ပြည်တွင်းပြည်ပမှာရှိသော မြန်မာတိုင်းရင်းသား ညီအစ်ကိုမောင်နှမအားလုံး အေးချမ်းသာယာပြီးခေတ်မီဖွံ့ဖြိုးတိုးတက်သော စည်းကမ်းပြည့်ဝသည့် ဒီမိုကရေစီ နိုင်ငံတော်သစ်တည်ဆောက်ရာမှာ မိမိအခန်းကဏ္ဍအလိုက် တာဝန်ကျေစွား၊ စည်းလုံးညီညွတ်စွာ လက်တွဲဆောင်ရွက်ကြပါစို့

Wednesday, September 12, 2012

မန္တလေး အပြည်ပြည်ဆိုင်ရာ လေဆိပ်ကြီးအား လေကြောင်း ကုန်စည် စီးဆင်းရာ အဓိက လေဆိပ်နှင့် လေကြောင်း ထောက်ပံ့ ပို့ဆောင်ရေး ဆိုင်ရာ ဆုံရပ် ဖြစ်စေရေး ဆောင်ရွက်မည်

 (နေပြည်တော် စက်တင်ဘာ ၁၁)
 
မန္တလေး အပြည်ပြည် ဆိုင်ရာ လေဆိပ်ကြီးအား ဒေသတွင်း နိုင်ငံများ အကြား လေကြောင်း ကုန်စည် စီးဆင်းရာ အဓိကလေဆိပ်ကြီး အဖြစ် အကောင် အထည်ဖော် ဆောင်ရွက် သွား ရန် နှင့် လေကြောင်း နှင့် ထောက်ပံ့ ပို့ဆောင်ရေး ဆိုင်ရာ ဆုံရပ် (Aviation & Logistics Hub) တစ်ခု အဖြစ်သို့ ရောက်ရှိ စေရေး အတွက် ပုဂ္ဂလိက အခန်း ကဏ္ဍကို ပါဝင် ဆောင်ရွက် ခွင့်ပြု သွားမည် ဖြစ်ကြောင်း ယနေ့ကျင်းပ ပြုလုပ် ခဲ့သည့် နေပြည်တော် ပို့ဆောင်ရေး ဝန်ကြီးဌာန လေကြောင်း ပို့ဆောင်ရေး ညွှန်ကြားမှု ဦးစီးဌာန၏ လေကြောင်း ပို့ဆောင်ရေး ကဏ္ဍ ဖွံ့ဖြိုး တိုးတက်ရေးနှင့် ရင်းနှီးမြှုပ်နှံမှု အခွင့် အလမ်းများ ဆိုင်ရာ အမျိုးသား အဆင့် အလုပ်ရုံ ဆွေးနွေးပွဲမှ   သတင်းရရှိ သည်။

ပထဝီ အနေအထား အရ အချက်အ ချာကျပြီး လေကြောင်း ကုန်စည် စီးဆင်း ရာ အဓိက လေဆိပ်နှင့် လေကြောင်း ထောက်ပံ့ ပို့ဆောင်ရေး ဆိုင်ရာ ဆုံရပ်အ ဖြစ် ဆောင်ရွက်ရန် အပိုင်း(၆) ပိုင်းခွဲ၍ ဆောင်ရွက် သွားမည်ဖြစ်ပြီး ပုဂ္ဂလိက ကဏ္ဍ ပါဝင်နိုင် စေရေး အတွက် စီစဉ် ဆောင်ရွက် ထားကြောင်း သိရသည်။ 

အကြိုအရည် အချင်း စစ်ဆေးခြင်း အတွက် ပုဂ္ဂလိကသို့ တင်ဒါ ခေါ်ယူခြင်း ဖြစ်ပြီး တစ်လအတွင်း  တင်သွင်း ရမည် ဖြစ်သည်။

''ပုဂ္ဂလိက ကဏ္ဍပါဝင်ဖို့ အတွက် မန္တလေး လေဆိပ်ကို Local ဦးစားပေး မယ်။ နိုင်ငံခြားနဲ့ လည်း Joint လုပ်နိုင် တယ်။ ဒီလုပ်ငန်းတွေက ငွေကြေးရင်း နှီးမြှုပ်နှံမှု၊ နည်းပညာ၊ စီမံခန့်ခွဲမှု တွေ လိုအပ်တယ်။  မြန်မာ့ ရင်းနှီး မြှုပ်နှံမှု ဥပဒေ အရ ပူးပေါင်း ဆောင်ရွက် ရမှာဖြစ် ပါတယ်။ စိစစ်ရေး အဖွဲ့ ၃ ဖွဲ့နဲ့ စိစစ် ရွေးချယ် သွားမှာ ဖြစ်ပြီး မြန်မာ့ရင်းနှီး မြှုပ်နှံမှု ကော်မရှင်၏ သတ်မှတ် ချက်နဲ့ ညီညွတ်တာကို ခေါ်ယူမှာ ဖြစ်ပါတယ်။

တင်ဒါ အောင်တဲ့ အဖွဲ့က ၂ဝ၁၃ ခုနှစ် ဧပြီ ၁ ရက်မှာ လုပ်ငန်းတွေ စတင်ဆောင် ရွက်ရမယ်။ ပြည်တွင်းကို  ဦးစားပေးပေ မယ့် မဖြစ်မနေ ပြည်ပနဲ့ လည်းပူးပေါင်း ဖို့လိုပါတယ်။ ဒါမှ market ခေါ်နိုင်မှာ ပါ'' ဟု လေကြောင်း ပို့ဆောင်ရေး ညွှန် ကြားမှု ဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ် ဦးတင်နိုင်ထွန်း က ဆွေးနွေးပွဲ တွင်စာ တမ်းတင်သွင်း သွားခဲ့သည်။

မန္တလေး အပြည်ပြည် ဆိုင်ရာ လေဆိပ် တွင် တရုတ်၊ ဂျပန်၊ ကိုရီးယား စသည့် အာရှ ဒေသတွင်း နိုင်ငံများသို့ ကုန်စည် ကူးသန်း ပို့ဆောင်ရာတွင် အဓိကအချက် အချာဆုံရပ် တစ်ခုဖြစ်ပြီး ဧရိယာ အကျယ် အဝန်း အားဖြင့် ၂၇၅၄၄ ဒသမ ၇၄ ဧက ရှိကာ ကမ္ဘာ ပေါ်တွင် ဒုတိယ အကြီးဆုံး စာရင်းဝင် လည်းဖြစ်နေသည်။ လေယာဉ်ပြေး လမ်းမှာ လည်း ပေ ၁၄ဝဝဝ ရှည်ကာ ကမ္ဘာ့ အရှည်ဆုံး လေယာဉ် ပြေးလမ်း များတွင် ပါဝင်နေသည်။ လေယာဉ် ရပ်နား နိုင်သည့် ဧရိယာမှာ ၂ဝဝဝx ၈ဝဝ ပေဖြစ်သည်။ 

လက်ရှိ လေဆိပ် လုပ်ငန်း များကို ၃၆၈၂ ဧကပေါ်တွင် ဆောင်ရွက်ထား ခြင်းဖြစ်ပြီး လေဆိပ် လုပ်ငန်းများ၊ လေ ကြောင်း ကုန်စည် ပို့ဆောင်ရေး လုပ်ငန်း များ၊ လေကြောင်း ဖွံ့ဖြိုးရေး လုပ်ငန်း များကို ယင်း ဧရိယာ အတွင်း ပုဂ္ဂလိက ကဏ္ဍ ပါဝင် ဆောင်ရွက် ခွင့်ပြု မည်ဖြစ် သည်။ 

မန္တလေး အပြည်ပြည် ဆိုင်ရာ လေဆိပ် ကြီးကို ၁၉၉၆ ခုနှစ် မေလ ၁၇ ရက် တွင် Country  Project   အနေဖြင့် စတင် ဆောက်လုပ် ခဲ့ခြင်းဖြစ်ပြီး ၂ဝဝဝ ပြည့်နှစ်တွင် စတင်ဖွင့် လှစ်ခဲ့ခြင်းဖြစ် ကြောင်း သိရရှိသည်။

from - မြ၀တီ

No comments:

Post a Comment