ပြည်တွင်းပြည်ပမှာရှိသော မြန်မာတိုင်းရင်းသား ညီအစ်ကိုမောင်နှမအားလုံး အေးချမ်းသာယာပြီးခေတ်မီဖွံ့ဖြိုးတိုးတက်သော စည်းကမ်းပြည့်ဝသည့် ဒီမိုကရေစီ နိုင်ငံတော်သစ်တည်ဆောက်ရာမှာ မိမိအခန်းကဏ္ဍအလိုက် တာဝန်ကျေစွား၊ စည်းလုံးညီညွတ်စွာ လက်တွဲဆောင်ရွက်ကြပါစို့

Saturday, August 18, 2012

ကေအိုင်အေမှ ၀န်ဂေါဘွမ်တွင် ကချင်အမျိုးသမီးမိုင်းသင်တန်းဖွင့်လှစ်




 
သြဂုတ်လ (၁၅)ရက်နေ့က ကေအိုင်အေ တပ်မဟာ(၃)နယ်မြေဖြစ်တဲ့ ၀န်ဂေါဘွမ်မှာ အသက် (၁၆)နှစ် မှ (၂၃)နှစ်ကြား အရွယ်ရှိတဲ့ ကချင်အမျိုးသမီး (၁၂)ဦးကို ကေအိုင်အေ တပ်မဟာ(၃)မှမိုင်း သင်တန်း သင်ကြားပို့ချပေးလျက်ရှိကြောင်းသတင်းရရှိပါတယ်။

          အဆိုပါမိုင်းသင်တန်းကို သင်တန်းနည်းပြဆရာအဖြစ် ယခင်ကေအိုင်အေထောက်လှမ်းရေး မှူး ဟောင်းဖြစ်သူ ဦးတူးလွမ်နှင့် ထောက်လှမ်းရေးတပ်ကြပ်ကြီးဟောင်းတို့မှ သင်ကြားပို့ချပေးသွားမှာဖြစ် တယ်လို့ သတင်းရရှိပါတယ်။
          သင်တန်းကို ကချင်အမျိုးသမီးဦးရေ အယောက် ၅၀ ခန့်ထိ တိုးချဲ့သင်ကြားပေးသွားမှာဖြစ်ပြီး ယခုအချိန်မှာတော့ သင်တန်းသူ (၁၂)ဦးသာရှိသေးတယ်လို့သိရပါတယ်။
          ကေအိုင်အေတပ်ဖွဲ့တွေအနေနဲ့  ကေအိုင်အေတပ်ဖွဲ့ဝင်တွေကို ကချင်ပြည်နယ်မြို့ပေါ်တွေမှာ ရှိတဲ့  ဒုက္ခသည်စခန်းတွေမှာ ရောနှောထားရှိပြီး ဖောက်ခွဲဖျက်ဆီးရေးလုပ်ငန်းတွေ လုပ်ကိုင်ဆောင်ရွက်နေ မှု ကို မြန်မာအစိုးရစစ်တပ်မှသိရှိသွားပြီး ဒုက္ခသည်စခန်းတွေကို ၀င်ရောက်စစ်ဆေးကာ ဖမ်းဆီးမှုတွေ ပြုလုပ် ခဲ့တဲ့အတွက် ယခုလို အမျိုးသမီးဖောက်ခွဲဖျက်ဆီးရေးအဖွဲ့တွေထားရှိဖို့ လေ့ ကျင့်သင်ကြား ပေး တာ ဘဲဖြစ်တယ်လို့ ကေအိုင်အေတပ်ဖွဲ့ဝင်ဟောင်း တစ်ဦးရဲ့ပြောကြားချက် အရ သိရှိရပါတယ်။
from-KDM

No comments:

Post a Comment