ပြည်တွင်းပြည်ပမှာရှိသော မြန်မာတိုင်းရင်းသား ညီအစ်ကိုမောင်နှမအားလုံး အေးချမ်းသာယာပြီးခေတ်မီဖွံ့ဖြိုးတိုးတက်သော စည်းကမ်းပြည့်ဝသည့် ဒီမိုကရေစီ နိုင်ငံတော်သစ်တည်ဆောက်ရာမှာ မိမိအခန်းကဏ္ဍအလိုက် တာဝန်ကျေစွား၊ စည်းလုံးညီညွတ်စွာ လက်တွဲဆောင်ရွက်ကြပါစို့

Thursday, July 12, 2012

အစိုး​ရက လူတိုင်း​ ဖုန်း​အသုံး​ပြုနိုင်​ရေး​ စအ​ကောင်အထည်​ဖော်

မြန်မာပြည်သူတရပ်လုံး​ ကမ္ဘာ့​စံချိန်စံညွှန်း​အတိုင်း​ ​ဈေး​သက်သာစွာ ဆက်သွယ်​ရေး​ ဝန်​ဆောင်မှု ​ပေး​ဖို့​အတွက် ပြုပြင်​ပြောင်း​လဲ​ရေး​စီမံချက်ကို စတင်​ဆောင်ရွက်​နေပြီလို့​ ဆက်သွယ်​ရေး​စာတိုက်နဲ့​ ​ကြေး​နန်း​ဝန်ကြီး​ဌာန ပြည်​ထောင်စုဝန်ကြီး​ ဦး​သိန်း​ထွန်း​က ​ပြောပါတယ်။


ဇူလိုင် ၁၀ ရက်​နေ့​က ပြည်သူ့​လွှတ်​တော်ခန်း​မမှာ ကိုယ်စား​လှယ်​တွေကို ​ပြောဆိုတာဖြစ်ပါတယ်။ ဒီစီမံချက်ကို လုပ်​ဆောင်ရာမှာ မြန်မာ့​ဆက်သွယ်​ရေး​လုပ်ငန်း​၊​ ရတနာပုံတယ်လီပို့​တို့​နဲ့​ နိုင်ငံတကာ ဆက်သွယ်​ရေး​ ဝန်​ဆောင်မှုလုပ်ငန်း​ အ​တွေ့​အကြုံရှိတဲ့​ ပြည်တွင်း​ပြည်ပ ကုမ္ပဏီ​တွေကို အင်တာ​နေရှင်နယ် တင်ဒါ​ခေါ်ယူပြီး​ ဖက်စပ်ကုမ္ပဏီ​တွေ ဖွဲ့​စည်း​ဖို့​ စီစဉ်​ဆောင်ရွက်​နေတယ်လို့​ ဝန်ကြီး​က ​ပြောပါတယ်။
အင်တာ​နေရှင်နယ် တင်ဒါ​ခေါ်ရာမှာ အပြည်ပြည်ဆိုင်ရာ တင်ဒါ လုပ်ထုံး​လုပ်နည်း​များ​အတိုင်း​ ဖြစ်​စေဖို့​ နိုင်ငံတကာ စံချိန်စံညွှန်း​များ​အတိုင်း​ ဖြစ်​စေဖို့​နဲ့​ ပွင့်​လင်း​မြင်သာမှုရှိ​စေဖို့​အတွက် အတိုင်ပင်ခံ အဖွဲ့​တဖွဲ့​ လိုအပ်​နေတယ်လို့​ ဝန်ကြီး​က ရှင်း​ပြခဲ့​ပါတယ်။ ဒါ့​အပြင် ဇူလိုင်လ ၉ ရက်​နေ့​က​တော့​ အတိုင်ပင်ခံအဖွဲ့​ လုပ်​ဆောင်လိုတဲ့​ ကုမ္ပဏီ အဖွဲ့​အစည်း​တွေကို အဆိုပြုကြဖို့​ ဖိတ်​ခေါ်ထား​တယ်လို့​ ဝန်ကြီး​က ​ပြောပါတယ်။
ဆက်သွယ်​ရေး​ဝန်ကြီး​ရဲ့​ မြန်မာပြည်သူ​တွေ ဆက်သွယ်​ရေး​ ဝန်​ဆောင်မှု​ပေး​ရေး​ စီမံချက်ဟာ ဒီနှစ်ဆန်း​မှာ နာမည်သတင်း​ကြီး​ခဲ့​တဲ့​ ကျပ် ၅ ​ထောင်တန် တယ်လီဖုန်း​ဆင်း​ကတ် ထုတ်​ဝေဖြန့်​ချိနိုင်တယ်လို့​ ပြည်တွင်း​ပုဂ္ဂလိက ကုမ္ပဏီတခုရဲ့​ ​တောင်း​ဆိုချက်အပြီး​ အစိုး​ရဘက်က အ​ကောင်အထည် ​ဖော်လာတာ ဖြစ်ပါတယ်။
ကျပ် ၅ သိန်း​လောက် ​ဈေး​ပေါက်​နေတဲ့​ တယ်လီဖုန်း​ ဆင်း​ကတ်တခုကို ၅ ​ထောင်နဲ့​ ရ​စေရမယ်ဆိုတဲ့​ ပုဂ္ဂလိကကုမ္ပဏီတခုရဲ့​ စိန်​ခေါ်မှုဟာ အရင်အစိုး​ရ​တွေ လက်ထက် ဆက်သွယ်​ရေး​လုပ်ငန်း​ကို လူ​တွေက ​မေး​ခွန်း​ထုတ်စရာဖြစ်ခဲ့​ပါတယ်၊
ဒီသတင်း​စကား​ဟာ တိုင်း​နဲ့​ပြည်နယ်အနှံ့​ ဖြစ်ပွား​ခဲ့​ပြီး​နောက် သမ္မတ ဦး​သိန်း​စိန်ကိုယ်တိုင် မိန့်​ခွန်း​ထဲမှာ ဆက်သွယ်​ရေး​ကို ကုန်ကျစရိတ်သက်သာစွာနဲ့​ အများ​ပြည်သူသုံး​စွဲနိုင်​အောင် ​ဆောင်ရွက်ဖို့​ ထည့်​သွင်း​ညွှန်ကြား​ခဲ့​ပြီး​နောက် ဒီစီမံချက် ​ပေါ်ထွန်း​လာတာဖြစ်ပါတယ်။
ဝန်ကြီး​က ဒီစီမံချက်ကိုလုပ်ရာမှာ နိုင်ငံတကာအဖွဲ့​အစည်း​။ ကုမ္ပဏီ​တွေနဲ့​ ထိ​တွေရမှာဖြစ်လို့​ ဥပ​ဒေ​တွေ၊​ နည်း​ဥပ​ဒေ​တွေ ပြည့်​စုံခိုင်မာဖို့​လိုတယ်လို့​ ​ပြောဆိုပြီး​ အငြင်း​ပွား​မှု​တွေ ဥပ​ဒေအရ ရင်ဆိုင်ရမှု​တွေက​တော့​ ​ရှောင်လွှဲရမှာမဟုတ်ဘူး​လို့​ ဆိုပါတယ်။
အိမ်နီး​ချင်း​နိုင်ငံ​တွေကို ဥပမာ​ပေး​ပြီး​ နိုင်ငံခြား​နဲ့​ နိုင်ငံသား​ ပိုင်ဆိုင်မှု အချိုး​မညီတာ​တွေ၊​ နိုင်ငံပိုင် ဆက်သွယ်မှုကွန်ရက် မခိုင်မာခင် ​အော်ပ​ရေတာ​တွေ အပြိုင်​ပေး​ဆောင်ရွက်​စေတဲ့​အတွက် နိုင်ငံပိုင် ဆက်သွယ်​ရေး​လုပ်ငန်း​တွေ ​ဈေး​ကွက်ရဲ့​ ၁ ရာခိုင်နှုန်း​လောက်သာရတာ​တွေ။ ​အော်ပ​ရေတာ​တွေကို အပြိုင်​ပေး​လို့​ ​ဈေး​ကွက်ရှိပြီး​ အမြန်ဝင်​ငွေရ​စေမယ့်​ ​နေရာ​တွေမှာသာ ဦး​စား​ပေး​တာ​တွေကို ​ထောက်ပြ​ပြောဆိုသွား​ပါတယ်။
မြန်မာပြည်မှာ တယ်လီဖုန်း​ ဆင်း​ကတ်တခုရဲ့​ ​ဈေး​ဟာ စ​ပေါ်ကာစက ကျပ်​ငွေသိန်း​ ၂၀ ​ကျော်ရှိရာက လက်ရှိမှာ ကျပ် ၂ သိန်း​ပေါက်​နေပြီး​ လာမယ့်​လပိုင်း​တွေကျရင် ထပ်ပြီး​ဈေး​ကျဦး​မယ်လို့​ သတင်း​ထွက်​နေပါတယ်။ ယခုနှစ်အတွင်းမှာ ဆင်းကပ်တစ်ခုကို ကျပ်တစ်သိန်းဝန်းကျင်နှင့်ထပ် မံချပေးဖို့အစီအစဉ်ရှိတယ်လို့လည်း ကြားနေရပါတယ်။

No comments:

Post a Comment