ပြည်တွင်းပြည်ပမှာရှိသော မြန်မာတိုင်းရင်းသား ညီအစ်ကိုမောင်နှမအားလုံး အေးချမ်းသာယာပြီးခေတ်မီဖွံ့ဖြိုးတိုးတက်သော စည်းကမ်းပြည့်ဝသည့် ဒီမိုကရေစီ နိုင်ငံတော်သစ်တည်ဆောက်ရာမှာ မိမိအခန်းကဏ္ဍအလိုက် တာဝန်ကျေစွား၊ စည်းလုံးညီညွတ်စွာ လက်တွဲဆောင်ရွက်ကြပါစို့

Thursday, July 05, 2012

7- July မလုပ်ရလို့တဲ့လား .....စိတ်မညစ်ပါနဲ့


From : May Thingyan Hein
ဇူလိုင် ၇ မှာ အထိမ်းအမှတ်ပွဲ မလုပ်ရလို့ စိတ်ဆိုးကြတဲ့သူတွေ၊ စိတ်တိုနေတဲ့သူတွေ ရှိကြောင်း ကြားရပါတယ်။ စိတ်လည်း မတိုကြပါနဲ့၊ စိတ်လည်း မညစ်ကြပါနဲ့.တကယ်ပဲ ပွဲလုပ်ဖို့အတွက် ကုန်ကျမဲ့ ငွေတွေကို သုံးရမဲ့ နေရာတွေ မြန်မာပြည်မှာ အပြည့်ရှိပါတယ်။

အဲဒီငွေတွေကို လယ်စိုက်စရိတ် အခက်အခဲရှိနေတဲ့ တောင်သူလယ်သမားတွေကို ပေးလို့ရပါတယ်။ အဲဒါက တကယ့်ကို ထိရောက်ပါတယ်။ ပြည်သူကလည်း
တကယ့်ကို ကျေးဇူးတင်ကြမှာပါ။ပိုနေသေးရင် မြန်မာပြည်မှာ ဒုက္ခသည်စခန်းတွေ အများကြီး ရှိပါတယ်။ အဲဒီနေရာတွေကို လှူလိုက်တာ ကောင်းပါတယ်။

ကျမအနေနဲ့ကတော့ ပွဲတွေ၊ အထိမ်းအမှတ်တွေ မဖြစ်လို့လည်း စိတ်လည်း မဆိုးဘူး၊ ၀မ်းလည်းမနည်းဘူး၊
ပြည်သူတွေ အဓိက လိုအပ်နေတာက တော်ဝင်နှင်းဆီမှာကျင်းပနေကြတဲ့ ပွဲတွေ မဟုတ်ပါဘူး။
အဲဒီလို ရေးတဲ့ကျမကို မုန်းချင်လည်း မုန်းပါ၊ ဒီအချိန်မှာကျမတို့ ပြည်သူတွေအတွက် အရေးကြီးတာက စီးပွားရေးဖွံ့ဖြိုးတိုးတက်ဖို့နဲ့ တိုင်းပြည် အေးချမ်းဖို့ပါပဲ။

နောက်ဆုံး ဇူလိုင် ၇ အထိမ်းအမှတ်ဆိုပြီးပွဲလုပ်မှ သမိုင်းပေါ်လွင်တာ မဟုတ်ပါဘူး။သမိုင်းပေါ်လွင်ဖို့အတွက် နောက်လာနောက်သားတွေ သိဖို့အတွက်ဆိုရင် တခြားနည်းလမ်းတွေ ရှိမှာပါ။

နောက်ဆုံး အဲဒီပွဲလုပ်ရင် ကုန်မဲ့ပိုက်ဆံ၊ပွဲလုပ်ဖို့အတွက် ရထားကြတဲ့ ပိုက်ဆံတွေကိုဆင်းရဲတဲ့ ကျောင်း မပြည့်စုံတဲ့ ကျောင်း၊ ဘုန်းတော်ကြီးသင်ကျောင်းတွေမှာသွားရောက် ပြီး အထိမ်းအမှတ်ကုသိုလ်ကောင်းမှု လုပ်လိုက်တာက အကောင်းဆုံးပါ။

ခုလို အမြင်မျိုးနဲ့ ရေးတဲ့ ကျမကို စိတ်ဆိုးချင်လည်း ဆိုးကြပါ။ သဘောထားကွဲလွဲခွင့်လည်း ရှိပါတယ်။

မိတ်ဆွေများကို လေးစားခင်မင်လျက်ပါ။

No comments:

Post a Comment