးခေတ်မီဖွံ့ဖြိုးတိုးတက်သော စည်းကမ်းပြည့်ဝသည့် ဒီမိုကရေစီ နိုင်ငံတော်သစ်တည်ဆောက်ရာမှာ မိမိအခန်းကဏ္ဍအလိုက် တာဝန်ကျေစွား၊ စည်းလုံးညီညွတ်စွာ လက်တွဲဆောင်ရွက်ကြပါစို့

Tuesday, June 12, 2012

၁၂.၆.၂၀၁၂ စစ်တွေမြို့၏ နောက်ဆုံးရသတင်း



From : ကိုချမ်းသာ


ယနေ့ညနေ သုံးနာရီခွဲခန့်အချိန်တွင် အောင်မင်္ဂလာရပ်ကွက် ချင်းပျံလမ်း တောင်ရွှေရွာဘုန်ကြီးကျောင်းအနီး ရခိုင်တိုင်းရင်းသားများနှင့် ဘင်္ဂလီမူဆလင်များ ပဋိပက္ခဖြစ်ပွားရာ ရခိုင် ၅ ဦးနှင့် သံဃာနှစ်ပါးတို့သည် ဒဏ်ရာအပြင်းထန်ရရှိပြီးစစ်တွေပြည်သူ့ဆေးရုံတွင် ကုသလျက်ရှိကြောင်း သတင်းရရှိသည်။

ဒဏ်ရာရရှိသော သံဃာနှစ်ပါးအမည်မှာ ဦးရှင်ဝဏ္ဏ(မြို့မကျောင်း)နှင့် ဦးကုမာရ(ဂြိုက်ချေကျောင်းတိုက်ဆရာတော်)ဖြစ်ပြီး ရခိုင်တိုင်းရင်းသား ၅ ဦး၏ အမည်မှာ- စည်ပင်ဝန်ထမ်းဖြစ်သူ ကိုကျော်မင်းထွန်း သက်(၃၂)နှစ် ရွှေလောင်းတင်ကျေးရွာ ရသေ့တောင်မြို့နယ်၊ အောင်နိုင်ထူး အသက်(၄၆)နှစ် ဘောင်းဒွတ်သားစုရပ်ကွက်၊ ဦးမောင်ညွန့် အသက်(၄၂) ကုန်တန်းရပ်ကွက်၊ ဦးမောင်စောတင် အသက်(၄၁)နှစ် နေပူခံရပ်ကွက် စသော လူပူဂ္ဂိုလ်များနှင့် သံဃာတော်များသည် ပြည့်သူ့ဆေးရုံတွင် ဆေးကုသခံယူနေကြသည်ကို သိရှိရသည်။

“ ဦးရှင်ဝဏ္ဏက ပြည်သူတွေကို ကူညီရင်း ပုလင်းကွဲနှင့် လောက်စာလုံးတွေ ထိမှန်သွားတဲ့အတွက် ခေါင်းကွဲသွားပြီး ဂြိုက်ချေဆရာတော်မှာလည်း ကလေးတစ်ယောက်ကို ကယ်ထုတ်ရင်း ဘယ်ဖက်လက်ကို ဓါးခုတ်ခံရပါတယ်။ ကိုကျော်မင်းထွန်းမှာလည်း ခြေမျက်စိကို ဓါးခုတ်ခံရတဲ့အပြင် ကိုအောင်နိုင်ထူးမှာလည်း လည်ပင်း၊ လက်မောင်းနှင့် ကျော့ပြင်တို့ကို ဓါးဖြင့် အခုတ်ခံရပါတယ်။ ဦးမောင်ညွန့်မှာ ကျောပြင်ကို ဓါးခုတ်ခံရတဲ့အတွက် စိုးရိမ်နေရပါတယ်။ ဦးမောင်စောတင်မှာလည်း ညာဖက်လက်မောင်းတွင် မြားစူးနှင့် ပစ်ခတ်မှုကိုခံရပါတယ်။ ” ဟု စစ်တွေမြို့ဒေသခံတစ်ဦးဖြစ်သူ ဦးကျော်မြထွန်းက ပြောကြားသွားသည်။

No comments:

Post a Comment