ပြည်တွင်းပြည်ပမှာရှိသော မြန်မာတိုင်းရင်းသား ညီအစ်ကိုမောင်နှမအားလုံး အေးချမ်းသာယာပြီးခေတ်မီဖွံ့ဖြိုးတိုးတက်သော စည်းကမ်းပြည့်ဝသည့် ဒီမိုကရေစီ နိုင်ငံတော်သစ်တည်ဆောက်ရာမှာ မိမိအခန်းကဏ္ဍအလိုက် တာဝန်ကျေစွား၊ စည်းလုံးညီညွတ်စွာ လက်တွဲဆောင်ရွက်ကြပါစို့

Tuesday, June 12, 2012

ရန်ကုန်တိုင်း ဒေသကြီးအတွင်း ၃၃.၇၀ ရာခိုင်နှုန်း တက္ကသိုလ် ၀င်တန်း အောင်မြင်ခဲ့



From : MRTV-4
ပြီးခဲ့တဲ့ တက္ကသိုလ် ၀င်တန်းမှာ ရန်ကုန်တိုင်း ဒေသကြီး မြို့နယ် ၄၄ မြို့နယ်မှ တက္ကသိုလ်ဝင် စာမေးပွဲ ဖြေဆိုသူ ၉၂၈၂၉ ယောက် ဖြေဆိုခဲ့ပြီး စာမေးပွဲ
အောင်သူမှာ ၃၁၂၈၃ ဦးရှိတဲ့ အတွက် အောင်မြင်မှု ရာခိုင်နှုန်း အနေနဲ့ ၃၃.၇၀ ရာခိုင်နှုန်း ရှိတယ်လို့ အမှတ် ၃ အခြေခံ ဦးစီး ဌာနမှ သတင်း ထုတ်ပြန်ချက် အရ သိရှိရပါတယ်။ ပြီးခဲ့တဲ့ ၂၀၁၁-၂၀၁၂ ပညာသင်နှစ် အတွက် တက္ကသိုလ်ဝင်တန်း စာမေးပွဲကို ၂၀၁၂ ခုနှစ် မတ်လ အတွင်းက ကျင်းပ စစ်ဆေး တာဖြစ်ပြီး အောင်စာရင်းများ ကိုတော့ ယနေ့ ဇွန်လ ၉ ရက်နေ့ နံနက်ပိုင်းမှာ ထွက်ရှိခဲ့တာ ဖြစ်ပါတယ်။

အဆိုပါ ၂၀၁၁-၂၀၁၂ ပညာသင်နှစ်ရဲ့ တက္ကသိုလ်ဝင် စာမေးပွဲ အောင်စာရင်းများ အနက် လမ်းပန်း ဆက်သွယ်ရေး ခက်ခဲတဲ့ တိုင်းဒေသကြီးနဲ့ ပြည်နယ် များရှိ စာစစ် ဌာနများမှ အောင်မြင် ကြသူများရဲ့ အောင်မြင်ကြ သူများရဲ့ အောင်စာရင်း ကိုလည်း ယနေ နံနက်ပိုင်းမှာ နေပြည်တော် မြန်မာ့အသံမှ အသံလွှင့် ကြေညာ ပေးခဲ့တယ်လို့ သိရပါတယ်။




No comments:

Post a Comment