အမျိုးသား လွှတ်တော်တွင် အတည်ပြုထားပြီးဖြစ်သော လာဘ်ပေး လာဘ်ယူမှု ပပျောက်ရေး ဥပဒေကြမ်းအပါအ၀င် ဥပဒေကြမ်း သုံးခုကို ပြည်သူ့လွှတ်တော် ဥပဒေကြမ်းကော်မတီက အစီရင်ခံစာ တင်သွင်းနိုင်ရန်နှင့် ကိုယ်စားလှယ်များ လေ့လာ နိုင်ရန် ပြည်သူ့
လွှတ်တော်သို့ ပေးပို့ ဖြန့်ဝေ ထားကြောင်း ပြည်သူ့ လွှတ်တော်၏
တရားဝင် ထုတ်ပြန်ချက်အရ သိရှိရသည်။ အမျိုးသားလွှတ်တော်တွင် စတင်တင်သွင်း၍ အတည်ပြုပြီးသော `နိုင်ငံတော် ကောက်ပဲသီးနှံ ရောင်းဝယ်ရေးအဖွဲ့ အက်ဥပဒေကို ရုပ်သိမ်းသည့် ဥပဒေကြမ်းကို သြဂုတ်လ ၇ ရက်နေ့တွင်လည်းကောင်း၊ `ပြည်သူ့အကျိုးပြု ဝန်ဆောင်မှုလုပ်ငန်းများ ကာကွယ်ရေးအက်ဥပဒေကို ရုပ်သိမ်းသည့် ဥပဒေကြမ်းကို သြဂုတ်လ ၈ ရက်နေ့တွင် လည်းကောင်း၊ `လာဘ်ပေး လာဘ်ယူမှု ပပျောက်ရေး ဥပဒေကြမ်းကို သြဂုတ်လ ၃ ရက်
နေ့တွင် လည်းကောင်း အမျိုးသားလွှတ်တော်က ပြည်သူ့လွှတ်တော်ထံ
ပေးပို့ထားခြင်း ဖြစ်သည်။

No comments:
Post a Comment