ပြည်တွင်းပြည်ပမှာရှိသော မြန်မာတိုင်းရင်းသား ညီအစ်ကိုမောင်နှမအားလုံး အေးချမ်းသာယာပြီးခေတ်မီဖွံ့ဖြိုးတိုးတက်သော စည်းကမ်းပြည့်ဝသည့် ဒီမိုကရေစီ နိုင်ငံတော်သစ်တည်ဆောက်ရာမှာ မိမိအခန်းကဏ္ဍအလိုက် တာဝန်ကျေစွား၊ စည်းလုံးညီညွတ်စွာ လက်တွဲဆောင်ရွက်ကြပါစို့

Tuesday, August 07, 2012

ရန်ကုန်ဆိပ်ကမ်းတွင် နိုင်ငံတော်ပိုင် ၃၃ ရာခိုင်နှုန်းနှင့် ပုဂ္ဂလိကပိုင် ၆၇ ရာခိုင်နှုန်းခန့်ရှိ



From : ခေတ်လူငယ်
၂၀၁၅ ခုနှစ် အာဆီယံဒေသတွင်း လွတ်လပ်သော အာဆီယံကုန်သွယ်မှုစနစ် ပေါ်ထွန်းလာတော့မည် ဖြစ်ကြောင်း၊ နိုင်ငံတော်၏ စီးပွားရေးမူဝါဒ ဖြေလျှော့ပေးမှု၊ ကုန်သွယ်ဖက်နိုင်ငံများနှင့် အပြန်အလှန် ပူးပေါင်းဆောင်ရွက်နိုင်မှု၊ အနောက်နိုင်ငံများမှ စီးပွားရေးပိတ်ဆို့ထားမှုများ လျော့ကျရုပ်သိမ်းမှု စသည့်အခြေအနေများကြောင့် မြန်မာနိုင်ငံ၏ ပင်လယ်ရေကြောင်း ကုန်စည်ကိုင်တွယ်မှုပမာဏမှာ မလွဲမသွေ တိုးတက်ဖြစ်ထွန်းလာမည်မှာ သေချာနေပြီဖြစ်ကြောင်း၊ တိုးတက်များပြားလာသည့် ကုန်စည်စီးဆင်းမှုများနှင့် အတူ ရန်ကုန်ဆိပ်ကမ်းအား ခေတ်မီနိုင်ငံတကာ ဆိပ်ကမ်းကြီးအဖြစ်

အသွင်ပြောင်းလဲပေးမည့် ရန်ကုန်ဆိပ်ကမ်း ဖွံ့ဖြိုးတိုးတက်ရေးစီမံကိန်း လျာထားချက်ကို ရေးဆွဲပြီး ဆောင်ရွက်လျက်ရှိကြောင်း၊ ရန်ကုန်ဆိပ်ကမ်း ဖွံ့ဖြိုးတိုးတက်ရေးစီမံကိန်းကို အကောင်အထည်ဖော် ဆောင်ရွက်ရာတွင် ပုဂ္ဂလိကကဏ္ဍမှ ပူးပေါင်းဆောင်ရွက်နိုင်ရန် လျာထားသည့်လုပ်ငန်းများလည်း ပါဝင်ကြောင်း၊ လက်ရှိ ဆိပ်ကမ်းကဏ္ဍတွင် နိုင်ငံတော်ပိုင်းနှင့် ပုဂ္ဂလိကပိုင်း၏ ပိုင်ဆိုင်မှု အချိုးအစားမှာ နိုင်ငံတော်ပိုင် ၃၃ ရာခိုင်နှုန်းရှိပြီး ပုဂ္ဂလိကပိုင် ၆၇ ရာခိုင်နှုန်းခန့် ရှိသည့်အတွက် ဆိပ်ကမ်းဝန်ဆောင်မှု လုပ်ငန်းများ၌ ပုဂ္ဂလိကလုပ်ငန်းရှင်များ ပါဝင်ဆောင်ရွက်နိုင်မှုကို အားပေးဆောင်ရွက်လျက် ရှိကြောင်းဖြင့် ပို့ဆောင်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဥာဏ်ထွန်းအောင်က သြဂုတ် ၄ ရက်က ရန်ကုန်မြို့ရှိ ဆီဒိုးနားဟိုတယ်၌ ကျင်းပသည့် ပို့ဆောင်ရေးဝန်ကြီးဌာန မြန်မာ့ဆိပ်ကမ်းအာဏာပိုင်နှင့် မြန်မာအဏ္ဏဝါ စွမ်းအားရှင်ဂရု(ပ်)(အက်စ်) ကုမ္ပဏီလီမိတက်တို့အကြား မြန်မာ့စက်မှုဆိပ်ကမ်း အမှတ်(၃)၊ အမှတ်(၄)နှင့် အမှတ်(၅) ဆိပ်ခံတံတားနှင့် ကုန်သေတ္တာလွင်ပြင် သိုလှောင်စခန်း တည်ဆောက်ပြီး ဆိပ်ကမ်းဝန်ဆောင်မှု လုပ်ငန်းများကို B.O.T စနစ်ဖြင့် လုပ်ငန်းဆောင်ရွက်ရန်အတွက် စာချုပ်ချုပ်ဆိုပွဲတွင် အမှာစကား ပြောကြားသည်။ ထို့နောက် မြန်မာ့ဆိပ်ကမ်း အာဏာပိုင် ဦးဆောင်ညွှန်ကြားရေးမှူး ဦးချိုသန်းမောင်က အဆိုပါဆိပ်ကမ်းနှင့် ပတ်သက်၍ ရှင်းလင်း ပြောကြားပြီးနောက် မြန်မာ့ဆိပ်ကမ်းအာဏာပိုင် ဦးဆောင်ညွှန်ကြားရေးမှူး ဦးချိုသန်းမောင်နှင့် မြန်မာအဏ္ဏဝါ စွမ်းအားရှင်ဂရု(ပ်)(အက်စ်) ကုမ္ပဏီလီမိတက်တို့အကြား မြန်မာ့စက်မှုဆိပ်ကမ်း အမှတ်(၃)၊ အမှတ်(၄)နှင့် အမှတ်(၅) ဆိပ်ခံတံတားနှင့် ကုန်သေတ္တာလွင်ပြင် သိုလှောင်စခန်း တည်ဆောက်ပြီး ဆိပ်ကမ်းဝန်ဆောင်မှု လုပ်ငန်းစာချုပ်များကို လက်မှတ်ရေးထိုးပြီး အပြန်အလှန် လဲလှယ်ကာ ပြည်ထောင်စုဝန်ကြီးက မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှုကော်မရှင်၏ လုပ်ငန်းဆောင်ရွက်ခွင့်အမိန့်ကို မြန်မာအဏ္ဏဝါစွမ်းအားရှင်ဂရု(ပ်)(အက်စ်) ကုမ္ပဏီလီမိတက် မန်နေဂျင်းဒါရိုက်တာ ဦးကိုကိုထူးထံ ပေးအပ်ခဲ့ကြောင်း ၂၀၁၂ ခုနှစ် သြဂုတ်လ ၆ ရက်နေ့ထုတ် မြဝတီ သတင်းစာတွင် ဖော်ပြထားပါသည်။

No comments:

Post a Comment