ပြည်တွင်းပြည်ပမှာရှိသော မြန်မာတိုင်းရင်းသား ညီအစ်ကိုမောင်နှမအားလုံး အေးချမ်းသာယာပြီးခေတ်မီဖွံ့ဖြိုးတိုးတက်သော စည်းကမ်းပြည့်ဝသည့် ဒီမိုကရေစီ နိုင်ငံတော်သစ်တည်ဆောက်ရာမှာ မိမိအခန်းကဏ္ဍအလိုက် တာဝန်ကျေစွား၊ စည်းလုံးညီညွတ်စွာ လက်တွဲဆောင်ရွက်ကြပါစို့

Sunday, September 09, 2012

ဝရမ်းပြေးဖိုးအေးနှင့်အဖွဲ့ ခေါင်းထောင်လျှက်ရှိ

ပြီးခဲ့တဲ့ သြဂုတ်လအတွင်းက  လှိုင်သာယာမြို့နယ်တွင် ကုန်းလမ်းပို့ဆောင်ရေး မော်တော်ယာဉ်ဖြင့် တရားမ၀င် ကျွန်းခွဲသားများ ၃ တန်ကျော်တင်ဆောင်လာစဉ် တာဝန်ကျ ရဲတပ်ဖွဲဝင်များက ဖမ်းဆီးရာ ကားပေါ်ပါသူ သစ်ပိုင်ရှင်ဖိုးအေး၏တပည့် ကုလားပုနှင့် ပိစိတို့မှာ ထွက်ပြေးလွတ်မြောက်သွား ကြောင်းသိရပါတယ်။

အဆိုပါ ကားရှေ့တွင် ဆလွန်းကားဖြင့်လမ်းကြောင်းသူ သစ်ပိုင်ရှင်ဖိုးအေးမှာလည်း လွတ်မြောက်လျှက်ရှိကာ တိုက်ကြီးမြို့၊ ဗောဓိကုန်းရပ်ကွက်နှင့် ရှမ်းစုရပ်ကွက်တွင် သွားလာနေထိုင်လျှက်ရှိကြောင်း မျက်မြင်တွေ့ ရှိသူများက Myanmar News Now ကို ပြောပါတယ်။

ဝရမ်းပြေး ဖိုးအေးနဲ့ အဖွဲ့ ရပ်ကွက်တွင်မှာ သူတို့ ရောက်ရှိနေကြောင်း သတင်းပို့ ပါက ရပ်ကွက်ကို မီးရှို့ ပစ်မည့်ဟု ခြိမ်းခြောက်ထားတဲ့ အတွက် ရပ်ကွက်အုပ်ချုပ်ရေးမှူး၊ ရာအိမ်မှူး၊ ဆယ်အိမ်မှူးများမှလည်း ၄င်းတို့ ၃ ဦးအား ကြောက်ရွံ့လျှက် မည်သူ့ထံမှ သတင်းမပို့ရဲဘဲ ဖြစ်နေတယ်လို့ ရပ်ကွက်နေ ပြည်သူတဦးက ပြောပါတယ်။

ဝရမ်းပြေးဖိုးအေးနှင့်အဖွဲ့  ခြိမ်းခြောက်မှုကို ခံနေရတာဟာ လှိုင်သာယာရဲစခန်းနှင့် တိုက်ကြီးရဲစခန်းတို့ ပူးပေါင်းဆောင်ရွက်ခြင်း မရှိတဲ့ အတွက်ဖြစ်ကြောင်း စုံစမ်းသိရှိရ ပါတယ်။
  
ရပ်ကွက်အတွင်းမှာ သွားလာနေတဲ့ ၀မ်းရမ်းပြေး အဖွဲ့ ဝင်တဦးကို တွေ့ ရစဉ်

from-thithtoolwin

No comments:

Post a Comment