ပြည်တွင်းပြည်ပမှာရှိသော မြန်မာတိုင်းရင်းသား ညီအစ်ကိုမောင်နှမအားလုံး အေးချမ်းသာယာပြီးခေတ်မီဖွံ့ဖြိုးတိုးတက်သော စည်းကမ်းပြည့်ဝသည့် ဒီမိုကရေစီ နိုင်ငံတော်သစ်တည်ဆောက်ရာမှာ မိမိအခန်းကဏ္ဍအလိုက် တာဝန်ကျေစွား၊ စည်းလုံးညီညွတ်စွာ လက်တွဲဆောင်ရွက်ကြပါစို့

Tuesday, August 07, 2012

ပြည်သူ့လွှတ်တော် တရားဥပဒေစိုးမိုးရေးကော်မတီကို ဖွဲ့စည်း

ဒီနေ့ ကျင်းပတဲ့ ပြည်သူ့လွှတ်တော်အစည်းအဝေးမှာ ပြည်သူ့လွှတ်တော် တရားဥပဒေစိုးမိုးရေးနှင့်တည်ငြိမ်းအေးချမ်းရေးကော်မတီ အသစ်တခုကို လွှတ်တော်ကိုယ်စားလှယ်တွေရဲ့ သဘောတူညီချက်နဲ့ တိုးချဲ့ဖွဲ့စည်းပြီး ဥက္ကဋ္ဌအဖြစ် ဒေါ်အောင်ဆန်းစုကြည်ကို ခန့်အပ်လိုက်ပါတယ်။
အဲဒီကော်မတီကတော့ သက်တမ်း ၁ နှစ်ရှိမှာဖြစ်ပြီး ပြည်ထောင်စုအဆင့် အဖွဲ့အစည်း ဖြစ်တယ်လို့ ပြည်သူ့လွှတ်တော် ဒု-ဥက္ကဋ္ဌ ဦးနန္ဒာကျော်စွာက ပြောဆိုပါတယ်။
ဦးနန္ဒကျော်စွာ
တိုးချဲ့ဖွဲ့စည်းခဲ့တဲ့ အဲဒီ ၁၅ ဦးပါ ကော်မတီကို ပြည်သူ့ လွှတ်တော်ဆိုင်ရာ ဥပဒေပုဒ်မ ၂၄၊ ပုဒ်မ ၂၇
နဲ့ ပြည်သူ့လွှတ်တော် အစည်းအဝေး ဆုံးဖြတ်ချက်တို့အရ ဖွဲ့စည်းခဲ့တာလို့ ဦးနန္ဒကျော်စွာက ပြောပါတယ်။
ကော်မတီရဲ့ အတွင်းရေးမှူးကတော့ ပုသိမ်မြို့နယ် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်  ပြည်သူ့လွှတ်တော်အမတ်  ဦးဝင်းမြင့် ဖြစ်ပါတယ်။
တရားဥပဒေစိုးမိုးရေးနှင့် တည်ငြိမ်းအေးချမ်းရေးကော်မတီရဲ့ တာဝန်တွေနဲ့ပတ်သက်ပြီး ဦးနန္ဒကျော်စွာက အခုလို ရင်းလင်းပြောကြားပါတယ်။
“(က) ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်များ၊ ပြည်သူ့အစိုးရ တရားရေးအဖွဲ့အစည်းများ၊ ပြည်သူ့ဝန်ထမ်းများ၊ သတင်းမီဒီယာနှင့် သက်ဆိုင်သူအားလုံးသည် တရားဥပဒေနဲ့အညီ နေထိုင်ပြုမူ လိုက်နာဆောင်ရွက်နိုင်ရေးအတွက် နှိုးဆော်ခြင်း၊ တိုက်တွန်းခြင်း၊ ထိန်းညှိကူညီခြင်းပြုရမည်။ အရေးယူဆောင်ရွက်ရန်ရှိပါက ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌက တဆင့် လွှတ်တော်သို့တင်ပြရမည်။ (ခ) တည်ငြိမ်အေးချမ်းမှုပျက်ပြားစေသော အကြောင်းကိစ္စများ ဖြစ်ပေါ်ရန်ပေါ်ပေါက်ပါက၊ ပေါ်ပေါက်သည်ဟု ယူဆပါက သက်ဆိုင်ဆက်စပ်သည့် အဖွဲ့အစည်းများကို ကူညီစောင့်ကြည့် ထိန်းညှိပေးရမည်။ (ဂ) တရားဥပဒေစိုးမိုးမှုနှင့် တည်ငြိမ်အေးချမ်းမှုမှ တဆင့် ငြိမ်းချမ်းရေးဖော်ဆောင်မှုအောင်မြင်လာရေးအတွက် လေ့လာသုံးသပ်ဆောင်ရွက်ရမည်။”
အဲဒီကော်မတီရဲ့ တွေ့ရှိချက်တွေမှာ အရေးယူစရာ တစုံတရာရှိလာပါက ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌမှတဆင့် လွှတ်တော်သို့ တင်ပြရမယ်လို့လည်း ဆိုပါတယ်။ ပြည်သူ့လွှတ်တော်မှာ ရေးရာကော်မတီ ၂၃ ခုနဲ့ ကော်မရှင် ၁ ခုကို ဖွဲ့စည်းထားရာက အခု ရေးရာကော်မတီအသစ်ကို ဖွဲ့စည်းတာလည်းဖြစ်ပါတယ်။

No comments:

Post a Comment