မြန်မာနိုင်ငံ စာပေထုတ်ဝေသူများနှင့် ဖြန့်ချိသူများအသင်း ဗဟိုအမှုဆောင် အဖွဲ့ ဖွဲ့စည်း
From : ခေတ်လူငယ်
မြန်မာနိုင်ငံ
စာပေထုတ်ဝေသူများနှင့် ဖြန့်ချိသူများအသင်း၏ ဗဟိုအလုပ်အမှုဆောင်အဖွဲ့ကို
ဇူလိုင်လ ၇ ရက်က ရန်ကုန်မြို့ရှိ မြန်မာနိုင်ငံ စာရေးဆရာအသင်း
အစည်းအဝေးခန်းမ၌ အမှုဆောင် ၁၆ ဦးဖြင့် စတင်ဖွဲ့စည်းလိုက်ပြီဖြစ်ကြောင်း
သတင်းရရှိသည်။ ယင်းသို့ ဖွဲ့စည်းရာတွင် မြန်မာနိုင်ငံ
စာပေထုတ်ဝေသူများနှင့် ဖြန့်ချိသူများအသင်း ဖြစ်မြောက်ရေး ကော်မတီကို
အခြေခံကာ ဖွဲ့စည်းလိုက်ခြင်းဖြစ်ပြီး ဗဟိုအမှုဆောင်များကို ဆရာဦးအေးချို
(မဟာဝိဇ္ဇာ) တရားလွှတ်တော် ရှေ့နေ ဦးဆောင်သည့် ရွေးချယ်တင်မြှောက်ရေး
ကော်မရှင်က ရွေးချယ် အတည်ပြုပေးခဲ့ကြောင်းလည်း သိရသည်။ ယင်းသို့
အမှုဆောင်များကို ရွေးချယ်ရာတွင် ဗဟိုအမှုဆောင် ကော်မတီဝင်အဖြစ်
ဆောင်ရွက်ကြရန် ဆန္ဒပြုထားသူ ၁၉ ဦးရှိသည့်အနက်
လာရောက်နိုင်ခြင်းမရှိသူများကို တက်ရောက်လာကြသူ အားလုံး၏ သဘောဆန္ဒအရ
ချန်လှပ်ကာ ပထမအဆင့်အနေဖြင့် ဗဟိုအမှုဆောင် ကော်မတီဝင် ၁၆ ဦးကို ကော်မရှင်က
အတည်ပြုပေးခဲ့ပြီး ကော်မတီဝင် ၁၆ ဦးအနက်မှ ဥက္ကဋ္ဌအဖြစ် တူးဒေးစာအုပ်တိုက်မှ
ဒေါက်တာသာထွန်းဦး၊ ဒုတိယဥက္ကဋ္ဌ(၁)အဖြစ် ဦးမျိုးအောင်
(ပြည့်စုံစာအုပ်တိုက်)၊ ဒုတိယဥက္ကဋ္ဌ(၂)အဖြစ် ဦးကျော်ဦး (ပါရမီစာအုပ်တိုက်)၊
အတွင်းရေးမှူးအဖြစ် ဦးမြင့်ထွန်း (Quaility Publishing House နှင့်
ဆုပြည့်စုံထွန်း စာပေ)၊ တွဲဖက်အတွင်းရေးမှူး (၁)အဖြစ် ဦးသိမ်းစိုး
(သီဟရတနာစာပေ)၊ တွဲဖက်အတွင်းရေးမှူး (၂)အဖြစ် ဒေါ်ဝိုင်း
(ကံ့ကော်ဝတ်ရည်စာပေ)၊ ဘဏ္ဍာရေးမှူးအဖြစ် ဒေါ်နန်းအိအိဇာ (သရဖူမဂ္ဂဇင်း)၊
တွဲဖက်ဘဏ္ဍာရေးမှူးအဖြစ် ဦးဥက္ကာအေး (အလင်္ကာဝတ်ရည် စာအုပ်တိုက်)၊
ပြန်ကြားရေးမှူးအဖြစ် ဒေါ်နန်းကလျာဝင်း (ပေါ်ပြူလာဂျာနယ်နှင့် ငွေသော်တာ
စာအုပ်တိုက်)၊ တွဲဖက်ပြန်ကြားရေးမှူးအဖြစ် ဦးမောင်မောင်မြင့်အေး
(လာဘ်မိုးဆွေစာပေ)၊ စာရင်းစစ်အဖြစ် ဦးရဲမြင့် (ချမ်းသာစာပေ)တို့အား
ကော်မတီဝင်များက ရွေးချယ်ကာ ကော်မရှင်က အတည်ပြုပေးခဲ့ခြင်း ဖြစ်ကြောင်း
၂၀၁၂ ခုနှစ် ဇူလိုင်လ ၉ ရက်နေ့ထုတ် မြဝတီ သတင်းစာတွင် ဖော်ပြထားပါသည်။
No comments:
Post a Comment