
ဆိုင်ကယ်နဲ့
ပွတ်တိုက်ခံရတဲ့ မလှိုင်းသဇင်ရဲ့ ခန္ဓာကိုယ်တစ်ခြမ်းမှာ မျက်နှာကစလို့
ခြေထောက်အထိ ပွန်းပဲ့စုတ်ပြဲဒဏ်ရာတွေရရှိခဲ့ပြီး၊ ကျောင်းကနေ
ခွင့်သုံးရက်ယူခဲ့ရပါတယ်။ ကလေးမလေးရဲ့ ထိခိုက်ဒဏ်ရာတွေကိုတော့
ကျောင်းအုပ်ဆရာကြီးနဲ့ ဆရာဆရာမ များက ၀ိုင်းဝန်းကူညီပြီး ကုသပေးထားကြပါတယ်။
ဒီဖြစ်ရပ်ကိုကြည့်ပြီး
ကျွန်တော့်အနေနဲ့ သိပ်မကြာသေးခင်က အင်တာနက်ပေါ်မှာ လူသိများခဲ့တဲ့
တရုတ်နိုင်ငံက ကလေးတစ်ယောက်ရဲ့ ယာဉ်တိုက်မှုဖြစ်ရပ်ကို
ပြန်ပြောင်းသတိရမိပါတယ်။ ကလေးငယ်တစ်ယောက်လုံးကို လူအသွားအလာများတဲ့
လမ်းမလယ်ကောင်မှာ ကားတစ်စီးက ၀င်တိုက်မိခဲ့ပေမယ့် ရပ်တန့်ခြင်းမရှိဘဲ
မောင်းနှင်ထွက်ပြေးသွားခဲ့သလို၊ လမ်းပေါ်မှာ သွားလာနေကြတဲ့သူများကလည်း
ကိုယ်နဲ့မဆိုင်သလို အသွားအလာမပျက်၊ ကလေးငယ်ကို
ကူညီဖေးမမယ့်သူမရှိတဲ့ဖြစ်ရပ်ဟာ အင်တာနက်ပေါ်မှာ ပျံ့နှံ့ခဲ့ပြီး
တစ်ကမ္ဘာလုံးက အံ့သြကဲ့ရဲ့ရှုတ်ချစရာ ဖြစ်ခဲ့ရပါတယ်။
အခု … မလှိုင်းသဇင်လေးရဲ့ ဖြစ်ရပ်ကိုကြည့်မယ်ဆိုရင်လည်း … … …
မနက်ပိုင်းကျောင်းတက်ချိန်
ကျောင်းရှေ့လမ်းမှာ အရှိန်မလျှော့ပဲ မောင်းနှင်ခဲ့တဲ့၊
ယာဉ်တိုက်မှုဖြစ်ပြီးချိန်မှာလဲ ကိုယ့်တာဝန်ကိုယ်မယူရဲဘဲ
ကိုယ်လွတ်ရုန်းထွက်ပြေးသွားခဲ့တဲ့ တာဝန်မဲ့ဆိုင်ကယ်သမား၊ (
ပိုပြီးအံ့သြမိတာက အများအားဖြင့် ယောကျာ်းများထက်
သနားကြင်နာစိတ်ပိုရှိတတ်တဲ့ အမျိုးသမီးဖြစ်နေတာ )၊ အတိုက်ခံရသူက
အရွယ်မရောက်သေးတဲ့ ကလေးငယ်၊ ဥပဒေမဲ့လုပ်ရပ်တွေကို ဥပဒေနဲ့ အညီဖြစ်စေဖို့
တာဝန်ယူကြရမယ့် ကူညီပါရစေ ဆိုတဲ့သူများ (ယခုထက်ထိ မကူညီနိုင်သေး)
ဒီလိုအခြေအနေမျိုးတွေနဲ့သာ
ရှေ့ဆက်သွားမယ်ဆိုရင် တစ်နေ့နေ့ တစ်ချိန်ချိန်မှာ
တရုတ်နိုင်ငံကအဖြစ်အပျက်မျိုးတွေ၊ လူသားမဆန်တဲ့ တာဝန်မဲ့လုပ်ရပ်တွေ
ကျွန်တော်တို့နိုင်ငံမှာ ကျိန်းသေဖြစ်လာမှာ မလွဲမသွေပါ။
လူတစ်ဦးချင်းစီရဲ့ အခွင့်အရေး၊ လူ့အခွင့်အရေးကို အလေးထားတဲ့
ဒီမိုကရေစီနိုင်ငံတစ်ခုဖြစ်ပေါ်လာဖို့ နိုင်ငံတော်သမ္မတကြီးနဲ့
အစိုးရတာဝန်ရှိသူများ၊ လွှတ်တော်များနဲ့ ဒီမိုကရေစီအင်အားစုများ စသည်ဖြင့်
အားလုံးက ၀ိုင်းဝန်းကြိုးပမ်းနေကြတဲ့အချိန်မှာ အောက်ခြေက တာဝန်သိတဲ့
တာဝန်ရှိတဲ့ သူများအနေနဲ့လည်း ဒီလိုဥပဒေမဲ့ဖြစ်ရပ်မျိုးတွေကို
ထိထိရောက်ရောက် အရေးယူဆောင်ရွက်ကြဖို့ အင်မတန်မှကို လိုအပ်လှပါတယ်။
အစိုးရတာဝန်ရှိသူများအားလုံး (အထက် နဲ့ အောက်) ၊ လွှတ်တော်များ၊
ဒီမိုကရေစီအင်အားစုများ နဲ့ ကျွန်တော်အပါအ၀င် ပြည်သူပြည်သားများအားလုံး
လက်တွဲညီညီဝိုင်းဝန်းကြိုးစားကြမှသာ ကျွန်တော်တို့ နိုင်ငံဟာ ကမ္ဘာ့အလယ်မှာ
ဂုဏ်သိက္ခာရှိတဲ့၊ လူအခွင့်အရေးပြည့်ဝတဲ့ ဒီမိုကရေစီနိုင်ငံသစ်တစ်ခု အနေနဲ့
ပေါ်ထွန်းလာနိုင်မှာဖြစ်တာကြောင့် အခုလို တာဝန်မဲ့လုပ်ရပ်တွေကို အားလုံးက
အသိတရားရှိရှိ ၀ိုင်းဝန်းတားဆီးကာကွယ်ကြဖို့
တိုက်တွန်းနှိုးဆော်လိုက်ရပါတယ်ဗျာ … … … ။
မင်းခေါင်(ဖျာပုံ)
From - HotNewsJournal
No comments:
Post a Comment