ပြည်တွင်းပြည်ပမှာရှိသော မြန်မာတိုင်းရင်းသား ညီအစ်ကိုမောင်နှမအားလုံး အေးချမ်းသာယာပြီးခေတ်မီဖွံ့ဖြိုးတိုးတက်သော စည်းကမ်းပြည့်ဝသည့် ဒီမိုကရေစီ နိုင်ငံတော်သစ်တည်ဆောက်ရာမှာ မိမိအခန်းကဏ္ဍအလိုက် တာဝန်ကျေစွား၊ စည်းလုံးညီညွတ်စွာ လက်တွဲဆောင်ရွက်ကြပါစို့

Thursday, July 05, 2012

ဟိုတယ်ဇုန် အချို့တွင် ဧည့်သည် ၀င်ရောက်မှု များပြား



From : MRTV-4 ပုဂံ၊ ချောင်းသာ၊ မန္တလေး အစရှိတဲ့ ဟိုတယ် ဇုန်များရှိ ဟိုတယ် များမှာ ဧည့်သည် ၀င်ရောက်မှုမှာ အရင်နှစ်တွေကထက် ပိုမိုများပြား လျက်ရှိတာ ဖြစ်ပါတယ်။
အဆိုပါ ခရီးသွား ဧည့်သည် ၀င်ရောက်မှု မှာတော့ ပြည်တွင်းမှ ၀င်ရောက်မှုမှာ ပိုမို များပြားပြီး ပြည်ပမှ အနည်းငယ်သာ လာရောက်မှု ရှိတယ်လို့ သိရပါတယ်။ အဆိုပါ နေရာဒေသများ ထဲမှ ပုဂံဒေသ မှာတော့ ရှေးဟောင်း ယဉ်ကျေးမှု အမွေအနှစ် စေတီ ပုထိုးများစွာ ရှိတဲ့အတွက်
ပြည်တွင်း ပြည်ပ ခရီးသွား ဧည့်သည်များ စိတ်ဝင်စား လာရောက် ကြတာ ဖြစ်ပါတယ်။

အဲ့ဒါကြောင့် မိုးတွင်းရာသီ ရောက်ပေမယ့် ခရီးသွား ၀င်ရောက်မှုမှာ လာရောက် တည်းခိုသူ တစ်ရက်ကို ၂၀၀ ဦးထိ ရှိတယ်လို့ သိရပါတယ်။ ဒါ့အပြင် ချောင်းသာရှိ ဟိုတယ် များမှာ ဧည့်သည် ၀င်ရောက်မှုဟာ အရင်နှစ်တွေထက် ပိုမိုများပြား နေတာ ဖြစ်ပါတယ်။ အဆိုပါ ချောင်းသာရှိ ဟိုတယ် များကို လာရောက် နိုင်တဲ့ ချောင်းသာ-ပုသိမ် လမ်းမှာ ယခုနှစ် အတွင်း ပြုပြင် ခင်းကျင်းခဲ့တဲ့ အတွက် လမ်းကောင်းမွန် သွားကာ ယခုလိုမျိုး ခရီးသွား ဧည့်သည် ၀င်ရောက်မှု ပိုမိုများပြား လာတာ ဖြစ်ပါတယ်။

ဒါ့အပြင် မန္တလေးတိုင်း ဒေသကြီး အတွင်းရှိ ဟိုတယ်များ မှာတော့ မိုးတွင်း ကာလမှာ နွေရာသီ ထက်တော့ ခရီးသွား ၀င်ရောက်မှု နည်းပါး တယ်လို့ သိရပါတယ်။ အဆိုပါ မန္တလေး တိုင်းဒေသကြီး မှာလည်း ဟိုတယ်ဇုန်များကို တိုးချဲ့ တည်ဆောက် နိုင်ဖို့အတွက် တာဝန်ရှိ သူတွေက ကြိုးပမ်းလျက် ရှိတာ ဖြစ်ပါတယ်။ ဒါ့အပြင် ခရီးသွား လုပ်ငန်းနဲ့ ပတ်သက်ပြီး ဖြေလျော့မှု များစွာရှိ လာတဲ့အတွက် နောက်ပိုင်းမှာ ပြည်ပ ခရီးသွား ၀င်ရောက်မှုဟာ ပိုမိုများပြား လာဖွယ် ရှိတယ်လို့ ဟိုတယ် လုပ်ငန်း လုပ်ကိုင် လျက်ရှိတဲ့ လုပ်ငန်းရှင်များ အသိုင်းအ၀ိုင်းမှ သိရပါတယ်။

No comments:

Post a Comment