ပြည်တွင်းပြည်ပမှာရှိသော မြန်မာတိုင်းရင်းသား ညီအစ်ကိုမောင်နှမအားလုံး အေးချမ်းသာယာပြီးခေတ်မီဖွံ့ဖြိုးတိုးတက်သော စည်းကမ်းပြည့်ဝသည့် ဒီမိုကရေစီ နိုင်ငံတော်သစ်တည်ဆောက်ရာမှာ မိမိအခန်းကဏ္ဍအလိုက် တာဝန်ကျေစွား၊ စည်းလုံးညီညွတ်စွာ လက်တွဲဆောင်ရွက်ကြပါစို့

Tuesday, August 07, 2012

ဒါတွေကို ဘယ်သူပြုပြင်မလဲ



From : ပုံရိပ်စစ်
မရှက်တက်တဲ့  မျက်နှာတွေနဲ့  သန်းပေါင်းများစွာထဲက ကလေးငယ်တွေကို ၀တ်စားဆင်ရင်မူ့ သရုပ်ပြအမှားပြတဲ့  ရုပ်၇ှင်သရုပ်ဆောင်၊မော်ဒလ်မင်းသမီးတွေကို ဘယ်ဂျာနယ်တွေ က မဖြစ်သင့်ဘူးလို့  ရှုံ့ ချပေးဖူးသလဲ ဦးဇင်ဝိုင်းတို့  ကရော ဘယ်လိုတားမြစ်ထိန်းချူပ်ဖို့  စည်းကမ်းတွေချမှတ်ဖို့  အစီအစဉ်၇ှိသလဲ ထက်ထက်မိုးဦးကို ဘာလို့  အိမ်ထောင်ဆက်များရတာလဲမေးခွန်းမျိုးကို သတင်းထောက်ကမေးခွင့်ရှိသလဲ မေးသင့်သလား ဒီလိုမျိုးဖြစ်ပေါ်လာရင် အယ်ဒီတာချူပ်တို့  က သတင်းထောက်အမှားပါလို့  ဘယ်ချိန်တုန်းက ၀န်ခံဖူးသလဲ


ဗြိန်တိန် ၀န်ကြီးချူပ်က သမ္မတ နာမည်ကို ဦးသန်းရွှေနဲ့ မှားပြောတဲ့  သတင်းစာရှင်းလင်းပွဲကိုဖြစ်သင့်သလားဆိုတဲ့  ခေါင်းစဉ်နဲ့  ဘယ်ဂျာနယ်မှာဖော်ပြခဲ့ ဖူးသလဲခုလိုတီရှပ်တွေ ၀တ်ပြီးတော့  ဘယ်သူတွေကများ ကန့် ကွတ်ဖူးသလဲရိုဟင်ဂျာကို တိုင်းရင်းသားမဟုတ်ပါဘူးလို့  သမ္မတက ရိုးရိုးလေး ဗမာစကားနဲ့  ပြောတယ်ကမ္ဘာကို သိအောင် ဘယ်ဂျာနယ်တွေက စွမ်းဆောင်နိုင်သလဲတခြားနိုင်ငံက မီဒီယာနဲ့ ပြိုင်ပြီး ယှဉ်နိုင်အောင် ဘယ်မီဒီယာက စွမ်းဆောင်နိုင်ခဲ့ သလဲဆရာမတွေ ကျူရှင်ပြစားတာကို မီဒီယာတွေဖွတယ်လစာနဲ့  တန်အောင် တိုးမြှင့်ပေးသင့်တဲ့  အဆိုတခု ဖြစ်ပေါ်လာဖို့ ကျတော့  ဘယ်ဂျာနယ်တွေမှာ ဖော်ပြပေးဖူးခဲ့ သလဲလာဒ်စားတဲ့  ဆိုတဲ့ စကားလုံးနဲ့  ဗိုလ်ချူပ်တွေကို အပုတ်ချတယ်ခုခေတ်မင်းသားတောင် ကပ်တုံးကျော်တာက အစ လူစားထိုးနေရတဲ့ သူတွေကရှေ့ တန်းမှာ အစားအသောက်ပင်ပန်းစွာနဲ့ တိုင်းပြည်တာဝန်ထမ်းနေတဲ့ သူတွေကို ပြည်သူတွေသိအောင်ပြောဖို့ ကျတော့  ဘယ်မီဒီယာတွေက အားထုတ်ခဲ့ ဖူးသလဲကြားဖြတ်ရွှေးကောက်ပွဲ မှာ မန္တလေး ကြော်ငြာဆိုင်းပုဒ်ပေါ်ကနေထိတောင် သတင်းယူခဲ့ ဓါတ်ပုံ၇ိုက်ခဲ့ တဲ့ သူတွေကရခိုင် လူသတ်တဲ့ နေရာမှာ ဘယ်ရောက်နေခဲ့ သလဲ
တခါတလေ
(မဟုတ်ဘူး)
နဲ့ 
(မသိဘူး)ဆိုတဲ့  စကားက တခြားနေရာမှာသာ မသိသာတာပါရခိုင်အရေးမှာတော့ သိပ်သိသာတယ်
ဒါမှ ဘယ်သူခေါင်းဆောင်တယ် ဘယ်သူခေါင်းရှောင်တယ်သိအောင် ဘယ်ဂျာနယ်တွေ ဖော်ပြဖူးသလဲ
ဒေါ်အောင်ဆန်းစုကြည် ဆုယူပြန်အလာ ဆန့် ကျင်တဲ့ သူတစုက ကုလားမ အသုံးအနှန်းနဲ့  သုံးသွားတာ ဘယ်ဂျာနယ်မှာဖော်ပြခဲ့ ဖူးသလဲ
လွှတ်တော်မှာ ကြံဖွတ်အမတ်တွေ အိပ်နေတဲ့ ပုံကို အားပါးတရဖော်ပြခဲ့ ပြီးတော့ 
NLD အမတ်တွေ အိပ်တာကျတော့  ဘယ်သူတွေ ဘယ်ဂျာနယ်တွေဖော်ပြခဲ့ သလဲ
တချို့ သူတွေ ကိုဇောင်းပေးဖော်ပြတယ်
နိုင်ငံတော် ဒုသမ္မတ ရခိုင်သွားတဲ့ သတင်း သဲ့ သဲ့ လေးပဲပါတယ်
ဘယ်ဂျာနယ်က တလေးတစားဖော်ပြခဲ့ သလဲ
ဦးသိန်းစိန်ကို ဒီမိုလမ်းကြောင်းပေါ်ထွန်းဖို့ ဘယ်သူတွေ ဖိအားပေးခဲ့ သလဲ
ရဲရဲသာ ဖွင့် လိုက် ပါ
အဲလို့ ဖွင့် လိုက်တာနဲ့  သန့် ရှင်းတဲ့ လေနဲ့  အတူ ပိုးမွှားလေးတွေတော့ ပါကောင်းပါရဲ့ လို့ ဖိအားပေးခဲ့ ဖူးတယ်
ခုဆန်ရှင်အရေးမှာ ဖွင့် လိုက်ရင် စီးပွားရေးလုပ်ငန်းရှင်တွေပဲချမ်းသာလိမ့် မယ် အတွေးနဲ့ 
ဝမ်းသာနေတဲ့  ၊လမ်းကြောင်းပေးနေတဲ့  ဂျာနယ်တွေ တသီကြီး
လမ်းဘေးမှာ အထည်ချုပ်စက်ရုံမှာ အလုပ်မရတော့ လို့  တနေ့  ၃၀၀၀ နဲ့  ဘိလပ်မြေသယ်နေရတဲ့  အလုပ်သမတွေ အများကြီး
ဒါဆန်ရှင်ကြီးက မဖြစ်သင့်ပါဘူးလို့  မြန်မာနိင်ငံကို လာတဲ့ သူမှန်သမျှကို သိအောင် ဘယ်ဂျာနယ်တွေက ဖော်ပြဖူးသလဲ တောင်းဆိုဖူးသလဲ
မြန်မာနိုင်ငံကို ထူးထူးဆန်းဆန်း ဂြိုလ်သားတွေ လာတာကျနေသလိုမျိုး ဓါတ်ပုံလေးရိုက်ရ
ဂျာနယ်မှာဖော်ပြလိုက်တာနဲ့  ကျေနပ်နေတဲ့  မီဒီယာတွေ အများကြီးပဲ
မောင်ရွှေသွေး ဘောလုံးပွဲ ဆုချီးမြှင့် တဲ့ သတင်းကျတော့  ရအောင်ဖော်ပြနိုင်တဲ့ သတင်းထောက်တွေ
ဘယ်အချိန်မှာ ဘယ်သူကို စပွန်ဇာ ဦးတေဇပေးခဲ့ တာကို ဖော်ပြနိုင်တဲ့  သတင်းထောက်တွေ
ဆင်ဆာမလိုဘူးဆိုရင်
ခုခေတ်သရုပ်ဆောင်မော်ဒလ်တွေကို ဘယ်လို ဆင်ဆာမျိုးနဲ့  ထိန်းချူပ်မလဲ
ပြန်ကြားရေး သတင်းဌာနမလိုရင်
X2Oလိုမျိုး နောက်တကြိမ် အကြီးစား အကြမ်းဖက်မူ့ ဖြစ်ခဲ့ ရင်
ဘယ်တာဝန်ရှိဌာနက ပြည်သူတွေ သိအောင်ဖော်ပြမလဲ
ယဉ်ကျေးမူ့ ဌာန က ဖော်ပြပေးရမှာလား
နေရာရယ်
အချိန်ရယ်
သတင်းရယ်
အတင်းရယ်
အဖျင်းရယ်
ပေါတဲ့  ဒီမြန်မာနိုင်ငံက မီဒီယာတွေကို......................
ကဲ ဒါတွေ ကို ဘယ်သူကစပြီး ဘယ်ဥပဒေနဲ့  ပြုပြင်မှာလဲဗျာ

No comments:

Post a Comment