ပြည်တွင်းပြည်ပမှာရှိသော မြန်မာတိုင်းရင်းသား ညီအစ်ကိုမောင်နှမအားလုံး အေးချမ်းသာယာပြီးခေတ်မီဖွံ့ဖြိုးတိုးတက်သော စည်းကမ်းပြည့်ဝသည့် ဒီမိုကရေစီ နိုင်ငံတော်သစ်တည်ဆောက်ရာမှာ မိမိအခန်းကဏ္ဍအလိုက် တာဝန်ကျေစွား၊ စည်းလုံးညီညွတ်စွာ လက်တွဲဆောင်ရွက်ကြပါစို့

Friday, April 20, 2012

မူဆယ်(၁၀၅)မိုင် ဗုံးကွဲ ဒုလ၀ကမှုး သေဆုံး(ကြားဖြတ်သတင်း)

   ဒီနေ့မနက် ၅ နာရီခန့်တွင် မူဆယ်မြို့(၁၀၅)မိုင် ဂိတ်တွင် ဗုံးတစ်လုံးပေါက်ကွဲခဲ့ကြောင်းသတင်းရရှိပါတယ်။ ဗုံးပေါက်ကွဲမှုကြောင့် ဂိတ်မှာတာဝန်ကျနေတဲ့ ဒုလ၀ကမှုး ဦးကြည်ထွန်း မှာ ညာဘက်နောက်ကျောကို ဗုံးစမှန်ပြီး နေရာတွင်သေဆုံးသွားပါတယ်။ ဗုံးကွဲတဲ့နေရာနဲ့ ဂိတ်ကိုတော့ စစ်ဆေးရေးအဖွဲ့များနဲ့ ရှာဆွေစစ်ဆေးလျက်ရှိပါတယ်။ ဗုံးအမျိုးအစားကတော့ အဝေးထိန်းခလုတ်ဖြင့် ထိန်းချုပ်ဖောက်ခွဲသည့် ဗုံးအမျိုးအစားဖြစ်ပါတယ်။မည်သူဖောက်ခွဲသည်ကို မသိရှိသေးဘဲ စစ်ဆေးနေကြောင်းသိရပါတယ်။

No comments:

Post a Comment