ပြည်တွင်းပြည်ပမှာရှိသော မြန်မာတိုင်းရင်းသား ညီအစ်ကိုမောင်နှမအားလုံး အေးချမ်းသာယာပြီးခေတ်မီဖွံ့ဖြိုးတိုးတက်သော စည်းကမ်းပြည့်ဝသည့် ဒီမိုကရေစီ နိုင်ငံတော်သစ်တည်ဆောက်ရာမှာ မိမိအခန်းကဏ္ဍအလိုက် တာဝန်ကျေစွား၊ စည်းလုံးညီညွတ်စွာ လက်တွဲဆောင်ရွက်ကြပါစို့

Sunday, August 05, 2012

အမျိုးသား လူငယ် Crazy အဖွဲ့ရှုပ် (သို့)ဘု့ကန့်လန့်တိုက်ပါတီဆိုသည်မှာ


From : Soe Win Maung Soe
အမျိုးသား လူငယ် Crazy အဖွဲ့ရှုပ် (သို့)ဘု့ကန့်လန့်တိုက်ပါတီဆိုသည်မှာ

(၁) ရပ်ကွက်/ကျေးရွာလမ်းများ ပြုပြင်ရန်၊ မူလတန်းကျောင်းပြင်ဆင်ပေးရန် တင်ပြသောသူသည်
NLD ပါတီမှ ဖြစ်နေပါက အောက်ခြေအထိဆင်း၍ အလုပ်လုပ်ခြင်းဖြစ်ပြီး မိမိပါတီက မဟုတ်လျှင်
နိုင်ငံတော်အဆင့်နှင့် မလျော်ညီ၊ အသေးအဖွဲကို တင်ပြ၍ အချိန်ဖြုန်းခြင်းဖြစ်သည်။

(၂) စီမံကိန်းကြီးများကို ဆောင်ရွက်ရန်တင်ပြသူသည် NLD ပါတီမှ ဆိုပါက နိုင်ငံတကာအဆင့်တက်လှမ်းရန်
ကြိုးပမ်းသူဖြစ်ပြီး အခြားပါတီမှ ဖြစ်ပါက အလှမ်းကျယ်၍ အလယ်လတ်ဖြစ်မည့်သူဖြစ်သည်။

(၃) တင်ပြမေးမြန်းချက်ကို ဖြေကြားသည့်ဝန်ကြီးများသည် အသေးစိတ်ရှင်းလင်းပြပါက မလိုအပ်ဘဲ အချိန်ကုန်အောင်
ဆောင်ရွက်သူဖြစ်ပြီး အတိုချုပ်ရှင်းလင်းပါက ပွင့်လင်းမြင်သာမှုမရှိသူဖြစ်ကာ သင့်တော်ရုံရှင်းပြပါက တိကျသည့်အဖြေကို
မပေးနိုင်သူဖြစ်သည်။

(၄) နိုင်ငံတကာနှင့်ဆက်စပ်သည့်ကိစ္စရပ်များ (ဥပမာ- စီးပွားရေးပိတ်ဆို့မှု ရုတ်သိမ်းရေးအဆိုတင်သွင်းမှု) ပြုလုပ်သည့်အခါ
ဆွေးနွေးမှု၊ တယ်လီဖုန်းဆက်သွယ်မှု စသည်တို့အား လူသိထင်ရှားဖြစ်အောင် ဆောင်ရွက်မည်ဖြစ်သော်လည်း
မည်သို့ဆွေးနွေးခဲ့သည်ကိုမူ အသေးစိတ်ပြောပြလေ့မရှိ။ ဤသည်မှာ အရေးကြီး အစိတ်အပိုင်းဖြစ်၍ အဖြေက
အကောင်းဆုံးဖြစ်လိမ့်မည်ဟု ဖြေလေ့ရှိသည်။ ၎င်းအချိန်တွင် ပိတ်ဆို့မှု ဆက်လက်ထားရှိသည်ဟူသော Result
ထွက်လာသည်ဆိုပါစို့။ ပြည်သူက လက်မခံပါက ၎င်းအနေဖြင့် ကြိုးစား၍ တောင်းဆိုခဲ့ကြောင်း၊ အစိုးရမှ အသုံးမကျ၍
ဤသို့ ဆက်ဖြစ်ရကြောင်းကြေငြာမည်ဖြစ်ပြီး၊ ပြည်သူမှ ကျေနပ်ပါက ၎င်းအနေဖြင့် ကြိုးစားခဲ့၍ ဤသို့ အဖြေရခဲ့ခြင်းဖြစ်
ကြောင်း ပြောကြားမည်ဖြစ်သည်။

(၅) ခေတ္တနားနေစဉ် NLD ပါတီမှ ကိုယ်စားလှယ်များ အိပ်စက်ခြင်းသည် ပင်ပမ်းစွာဆောင်ရွက်ရမှုအတွက
ခေတ္တနားနေခြင်းဖြစ်ပြီး၊ အခြားပါတီမှကိုယ်စားလှယ်များ အိပ်စက်မှုသည် ညက အိပ်ရေးပျက်သည်အထိ
သောင်းကျန်း၍ဖြစ်သည်။

(၆) လွှတ်တော်အတွင်း Tablet သုံးခြင်းသည် NLD ပါတီမှ သတင်းအား မပြတ်လေ့လာမှုဖြစ်သော်လည်း
အခြားပါတီကမူ သဇင်(၁)+(၂)+(၃)ကဲ့သို့သော ဇာတ်ကားများကြည့်ရှုခြင်းဖြစ်သည်။

(၇) နိုင်ငံတော်အစိုးရအဖွဲ့၏ ပိုင်ဆိုင်မှု၊ ၀င်ငွေရရှိပုံကို တင်ပြရန်လိုသော်လည်း NLD ပါတီမှာမူ အလုပ်လုပ်ရန်မလိုဘဲ
ရရှိခြင်းကြောင့် တင်ပြရန်မလိုပါ။

(၈) အစိုးရအဖွဲ့ဝင် လူကြီးသားသမီးများ၏ အကြောင်းကို မပြောခြင်းသည် ထိမ်ချန်မှုဖြစ်သော်လည်း NLD ပါတီအတွက်မူ
ကိုယ်ရေးကိုယ်တာရှင်းလင်းရန် မလိုပေ။

(၉) လွှတ်တော်အကြီးအကဲ ပြည်ပသို့လေ့လာရေးသွားရောက်စဉ် လွှတ်တော်မှ အမျိုးသမီးကိုယ်စားလှယ်အား
ခေါ်ဆောင်သွားခြင်းသည် မသင့်လျော်သော ကိစ္စဖြစ်ပြီး NLD ပါတီမှ လူငယ်ကိုယ်စားလှယ်ခေါ်ဆောင်ခြင်းသည်
နိုင်ငံတကာနှင့် ၀င်ဆန့်စေရန်ဖြစ်သည်။

(၁၀) ခေါင်းဆောင် မြန်မာဆန်ဆန်ဝတ်ဆင်ခြင်းသည် ယဉ်ကျေးမှုထိန်းသိမ်းခြင်းဖြစ်ပြီး လူငယ်ကိုယ်စားလှယ်မှ
ဆေးမှင်ကြောင်နှင့်ဘောင်းဘီပွ အစရှိသည့် ၀တ်စားမှုသည် ခေတ်မီခြင်းဖြစ်သည်။

No comments:

Post a Comment