ပြည်တွင်းပြည်ပမှာရှိသော မြန်မာတိုင်းရင်းသား ညီအစ်ကိုမောင်နှမအားလုံး အေးချမ်းသာယာပြီးခေတ်မီဖွံ့ဖြိုးတိုးတက်သော စည်းကမ်းပြည့်ဝသည့် ဒီမိုကရေစီ နိုင်ငံတော်သစ်တည်ဆောက်ရာမှာ မိမိအခန်းကဏ္ဍအလိုက် တာဝန်ကျေစွား၊ စည်းလုံးညီညွတ်စွာ လက်တွဲဆောင်ရွက်ကြပါစို့

Saturday, August 18, 2012

စင်ကာပူနိုင်ငံသည် တစ်ဦးချင်းဝင်ငွေအကောင်းဆုံးနိုင်ငံဖြစ်

ကမ္ဘာပေါ်တွင် တစ်ဦးချင်းဝင်ငွေကို နှိုင်းယှဉ်ကြည့်ပါက စင်ကာပူနိုင်ငံသည် ကမ္ဘာ့ဝင်ငွေ အကောင်းဆုံး နိုင်ငံတစ်နိုင်ငံဖြစ်လာပြီး ၂ဝ၅ဝ ပြည့်နှစ်အထိ ထိပ်ဆုံးနေရာတွင် ဆက်လက်ရပ်တည်နိုင်မည့်အလား အလာရှိကြောင်း ကမ္ဘာ့စီးပွားရေးလေ့ လာချက်တစ်ခုအရ သိရသည်။

စင်ကာပူ၏နောက်တွင် နော်ဝေနိုင်ငံသည် တစ်ဦးချင်းဝင်ငွေ အမေရိကန်ဒေါ်လာ ၅၁၂၂၆ ဖြင့် ဒုတိယနေရာတွင် ရပ်တည်လျက်ရှိပြီး အမေရိကန်နိုင်ငံသည် အမေရိကန်ဒေါ်လာ ၄၅၅၁၁ ဖြင့် တတိယနေရာကို အသီးသီးရပ်တည် လျက်ရှိသည်ဟု သိရသည်။ ထို့အတူ ဟောင်ကောင်ကျွန်းသည်လည်း တစ်ဦးချင်းဝင်ငွေ အမေရိကန်ဒေါ်လာ ၄၅၃ဝ၁ ဖြင့် ကမ္ဘာ့အချမ်းသာဆုံး ထိပ်တန်း ၁ဝ နိုင်ငံတွင် ပါဝင်လာခဲ့သည်ဟု သိရသည်။
လာမည့် ၂ဝ၅ဝ ပြည့်နှစ်ခန့်တွင် စင်ကာပူ၊ ဟောင်ကောင်၊ တရုတ် (တိုင်ပေ)၊ တောင်ကိုရီးယားနိုင်ငံတို့ သည် ကမ္ဘာ့အချမ်းသာဆုံး နိုင်ငံများဖြစ်လာနိုင်ဖွယ် ရှိကြောင်း လေ့လာခန့်မှန်းချက် အရသိရသည်။

From : မြဝတီ

No comments:

Post a Comment