ပြည်တွင်းပြည်ပမှာရှိသော မြန်မာတိုင်းရင်းသား ညီအစ်ကိုမောင်နှမအားလုံး အေးချမ်းသာယာပြီးခေတ်မီဖွံ့ဖြိုးတိုးတက်သော စည်းကမ်းပြည့်ဝသည့် ဒီမိုကရေစီ နိုင်ငံတော်သစ်တည်ဆောက်ရာမှာ မိမိအခန်းကဏ္ဍအလိုက် တာဝန်ကျေစွား၊ စည်းလုံးညီညွတ်စွာ လက်တွဲဆောင်ရွက်ကြပါစို့

Sunday, September 09, 2012

“ မြန်မာနိုင်ငံတွင်ပထမဦးဆုံး ထူးခြားသည့်အလှူအဖြစ်ပခုက္ကူမြို့တွင် သံဃာတော်များနှင့် သီလရှင်များအား ဘီပိုးကာကွယ်ဆေးထိုးလှူဒါန်းမည်”


မြန်မာနိုင်ငံတွင်ပထမဦးဆုံး ထူးခြားသည့် အလှူအဖြစ် သတ်မှတ်နိုင်မည့်မကွေးတိုင်းဒေသကြီး၊ ပခုက္ကူမြို့ပေါ် ရှိ ရဟန်းသံဃာတော် အပါး(၂၄၀၀)ကျော်နှင့် သီလရှ င် အပါး(၃၀၀)ကျော် တို့အား အသည်းရောင် အသားဝါ ရောဂါ ( B ) ပိုး ကာကွယ်ဆေး ထိုးပေးမည့် လှူဒါန်းမှု ကို ပြုလုပ်မည်ဖြစ်ကြောင်းသိ
ရသ ည်။


ထိုင်ဝမ်နိုင်ငံ၊ ထိုင်ဝမ်ဘုန်းတော်ကြီး Ven-Hai-Tao အမှူး ရှိသော ဒကာ ဒကာမ များဧ။် ကောင်းမှု ဖြင့် လှူဒါန်းမည့်အဆိုပါ အစီအစဉ်အား ပခုက္ကူမြို့ ရှိ ဆရာတော်ကြီးများ၊ တာဝန်ရှိပုဂ္ဂိုလ်များ၊
မြို့မိမြို့ဖ များ ၊ အရပ်ဖက်အဖွဲ့အစည်းများ စုပေါင်း၍လိုအပ်သည်များ ကူညီဆောင်ရွက်ရန် လုပ်ငန်းညှိနိုင်း အစည်းအဝေးကို ပခုက္ကူမြို့၊ မဟာဝိဇယရာမပါဠိတက္ကသိုလ်(အရှေ့တိုက်) အာသောကာရုံ ကျောင်းတော်၌ ယနေ့ ၊ နေလည့်(၂း၀၀)နာရီတွင် ကျင်းပ ခဲ့သည်။ အဆိုပါလှူဒါန်းမှုအတွက် ခန့်မှန်းကုန်ကျစရိတ်အဖြစ် ကျပ်သိန်းပေါင်း၁၂၀၀ ခန့် ရည်မှန်းထားသည်ဟုဦးဆောင်ဆရာတော်တစ်ပါးကမိန့်ကြောင်း ပခုက္ကူ လူငယ့် အားမာန် အဖွဲ့ ဥက္ကဌ ဖြစ်သူ ဦးငြိမ်းချမ်းစိုး ၏သတင်းပေးပို့မှုအရသိရသည်။
From -ပေါ်ပြူလာ

No comments:

Post a Comment