ပြည်တွင်းပြည်ပမှာရှိသော မြန်မာတိုင်းရင်းသား ညီအစ်ကိုမောင်နှမအားလုံး အေးချမ်းသာယာပြီးခေတ်မီဖွံ့ဖြိုးတိုးတက်သော စည်းကမ်းပြည့်ဝသည့် ဒီမိုကရေစီ နိုင်ငံတော်သစ်တည်ဆောက်ရာမှာ မိမိအခန်းကဏ္ဍအလိုက် တာဝန်ကျေစွား၊ စည်းလုံးညီညွတ်စွာ လက်တွဲဆောင်ရွက်ကြပါစို့

Sunday, August 05, 2012

ဗီယက်နမ်နဲ့ ပြင်သစ် မြန်မာဟိုတယ်လုပ်ငန်းကို မျက်စိကျ

from - HotNews ဂျာနယ်

 
ဟိုတယ်နှင့် ခရီးသွားလုပ် ငန်းဝန်ကြီးဌာန၏ အဆိုအရ ဗီယက်နမ်ပြင်သစ်နှင့် အိန္ဒိယတို့ သည် မြန်မာ့ဟိုတယ် လုပ်ငန်း တွင် ရင်းနှီးမြှုပ်နှံရန်အတွက် အာ ရုံကျနေကြောင်း ဆိုသည်။

ဒီမိုကရေစီ ပွင့်လင်းမြင်သာ မှု ရှိလာသဖြင့် မြန်မာနိုင်ငံသို့ နိုင်ငံခြား ဧည့်သည်များ အ၀င် များလာရာ မြန်မာ့ဟိုတယ်လုပ် ငန်းတွင် အခန်းလိုအပ်ချက်များ မြင့်တက်နေကြောင်း သိရသည်။ ဗီယက်နမ်မှHAG & Landကုမ္ပဏီက ကန်ဒေါ်လာ သန်း ၃၀၀ ဖိုးရင်းနှီးမြှုပ်နှံရန် ဆန္ဒရှိနေ ပြီး၊ အိန္ဒိယမှ Hotel & Resortsကလည်း သန်းရာနှင့်ချီရင်းနှီးမြှုပ် နှံရန်အတွက် သက်ဆိုင်ရာနှင့် ညှိ နှိုင်းတော့မည်ဖြစ်သည်။
၎င်းအပြင် နိုင်ငံပေါင်း ၉၂ နိုင်ငံတွင် ဟိုတယ်လုပ်ငန်းဖြင့် ရင်းနှီးမြှုပ်နှံထားသော Accor Group သည်Sa Sin ဘန်ကောက် ဖိုရမ်၌ မြန်မာ့ဟိုတယ်နှင့် ခရီး သွားလုပ်ငန်း ဒုဝန်ကြီးဦးဌေး အောင်နှင့် တွေ့ဆုံခဲ့ကြောင်းBangkok Post သတင်းဌာန၏ ဖော်ပြချက်ကို အင်တာနက်၌ တွေ့ခဲ့ရသည်။Shangri-La Group ကလည်း အခန်း(၄၂၀) ပါသော ဟိုတယ်တစ်ခုကိုတည် ဆောက်မည်ဟုလည်း ဖော်ပြပါ ရှိသည်။ ၀န်ကြီးဌာန၏ အစီရင် ခံစာတစ်ခုတွင် မြန်မာနိုင်ငံ၌ ၂၀၁၁ ခုနှစ်စာရင်းအရ လိုင်စင် ရ ဟိုတယ် ၇၃၁ ၌ အခန်းပေါင်း ၂၅၀၀ (၂)ခန်းရှိကြောင်းသိရ သည်။

No comments:

Post a Comment