ပြည်တွင်းပြည်ပမှာရှိသော မြန်မာတိုင်းရင်းသား ညီအစ်ကိုမောင်နှမအားလုံး အေးချမ်းသာယာပြီးခေတ်မီဖွံ့ဖြိုးတိုးတက်သော စည်းကမ်းပြည့်ဝသည့် ဒီမိုကရေစီ နိုင်ငံတော်သစ်တည်ဆောက်ရာမှာ မိမိအခန်းကဏ္ဍအလိုက် တာဝန်ကျေစွား၊ စည်းလုံးညီညွတ်စွာ လက်တွဲဆောင်ရွက်ကြပါစို့

Sunday, September 09, 2012

ABSDF မြောက်ပိုင်း သတ်ဖြတ်မှုများအား လူထုဆန္ဒမဲကောက်ခံ၍ တရားစွဲရန် စီစဉ်

ဓာတ်ပုံ- ညီညီဇော်

မန္တလေး စက်တင်ဘာ(၉)ရက်

၁၉၉၂ ခုနှစ် နှောင်းပိုင်းက မြောက်ပိုင်း ပါဂျောင် ဒေသတွင် ဖြစ်ပေါ်ခဲ့သော ရာဇ၀တ်မှု များအား အဖွဲ့လိုက် စုပေါင်း ဖော်ထုတ် တရားစွဲဆိုရန်အတွက် ရဟန်း၊ ရှင်လူ ပြည်သူ တို့၏ ထောက်ခံဆန္ဒမဲ လက်မှတ်များ တောင်းခံသွားမည် ဖြစ်ကြောင်း သတင်းရရှိသည်။

စက်တင်ဘာ (  ၉) ရက်နေ့ မွန်းလွဲ ၁ နာရီက မန္တလေးမြို့ ဒက္ခိဏရာမဘုရားကြီးတိုက် တွင် မြောက်ပိုင်း အမှုမှန် ဖော်ထုတ်ရေး အဖွဲ့က ပြုလုပ်သည့် ပါဂျောင်ရှင်းတမ်း အခမ်းအနားတွင် ပါဂျောင် ဒေသမှ လွတ်
မြောက်လာခဲ့သည့် ကျောင်းသား ရဲဘော်ဟောင်းများ က ဖြစ်ပွားခဲ့သည်များကို ရှင်းလင်းပြောကြားကြသည်။

ယခု အမှုကို တစ်ဦးချင်း သွားလျှင် ရှည်လျားနေမ ည်စိုးသောကြောင့် အဖွဲ့လိုက် စုပေါင်း တရားစွဲဆိုရန် စီစဉ်ထားပြီး တရားခံ စာရင်းပြုစုထားပြီးဖြစ်ကာ နိုင်ငံတော် သမ္မတ၊ လွှတ်တော် နှင့် တရားရေး အဖွဲ့ထံ တင်သွင်းသွားမည် ဟု ကိုယ်တိုင်ကြုံခဲ့သူ ဦးဆမားညီညီ ကပြောသည်။

ထိုသို့ တင်သွင်းရာတွင် မန္တလေးဝန်းကျင် ပြည်သူများ ထံမှ လူထု ထောက်ခံဆန္ဒမဲ လက်မှတ် တစ်သောင်း ခန့်ကောက်ခံ သွားပြီး ပူးတွဲတင်ပြသွားမည်ဟု ဆိုသည်။ ယခုအမှု ကို စစ်ဆေးရန် စုံစမ်းစစ်ဆေးရေး အဖွဲ့ ဖွဲ့ပေးရန်၊ ယင်းအဖွဲ့ မှ စုံစမ်းစစ်ဆေး ထားသည့်ရလဒ်များ အပေါ် အခြေခံပြီး တရားစီရင်ပေးရန် တောင်းဆို သွားမည်ဖြစ်ကြောင်း ဦးဆမားညီညီကပြောသည်။

“နိုင်ငံတော်က သူတို့ကို လွတ်ငြိမ်းချမ်းသာခွင့်ပေးမယ်ဆိုလည်း ကျွန်တော်တို့ စိတ်မ၀င်စားပါဘူး။ ခွင့်လွှတ် ဖို့ကတော့ ဘယ်တော့မှတောင်းဆိုလို့မရပါဘူး”ဟု ၄င်းကပြောသည်။

အနာဂတ်မြန်မာနိုင်ငံတော် တည်ဆောက်ရာတွင် ယင်းရာဇ၀တ်မှုများ ကျူးလွန်ခဲ့သူများ ပါဝင်မည်ကို မလို လားကြောင်း မြောက်ပိုင်းပြန်ရဲဘော်ဟောင်းများက ပြောသည်။

  from - 7Day News Journal

No comments:

Post a Comment