ပြည်တွင်းပြည်ပမှာရှိသော မြန်မာတိုင်းရင်းသား ညီအစ်ကိုမောင်နှမအားလုံး အေးချမ်းသာယာပြီးခေတ်မီဖွံ့ဖြိုးတိုးတက်သော စည်းကမ်းပြည့်ဝသည့် ဒီမိုကရေစီ နိုင်ငံတော်သစ်တည်ဆောက်ရာမှာ မိမိအခန်းကဏ္ဍအလိုက် တာဝန်ကျေစွား၊ စည်းလုံးညီညွတ်စွာ လက်တွဲဆောင်ရွက်ကြပါစို့

Thursday, July 12, 2012

သစ္စာ​စောင့်​သိသည့်​ အတိုက်ခံအဖွဲ့​မျိုး​ အမြင်ဖြင့်​ လုပ်​ဆောင်မည်

ဒီမိုက ​ရေစီနည်း​အရ အတိုက်အခံအဖွဲ့​အစည်း​ဆိုတာ ရှိရမှာဖြစ်ပြီး​ နိုင်ငံ​တော်အ​ပေါ်မှာ သစ္စာ​စောင့်​သိတဲ့​ အတိုက်အခံအဖွဲ့​မျိုး​ အမြင်နဲ့​ လုပ်​ဆောင်သွား​မယ်လို့​ အမျိုး​သား​ဒီမိုက​ရေစီအဖွဲ့​ချုပ်ဥက္ကဋ္ဌ ​ဒေါ်​အောင်ဆန်း​စုကြည်က ​ပြောပါတယ်။
မ​နေ့​ကကျင်း​ပတဲ့​ ပြည်သူ့​လွှတ်​တော် ဆဌမ​နေ့​အစည်း​အ​ဝေး​ ​နေ့​လယ်ပိုင်း​ နား​ချိန်မှာ သတင်း​ထောက်​တွေရဲ့​ ​မေး​မြန်း​ချက်ကို ​ဒေါ်​အောင်ဆန်း​စုကြည်က ​ဖြေကြား​လိုက်တာပါ။

“ဒီမိုက​ရေစီမှာက အတိုက်အခံအဖွဲ့​အစည်း​ဆိုတာ ရှိရမှာပဲ။ အခုအချိန်မှာ အန်တီတို့​ကို အတိုက်အခံအဖွဲ့​အစည်း​လို့​ ​ခေါ်ရင်လည်း​ အန်တီတို့​က မကန့်​ကွက်ပါဘူး​။ အန်တီ​ပြောတာက ရန်လုပ်ဖို့​လာတာမဟုတ်ဘူး​။ ရန်ဖြစ်ဖို့​လာတာ မဟုတ်ဘူး​။ စည်း​စည်း​လုံး​လုံး​နဲ့​ တတ်နိုင်သမျှနိုင်ငံ့​အကျိုး​အတွက် ​ဆောင်ရွက်ဖို့​လာတာ။ အင်္ဂလိပ်အဆိုမှာ ရှိတယ်မလား​. သစ္စာ​စောင့်​သိတဲ့​ အတိုက်အခံ။ မြန်မာအဆိုကတော့ ဘယ်လိုပြောရမလဲ။ နိုင်ငံ​တော်အ​ပေါ်မှာ သစ္စာ​စောင့်​သိတဲ့​ အတိုက်အခံအဖွဲ့​အစည်း​ဆိုတဲ့​ အမြင်နဲ့​ လုပ်သွား​မှာပါ။ အဓိကက​တော့​ နိုင်ငံ​တော်အ​ပေါ်မှာ သစ္စာ​စောင့်​သိမယ်။ ဘယ်သူ့​ ဘယ်သူကိုမှ တိုက်ချင်ခိုက်ချင်လို့​ မဟုတ်ဘူး​။ နိုင်ငံ​တော်အကျိုး​ပြုချင်တာ။ အကျိုး​ပြုတဲ့​နေရာမှာ ပူး​ပေါင်း​ဆောင်ရွက်သင့်​ရင်လည်း​ ပူး​ပေါင်း​ဆောင်ရွက်ရမယ်။”
လက်ရှိ ဒုဝန်ကြီး​တွေ ​နေရာအ​ပြောင်း​အ​ရွှေ့​နဲ့​ ပတ်သက်ပြီး​ သတင်း​ထောက်​တွေရဲ့​ အ​မေး​ကိုလည်း​ ​ဒေါ်​အောင်ဆန်း​စုကြည်က အခုလို ​ဖြေကြား​ပါတယ်။
“အဓိက​တော့​ အ​ပြောင်း​အလဲဆိုတာ အ​ကောင်း​ဘက်ကို ဦး​တည်ဖို့​ပဲ အ​ရေး​ကြီး​တာပါ။ ဘယ်သူရယ်လို့​ မဟုတ်ပါဘူး​။ သင့်​တော်တဲ့​လူ ဖြစ်ဖို့​ပဲ။ သင့်​တော်တဲ့​သူဆိုတာက နံပါတ် ၁ အ​နေနဲ့​ ဒီမိုက​ရေစီပြုပြင်​ပြောင်း​လဲ​ရေး​ကို အား​သန်တဲ့​သူ ဖြစ်ရမယ်။ နံပါတ် ၂ က အလုပ်ကျွမ်း​ကျင်တဲ့​သူ ဖြစ်ရမယ်။ အဲဒီ ၂ ခုကို​တော့​ အ​လေး​ထား​ရမယ်။”
ဒါ့​အပြင် ​ဒေါ်​အောင်ဆန်း​စုကြည် လွှတ်​တော်မှာ တင်သွင်း​မယ့်​ ပညာ​ရေး​ကိစ္စနဲ့​ ပတ်သတ်တဲ့​အဆိုကို လွှတ်​တော်ရုံး​ကို တင်ပြထား​ပြီး​ ယခုရက်ပိုင်း​ တင်သွင်း​မှာ မဟုတ်ဘူး​လို့​ သိရပါတယ်။
ဒေါ်​အောင်ဆန်း​စုကြည်ဟာ အဖွဲ့​ချုပ်က လွှတ်​တော်ကိုယ်စား​လှယ်​တွေနဲ့​ ​နေ့​လယ်ပိုင်း​မှာ ​တွေ့​ဆုံပြီး​ လွှတ်​တော်အတွင်း​ အဆိုတင်သွင်း​မယ့်​ ကိစ္စရပ်​တွေကို ​ဆွေး​နွေး​ခဲ့​တယ်လို့​ အဖွဲ့​ချုပ် ပြန်ကြား​ရေး​တာဝန်ခံ ဦး​အုန်း​ကြိုင်က ပြောပါတယ်။
ဒီ​နေ့​ပြုလုပ်တဲ့​ လွှတ်​တော်အစည်း​အ​ဝေး​မှာ လွှတ်​တော်ကိုယ်စား​လှယ် ၈ ဦး​ရဲ့​ ​မေး​မြန်း​ထား​တာ​တွေကို သက်ဆိုင်ရာ ဝန်ကြီး​ဌာနက ​ဖြေကြား​ပြီး​ အဆို ၁ ခု ​ဆွေး​နွေး​ခြင်း​၊​ အဆိုအသစ် ၂ ခု တင်သွင်း​ခြင်း​နှင့်​ ဥပ​ဒေကြမ်း​ ၁ ခု အတည်ပြုတယ်လို့​ သိရပါတယ်။
ဒီ​နေ့​ည​နေပိုင်း​ လွှတ်​တော်အစည်း​အ​ဝေး​မှာ အ​ခြေခံပညာ​ရေး​ ဥပ​ဒေကျမ်း​ကို အတည်ပြုဖို့​ ​ဆွေး​နွေး​ခဲ့​တယ်လို့​ ဒီ​နေ့​ တက်​ရောက်တဲ့​ လွှတ်​တော်ကိုယ်စား​လှယ်​တွေက ​ပြောပါတယ်။

No comments:

Post a Comment