ပြည်တွင်းပြည်ပမှာရှိသော မြန်မာတိုင်းရင်းသား ညီအစ်ကိုမောင်နှမအားလုံး အေးချမ်းသာယာပြီးခေတ်မီဖွံ့ဖြိုးတိုးတက်သော စည်းကမ်းပြည့်ဝသည့် ဒီမိုကရေစီ နိုင်ငံတော်သစ်တည်ဆောက်ရာမှာ မိမိအခန်းကဏ္ဍအလိုက် တာဝန်ကျေစွား၊ စည်းလုံးညီညွတ်စွာ လက်တွဲဆောင်ရွက်ကြပါစို့

Monday, August 13, 2012

တိုင်းပြည် ဖွံ့ ဖြိုးတိုးတက်အောင် ဖော်ဆောင်မည်ဟု Golden Generations မှ ပြောကြား







လူထုကြားကနေပြီးတော့ တိုင်းပြည် ဖွံ့ ဖြိုးတိုးတက် ရေးကို ဖော်ဆောင်မည် ဟု Golden Generations မှ တာဝန်ရှိသူတစ်ဦးက Afijournal ၏မေးမြန်း ချက်ကို ယခုလိုပြောကြားခဲ့ပါသည်။
” ကျွန်တော် တို့ က အစိုးရဆီက တောင်းဆိုမှုတွေ မလုပ်ဘူး၊ ကျွန်တော် တို့ တတ်နိုင်သမျှ ပြည်သူတွေနဲ့ အတူပူးပေါင်းပြီးလုပ်ကိုင်သွားမယ်၊ နိုင်ငံ ရေးနဲ့ လူမှုရေးဆိုတာကလည်း ကျောချင်းကပ်နေတဲ့ ဒင်္ဂါးပြားတစ်ခုလိုပါပဲ ဟု ၄င်းကပြောသည်။
Golden Generations GG ( Socail Network ) သည် ၂၀၁၂ ဖေဖေါ်ဝါရီ ၆ ရက်နေ့ တွင် စတင်ဖွဲ့ စည်းခဲ့တာဖြစ်ပါတယ်။လက်ရှိအချိန်မှာ ဘွဲ့ ရပြီး လုပ်ငန်းအတွေ့ အကြုံ နည်းပါးသူများအား
အလုပ်အကိုင် အခွင့်အလမ်းဆိုင် ရာသင်တန်းများအခမဲ့တက်ရောက်နိုင်ရန် ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
Golden Generations GG ( Socail Network )မှ English, Japan ဘာသာ စကားပြော သင်တန်းများ၊ NGO အကြောင်း သိကောင်းစရာသင်တန်း၊
ခေါင်းဆောင်မှုနှင့်စီမံခန့် ခွဲမှုဘာသာရပ်၊ ဂစ်တာနှင့် ပန်းချီရေးဆွဲနည်း သင်တန်းများ၊ တက္ကသိုလ်ဝင်တန်း သင်တန်းများကို အခမဲ့သင်ကြားပေးသွား မည်ဖြစ်သည်ဟုသိရသည်။
အသေးစိတ်သိရှိလိုပါက အမှတ် ( ၁၆၁ )၊ ငှက်တော်လမ်း၊ ၁၄/၂ ရပ်ကွက်၊ တောင်ဥက္ကလာပမြို့ နယ်ဖြစ်ပါတယ်။ Ph no. ၀၉၄၂၀၁၁၄၀၅၂၊ ၀၉၄၃၁၇၃၉၃၄၊ ၀၁၅၂၄၁၃၇၁ ကို ဆက်သွယ်မေးမြန်းနိုင်ကြောင်းသိရသည်။

No comments:

Post a Comment