ပြည်တွင်းပြည်ပမှာရှိသော မြန်မာတိုင်းရင်းသား ညီအစ်ကိုမောင်နှမအားလုံး အေးချမ်းသာယာပြီးခေတ်မီဖွံ့ဖြိုးတိုးတက်သော စည်းကမ်းပြည့်ဝသည့် ဒီမိုကရေစီ နိုင်ငံတော်သစ်တည်ဆောက်ရာမှာ မိမိအခန်းကဏ္ဍအလိုက် တာဝန်ကျေစွား၊ စည်းလုံးညီညွတ်စွာ လက်တွဲဆောင်ရွက်ကြပါစို့

Friday, April 20, 2012

KIO/KIA ထိပ်ပိုင်းခေါင်းဆောင်များသဘောထားကွဲနေ

ကချင်လွတ်မြောက်ရေးတပ်မတော်  KIA တပ်မဟာ ၅ မှ တပ်ကြပ် ကျော်ဆန်းခေါင်းဆောင်တဲ့ KIA တပ်ဖွဲ့ဝင် ၄၂ ဦးသည် ဧပြီလ ၁၆ ရက်နေ့မှာ အစိုးရထံလက်နက်များနဲ့ အလင်းဝင်ရောက်ခဲ့ကြပါတယ်။
KIA နဲ့ အစိုးရတပ်တို့ အပစ်အခတ်စတင်ခဲ့တာ ၁၀ လကျော်ကြာမြင့်လာခဲ့ပြီဖြစ်ပါတယ်။ ကြာမြင့် လာတဲ့ကာလမှာ KIA လက်အောက်မှ တိုက်ပွဲများဆက်လက်ဆင်နွဲလိုခြင်း မရှိတော့ ကြောင်းသိရပါတယ်။ KIA ခေါင်းဆောင်ပိုင်းမှ အတင်းအဓမ္မ တိုက်ပွဲများတိုက်ခိုင်းနေတာကြောင့် တပ်ဖွဲ့ဝင် စစ်သည် သေဆုံးဒဏ်ရာရမှုများဟာ တစ်နေ့ထက်တစ်နေ့ များပြားလာခဲ့ပါတယ်။ ရိက္ခာနဲ့ဆေးဝါး များလည်း  အလုံအလောက်မရရှိပဲ စားသောက်ရေးခက်ခဲလာပြီး ရာသီဥတုဒဏ်ကိုလည်း ပြင်းပြင်းထန်ထန် ခံစားကြရနေကြရပါတယ်။
KIA တပ်ဖွဲ့ဝင်များ အလင်းဝင်သွားသည့်ကိစ္စနှင့်ပက်သက်ပြီး တပ်ဖွဲ့အတွင်း စိတ်ဓာတ်ရေးရာပြောင်း လဲလာမှုများ ဖြစ်ပေါ်လာနိုင်သည့်အတွက် KIA အဖွဲ့အတွင်း သတင်းပေါက်ကြားမှုမရှိအောင် KIA ခေါင်းဆောင်များမှ လျှို့ဝှက်ဖုံးကွယ်ထားခဲ့ကြပါတယ်။ သတင်းကိုဖုံးဖိထားပေမဲ့လည်း KIA ခေါင်းဆောင် တစ်ဦးမှ မီဒီယာအင်တာဗျူးတွင် အလင်းဝင်သည့်ကိစ္စအား ဖြေကြားခဲ့တဲ့အတွက် အမှန်အတိုင်း ၀န်ခံသလို ဖြစ်သွားခဲ့ကြောင်း၊ တပ်ဖွဲ့ဝင်အားလုံး သိသွားသည့်အတွက် နောက်ထပ်ဖြစ်ပေါ်လာမည့် အကျိုးဆက်များကို ဖြေကြားခဲ့သူမှ တာဝန်ယူရမှာဖြစ်ကြောင်း KIC ဒုဥက္ကဌ ဦးအင်ဘန်လမှ KIA ဗဟိုဌာနချုပ်အစည်းအဝေးမှာ ပြောကြားခဲ့ပါတယ်။
မီဒီယာကို ဖြေကြားခဲ့သူမှာ တာဝန်ရှိတယ်လို့ ဦးအင်ဘန်လမှ ပြောကြားခဲ့ပေမဲ့လည်း လတ်တလောမှာတော့ ဂါးရာယန်စစ်ကြောင်းတာဝန်ခံ ဗိုလ်မှုးဇော်ဒွဲဟာ KIA ဗဟိုဌာနချုပ်မှာ ဖမ်းဆီးချုပ်နှောင် ခံနေရတယ်။ တပ်ကြပ် ကျော်ဆန်းနဲ့ KIA တပ်ဖွဲ့ဝင်များ အလင်းဝင်ရောက်သွားသည့် ညံ့ဖျင်းမှုကြောင့် အဓိကတာဝန်ရှိတယ်လို့ စွပ်စွဲပြီး ၁၇ ရက်နေ့မှာ လိုင်ဇာကိုခေါ်ပြီး ဖမ်းဆီးချုပ်နှောင်ခံခဲ့ရတာပါ။
KIA ရဲ့ ဒုစစ်ဦးစီးချုပ်ဖြစ်တဲ့ ဗိုလ်မှုးချုပ်ဂွမ်မော်ကတော့ အလင်းဝင်သူများမှာ အမြဲတမ်းစစ်သားများ မဟုတ်ကြောင်း ကျေးရွာအုပ်ချုပ်ရေးအတွက် ဖွဲ့စည်းထားတဲ့ပြည်သူ့စစ်များသာဖြစ်ကြောင်း၊ သင်္ကြန်တွင်း ခွင့်မရရှိလို့ စကားများပြီး နီးစပ်ရာတပ်စခန်းမှာ အလင်းဝင်ရောက်ခဲ့တာဖြစ်ကြောင်း ပြောပြပါတယ်။ KIA ရဲ့ဒုစစ်ဦးစီးချုပ်ကတော့ သင်္ကြန်ကာလခွင့်မရခြင်းကြောင့် အလင်းဝင်သွားခဲ့ကြတယ်လို့ အကြောင်းပြပြော ဆိုသွားခဲ့တာပါ။
KIO တွဲဖက်အတွင်းရေးမှုး ဦးလနန်ကတော့ KIA ခေါင်းဆောင်ပိုင်းတစ်ချို့နဲ့ သဘောထား မတိုက် ဆိုင်ခြင်းကြောင့် အစိုးရတပ်နဲ့ ပူးပေါင်းသွားရခြင်းဖြစ်ကြောင်းပြောပြခဲ့ပါတယ်။
အလင်းဝင်သွားသည့်ကိစ္စနဲ့ ပက်သက်ပြီး KIC ဒုဥက္ကဌ ဦးအင်ဘန်လ၊ KIA ဒုစစ်ဦးစီးချုပ် ဗိုလ်မှုးချုပ်ဂွမ်မော် နှင့် KIO တွဲဖက်အတွင်းရေးမှုး ဦးလနန်တို့ ဖြေရှင်းပြောကြားချက်များမှာ ကွဲပြားနေပြီး KIO/KIA အတွင်းမှာရှိတဲ့ အောက်ပိုင်းခေါင်းဆောင်တွေနဲ့ ဗဟိုမှခေါင်းဆောင်ပိုင်းများမှာ သဘောထားကွဲလွဲမှု တွေရှိနေတဲ့အပြင် KIO/KIA ဗဟိုထိပ်ပိုင်းခေါင်းဆောင်များမှာလည်း သဘောထားကွဲလွဲမှုများ ရှိနေကြတယ် ဆိုတာ တိုင်းရင်းသားအရေးလေ့လာသူများမှ သုံးသပ်လျက်ရှိပါတယ်။
KIA လက်အောက်တပ်ရင်းများမှာ ဗဟိုမှခိုင်းစေခြင်းများကြောင့်သာ မဖြစ်မနေလှုပ်ရှားနေရပြီး အစိုးရစစ်ကြောင်းများနဲ့ တိုက်ခိုက်လိုသည့်ဆန္ဒမရှိပဲ  အစိုးရစစ်ကြောင်းများ KIA နယ်မြေအတွင်း မ၀င်ရောက်နိုင်စေရန် ဟန့်တားသည့်သဘောသာ လှုပ်ရှားနေကြကြောင်းသိရပါတယ်။ KIA မှ လက်အောက်ခံလှုပ်ရှား တပ်ဖွဲ့များမှာလည်း ဗဟိုဌာနချုပ်လိုင်ဇာမှ မတရားဖိအားပေးစေခိုင်းမှုများကို လက်မခံတော့ပဲ ပိုမိုဆိုးရွား လာပါက ပြန်လှန်တွန်းလှန်သွားရန် ပြင်ဆင်ထားကြောင်း KIA တပ်မဟာ ၅ မှ ဗိုလ်ကြီး ဇော်မိုင် မှလည်း ပြောပြခဲ့ပါတယ်။

No comments:

Post a Comment