ပြည်တွင်းပြည်ပမှာရှိသော မြန်မာတိုင်းရင်းသား ညီအစ်ကိုမောင်နှမအားလုံး အေးချမ်းသာယာပြီးခေတ်မီဖွံ့ဖြိုးတိုးတက်သော စည်းကမ်းပြည့်ဝသည့် ဒီမိုကရေစီ နိုင်ငံတော်သစ်တည်ဆောက်ရာမှာ မိမိအခန်းကဏ္ဍအလိုက် တာဝန်ကျေစွား၊ စည်းလုံးညီညွတ်စွာ လက်တွဲဆောင်ရွက်ကြပါစို့

Saturday, August 18, 2012

အသက် ၁ဝ နှစ်အရွယ် အမျိုးသမီးငယ်နှင့် အေစီမီလန်ဘော လုံးအကယ်ဒမီ စာချုပ်ချုပ်ဆို


အေစီမီလန်အသင်းသည် စကော့တလန်မှ အသက် ၁ဝ နှစ်အရွယ်ရှိ အီရှာ ဆိုင်နီနှင့် စာချုပ်ချုပ်ဆိုခဲ့ကြောင်း သိရသည်။
အေစီမီလန်ဘောလုံး အကယ်ဒမီ၏ နည်းပြချုပ်သည် သူမအား အရှေ့ ဒမ်ဘာတွဒ်ရှိုင်းယားရှိ လန်ဇီမြို့၌ ၎င်း၏ လူငယ်အသင်းတွင် ကစားစဉ်အတွင်း တွေ့ရှိခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
ယခင်က အေစီမီလန်ဘောလုံး အကယ်ဒမီတွင် တက်ရောက်ရန် မိန်းကလေးတစ်ဦးကို စကော့တလန်မှ ကမ်းလှမ်းခဲ့ခြင်း မရှိကြောင်း အီရှာ၏ဖခင်ဖြစ်သူက ပြောကြားခဲ့သည်။ နည်းပြများအနေဖြင့် သူမ၏နောက်ဆုံး လေ့ကျင့်ချိန်အထိ စောင့်ကြည့်ခဲ့ခြင်းကို မသိရှိခဲ့ကြောင်း အီရှာက ပြောကြားခဲ့သည်။
အီရှာသည် အောက်တိုဘာတွင်ကျင်းပမည့် ပြိုင်ပွဲတွင် ပထမဆုံးကစားမည့် လူငယ်အမျိုးသမီး ကစားသမား တစ်ဦးဖြစ်လာမည် ဖြစ်ကြောင်း သိရသည်။

No comments:

Post a Comment