ပြည်တွင်းပြည်ပမှာရှိသော မြန်မာတိုင်းရင်းသား ညီအစ်ကိုမောင်နှမအားလုံး အေးချမ်းသာယာပြီးခေတ်မီဖွံ့ဖြိုးတိုးတက်သော စည်းကမ်းပြည့်ဝသည့် ဒီမိုကရေစီ နိုင်ငံတော်သစ်တည်ဆောက်ရာမှာ မိမိအခန်းကဏ္ဍအလိုက် တာဝန်ကျေစွား၊ စည်းလုံးညီညွတ်စွာ လက်တွဲဆောင်ရွက်ကြပါစို့

Wednesday, September 12, 2012

ကာဂျစ် စတန်တွင် ရုရှား အခြေစိုက် စခန်းများ ဆက်လက်ထားရှိမည်



                                                        (ဘစ်ရှ်ကခ် စက်တင်ဘာ ၁၁)
ကာဂျစ် စတန် နိုင်ငံတွင် ရုရှားစစ် အခြေစိုက် စခန်းများ ဆက်လက်ထား ရှိရေးအတွက်  ကာဂျစ် လွှတ်တော်က သဘောတူ ခဲ့ကြောင်း သိရသည်။ ကာဂျစ် စတန် နိုင်ငံတွင် ရုရှား အခြေစိုက် စခန်းများ နောက်ထပ် ၁၅ နှစ်ကြာ ဆက်လက် ထားရှိရန် အတွက် အစိုးရ နှစ်ခုအကြား သြဂုတ်လ အတွင်းက လတ်မှတ် ရေးထိုးခဲ့ ကြကြောင်း  သိရသည်။
လက်ရှိ အချိန်တွင် နှစ်နိုင်ငံ အစိုးရ သဘော တူညီချက် (၅)ချက်ဖြင့်သာ အခြေစိုက် စခန်းများကို လည်ပတ် ဆောင်ရွက် လျက်ရှိ သည်။ ရုရှားနိုင်ငံ အနေဖြင့် စစ်စခန်းများ လည်ပတ်မှု အဆင်ပြေ စေရန် အတွက် ယခင် သဘော တူညီချက် များကို ပေါင်းစည်းပြီး သဘော တူညီမှု တစ်ခုတည်း ထားရန် အတွက် သာ တောင်းဆို ခဲ့သည်။ အဆိုပါ သဘော တူညီချက် အသစ်သည် ၂ဝ၁၇ ခုနှစ်တွင် စတင် အကျုံးဝင် နိုင် ဖွယ်ရှိကြောင်း သိရ သည်။
ရုရှား လေတပ် အခြေစိုက် စခန်းသည် ကာဂျစ် စတန်မြို့တော် ဘစ်ရှ် ကခ်မှ  ကီလိုမီတာ ၂ဝ အကွာ အဝေးရှိ ကန့်မြို့တွင် တည်ရှိပြီး ရေတပ်ဆက် သွယ်ရေး ဗဟိုဌာန၊ ရေတပ် စမ်းသပ်ရေး စခန်းနှင့် တစ်ကမ္ဘာ လုံး မြေငလျင် များဖြစ် ပေါ်မှု၊ နျူကလီးယား လက်နက် စမ်းသပ်မှုနှင့် အသုံး ပြုမှု ကို စောင့် ကြည့် လေ့လာ မည့် ရေဒီယို မြေငလျင် တိုင်းတာရေး စခန်းစသည့် အခြေစိုက် စခန်းများလည်း တည်ရှိ ကြောင်း သိရ သည်။
ရုရှား နိုင်ငံသည် အဆိုပါ စစ်အခြေ စိုက်စခန်းများ အတွက် တစ်နှစ်လျှင် အမေရိကန် ဒေါ်လာ ၄ ဒသမ ၅ သန်း  ကာဂျစ် စတန် အစိုးရသို့ ပေးဆောင်ရ ကြောင်း သိရသည်။    
 
from - မြ၀တီ

No comments:

Post a Comment