ပြည်တွင်းပြည်ပမှာရှိသော မြန်မာတိုင်းရင်းသား ညီအစ်ကိုမောင်နှမအားလုံး အေးချမ်းသာယာပြီးခေတ်မီဖွံ့ဖြိုးတိုးတက်သော စည်းကမ်းပြည့်ဝသည့် ဒီမိုကရေစီ နိုင်ငံတော်သစ်တည်ဆောက်ရာမှာ မိမိအခန်းကဏ္ဍအလိုက် တာဝန်ကျေစွား၊ စည်းလုံးညီညွတ်စွာ လက်တွဲဆောင်ရွက်ကြပါစို့

Friday, April 20, 2012

Alpine သင်္ကြန်မဏ္ဍပ်မှာ ၈၈ မျိုးဆက်တွေနဲ့ NLD ပါတီမှ အမတ် ဦးဖြိုးဇေယျာသော်တို့ ရိုက်ပွဲဖြစ်



 ဧရာဝတီ အင်္ဂလိပ်သတင်းစာတွင် ဖော်ပြထားသော ရန်ပွဲအကြောင်း


၁၃၇၄ ခုနှစ်မြန်မာ့ရိုးရာသင်္ကြန်ပွဲတော် Alpine သင်္ကြန်မဏ္ဍပ်မှာ ၈၈ မျိုးဆက်တွေနဲ့ NLD ပါတီမှ အမတ် ဦးဖြိုးဇေယျာသော် တို့ ရန်ပွဲဖြစ်ခဲ့ကြောင်းသိရှိရသည်။ရန်ပွဲဖြစ်ခဲ့ရခြင်းအကြောင်းအရင်းမှာ ၈၈ မျိုးဆက်ကျောင်းသား ပြုံးချိုနှင့်၈၈ ကျောင်းသားတစ်ချို့တို့က ရုပ်ရှင်မင်းသမီး ၀တ်မူန်ရွှေရည် အား သွားရောက်ကာ ထိကပါး ရိကပါး ပြောခြင်းကို ဦးဖြိုးဇေယျာ်သော်က ၀င်ရောက်တားရာမှ ရန်ပွဲအကြီးအကျယ်ဖြစ်ခဲ့ခြင်းဖြစ်သည်။

၈၈ မျိုးဆက်တို့၏ ထိကပါးရိကပါး လုပ်ခံရသော မင်းသမီး ၀တ်မူန်ရွှေရည်

 NLD ပါတီမှ အမတ် ဦးဖြိုးဇေယျာသော်

 ၈၈ မျိုးဆက်ကျောင်းသားတွေကလည်း အလွန်အကျွံမူး၊NLDပါတီမှ အမတ် ဇေယျာသော်ကလည်း အရက်နဲ့ မူးယစ်ဆေးဝါးအလွန်အကျွံ သုံးစွဲထားခြင်းတို့ကြောင့် ရန်ပွဲမှာတော်တော် ကြီးမားခဲ့ကြောင်းလည်း သိရှိရသည်။အဆိုပါသတင်းကို ဧရာဝတီ အင်္ဂလိပ်သတင်းစာ ခေါင်းကြီးပိုင်းတွင် ကြေညာထားသည်။ထိုရန်ပွဲကြောင့် ၈၈ မျိုးဆက်ကျောင်းသားခေါင်းဆောင်များနှင့် အမတ် ဇေယျာသော်တို့အား ရဲတပ်ဖွဲ့မှ အားလုံးကိုဖမ်းဆီးခေါ်ဆောင်သွားကြောင်းသိရှိရသည်။

No comments:

Post a Comment