ပြည်တွင်းပြည်ပမှာရှိသော မြန်မာတိုင်းရင်းသား ညီအစ်ကိုမောင်နှမအားလုံး အေးချမ်းသာယာပြီးခေတ်မီဖွံ့ဖြိုးတိုးတက်သော စည်းကမ်းပြည့်ဝသည့် ဒီမိုကရေစီ နိုင်ငံတော်သစ်တည်ဆောက်ရာမှာ မိမိအခန်းကဏ္ဍအလိုက် တာဝန်ကျေစွား၊ စည်းလုံးညီညွတ်စွာ လက်တွဲဆောင်ရွက်ကြပါစို့

Friday, April 06, 2012

အစိုးရထံ ပြန်အပ် လိုက်ရသော စစ်တွေ-ဘူးသီးတောင် ပုဂ္ဂလိက သဘောင်္လိုင်း

ပုဂ္ဂလိက ကုမ္ပဏီတခုဖြစ်သည့် နဂါးမင်းကုမ္ပဏီက လွှဲပြောင်းမယူခင်က ဘူးသီးတောင်-စစ်တွေ သဘောင်္ခမှာ ကျပ် ၅၀၀ သာ ကျသင့်သော်လည်း နဂါးမင်းကုမ္မဏီက ပြေးဆွဲပြီးနောက်ပိုင်း ကျပ် ၃၀၀၀ အဖြစ် ဈေး ၆ ဆ
တိုး၍ ရောင်းချ ပြေးဆွှဲခဲ့ပါသည် ။

 မကြာသေးမီက ဘူးသီးတောင်မြို့ပေါ်မှ ရဟန်းတော် ၂၇ ပါးက သင်္ဘောဈေးနှုန်းကို ၃၀၀၀ ကျပ်ထိ ကောက်ခံသဖြင့် ပြည်သူများ နစ်နာနေ၍ သင်္ဘောခကို လျှော့ကောက်ရန် ပုဂ္ဂလိက သင်္ဘောလိုင်းကို ဆွဲထားသူ နဂါးမင်း ကုမ္ပဏီအား စာရေးတောင်းဆိုခဲ့ပြီး လျှော့မကောက်နိုင်ပါက သင်္ဘောလိုင်းကို အစိုးရကို ပြန်အပ်ရန် တောင်းဆိုခဲ့သည်။

 ရဟန်းတော်များ၏ တောင်းဆိုမူကြောင့် ဘူသီးတောင်နှင့် စစ်တွေပြေးဆွဲနေသည့် သင်္ဘောလိုင်းကို နဂါးမင်း ကုမ္ပဏီမှ အစိုးရလက်သို့ ပြန်လည် လွဲပြောင်း လိုက်ပြီ ဖြစ်ကြောင်း သတင်း ရရှိသည်။



စာရေးတောင်းဆိုရာတွင် ဦးဆောင်ပါဝင်သူ ဦးသောမက


" အခု အစိုးရလက်ထဲကို သင်္ဘောလိုင်း ရောက်သွားပြီ။ သဘောင်္ခတော့ နည်းနည်းကျသွားတယ်။ ၁၈၀၀ ကျပ် ဖြစ်သွားတာပေါ့။ အရင် နဂါးမင်းဆွဲတုန်းကတော့ ၃၀၀၀ ကျပ်တော့ ၁၂၀၀ လောက် သက်သာသွားတာပေါ့။ ဒါပေမယ့် ဒီဈေးနုန်းဟာ လူထုတွေ အတွက် သင့်တော်တဲ့ ဈေးနုန်း ဖြစ်မဖြစ်ကို ခရီးသည်တွေကို မေးရအုံးမယ်။ ခုလို အစိုးရလက်ထဲ ပြန်ရောက်တော့ ဦးဇင်းတို့က ၀မ်းသာပါတယ်" ဟု ဦးသောမက ပြောကြားလိုက်ပါတယ်။



ယခု ဘူးသီးတောင်- စစ်တွေ သင်္ဘောလိုင်းကို ဧပြီလ ၂ ရက်နေ့မှ စပြီး ပြည်တွင်းရေကြောင်းပို့ဆောင်ရေးက ဈေးနှူန်း ပြန်လည်လျှော့ချကာ စတင် ပြေးဆွဲနေပြီ ဖြစ်ပါတယ်။


ဘူးသီးတောင်- စစ်တွေ ရေကြောင်း လိုင်းတွင် အစိုးရ သင်္ဘောများသာ ပြေးဆွဲနေသည် မဟုတ်ဘဲ ပုဂ္ဂလိက အမြန်ရေယာဉ်များ ဖြစ်ကြသည့် ရွှေပြည်တန်၊ မလိခနှင့် NCR တို့လည်း ပြေးဆွဲနေကြသော်လည်း အမြန် ရေယာဉ်များ၏ ဈေးနှုန်းများမှာ ၇၀၀၀၊ ၇၅၀၀ နှင့် ၆၀၀၀ ကျပ်ထိ ရှိသဖြင့် အများစု ဆင်းရဲသော ပြည်သူများမှာ အစိုးရ သင်္ဘောကိုသာ ခရီးသွားလာရာ၌ အားကိုး အားထားပြုနေကြရသည်ဟု သိရသည်။

No comments:

Post a Comment