ပြည်တွင်းပြည်ပမှာရှိသော မြန်မာတိုင်းရင်းသား ညီအစ်ကိုမောင်နှမအားလုံး အေးချမ်းသာယာပြီးခေတ်မီဖွံ့ဖြိုးတိုးတက်သော စည်းကမ်းပြည့်ဝသည့် ဒီမိုကရေစီ နိုင်ငံတော်သစ်တည်ဆောက်ရာမှာ မိမိအခန်းကဏ္ဍအလိုက် တာဝန်ကျေစွား၊ စည်းလုံးညီညွတ်စွာ လက်တွဲဆောင်ရွက်ကြပါစို့

Sunday, August 05, 2012

မြို့ပတ်ဘူတာများ အဆင့်မြှင့်ရန် ပြည်တွင်းကုမ္ပဏီ ၁၈ ခု လျှောက်ထား


From : ခေတ်လူငယ်
မြို့ပတ်ရထားလမ်းပိုင်းရှိ ဘူတာများအား အဆင့်မြှင့်တင် ပြုပြင်ခြင်း၊ ဆက်စပ် အဆောက်အအုံများ ပြုပြင်ခြင်းများအတွက် ဇူလိုင် ၂၀ ရက်ထိ တင်ဒါခေါ်ယူခဲ့ရာ ပြည်တွင်းကုမ္ပဏီ ၁၈ ခုခန့် လျှောက်ထားခဲ့ကြကြောင်း သိရသည်။ ထိုသို့ အဆင့်မြှင့်တင်ခြင်းအတွက် မြန်မာ့မီးရထား ၂၀၁၂-၁၃ ဘဏ္ဍာနှစ် ဘတ်ဂျက်ဘဏ္ဍာငွေဖြင့် လုပ်ဆောင်သွားမည်ဖြစ်ကာ ပြုပြင်တည်ဆောက်မှုကို ပြင်ပကုမ္ပဏီအား လုပ်ကိုင်စေမည်ဟု သိရသည်။ ယခုအခါ ဘူတာရုံ၊ စင်္ကြံအမိုး၊ မျက်နှာကြက်နှင့် မြင့်မိုရ်ပိတ်များ ပြုပြင်ခြင်း၊ ရေတံလျှောက်၊ ရေဆင်းပိုက်များ ပြုပြင်ခြင်း၊ ထိုင်ခုံနှင့် ပလက်ဖောင်းကြမ်းခင်းများ ပြုပြင်ခြင်း၊ အုတ်ခြံစည်းရိုးများ ကာရံခြင်း၊ ပလတ်ဖောင်း ဆိုင်းဘုတ်၊ လမ်းညွှန်ဆိုင်းဘုတ်နှင့် မျဉ်းဝါလိုင်းများရေးဆွဲခြင်း၊ အိမ်သာ၊ မိလ္လာကန်နှင့် ရေရရှိရေး လုပ်ငန်းများ၊ ရထားလမ်း ၂ ခုကြား အုတ်ရေမြောင်း ပြုလုပ်ခြင်းနှင့် လူကူးခုးံကျော်တံတားများ ပြုလုပ်ခြင်းတို့ကို ပြုလုပ်သွားမည်ဟု သိရသည်။ ရန်ကုန်မြို့ပတ်ရထား လုပ်ငန်းအား ၂၀၁၁ ခုနှစ်အတွင်းက ပုဂ္ဂလိကသို့ လွှဲပြောင်းလုပ်ကိုင်စေရန် စီစဉ်ဆောင်ရွက်ခဲ့ဖူးသော်လည်း ငွေကြေးစိုက်ထုတ် သုံးစွဲရမှု များပြားသဖြင့် အောင်မြင်မှု မရရှိခဲ့ဘဲ နိုင်ငံတော်ကပင် ဆက်လက်လုပ်ကိုင်ခဲ့ပြီး အဆင့်မီ ဝန်ဆောင်မှုများ ပေးနိုင်ရန် ပြုလုပ်ဆောင်ရွက်လာခဲ့ခြင်း ဖြစ်သည်ဟု သိရသည်။ ရန်ကုန်မြို့ပတ်ရထား လမ်းပိုင်းတွင် ဘူတာပေါင်း ၃၈ ဘူတာရှိပြီး ရထား ၂၁ ဆိုင်းဖြင့် နေ့စဉ် ခေါက်ရေ ၂၀၀ ခန့် ပြေးဆွဲပေးနေကာ စီးနင်းသူ ခရီးသည် နေ့စဉ် ၁ သိန်းနီးပါးခန့် ရှိကြောင်း ၂၀၁၂ ခုနှစ် သြဂုတ်လ ၇ ရက်နေ့ထုတ် News Watch Weekly ဂျာနယ်တွင် ဖော်ပြထားပါသည်။

No comments:

Post a Comment