သမ္မတ ဦးသိန်းစိန် အပါအဝင် အစိုးရအဖွဲ့ နှင့် ရွေးကောက်ပွဲကော်မရှင် ဥက္ကဌ ဦးတင်အေး အပါအဝင် ကော်မရှင်အဖွဲ့ဝင်များ၏ အရည်အချင်းရှိရှိ စနစ်ကျစွာဖြင့် ကြားဖြတ်တွေးကောက်ပွဲကို
ငြိမ်းငြိမ်းချမ်းချမ်း ကျင်းပနိုင်ခဲ့မှုကြောင့် အမေရိကန်နိုင်ငံမှ မြန်မာ နိုင်ငံအပေါ် စည်းပွားပိတ်ဆို့မှု အချို့ကို ရုတ်သိမ်းလိုက်ကြောင်း သတင်းရရှိပါတယ်။
သမ္မတဦးသိန်းစိန် အစိုးရလက်ထက် နိုင်ငံရေး ပြုပြင်ပြောင်းလဲမှုများ ဖြစ်ထွန်းလာခြင်းကို အသိအမှတ်ပြု၍ မြန်မာအပေါ် ပိတ်ဆို့အရေးယူမှုများကို အမေရိကန်ပြည်ထောင်စုက ဖြေလျှော့ပေးသွားမည်ဖြစ်ကြေ
ဒါ့အပြင် မြန်မာနိုင်ငံမှာ အမေရိကန်သံ အမတ် ခန့်အပ်ထားရှိရန်လည်း အလျင်အမြန် ဆောင်ရွက်သွားမည်ဖြစ်ကြောင်
ဟီလာရီကလင်တန်မှ သူမရဲ့ ကြေညာချက်တိုင်းမှာ သမ္မတကြီး ဦးသိန်းစိန်ကို ချီးကျူးကြောင်း အမြဲပြောတတ်ပြီး အခုလည်း သမ္မတကြီးကြောင့် စီးပွားပိတ်ဆို့မှုတွေ ဖွင့်ပေးတော့မှာ ဖြစ်ပါတယ်။ အာဆီယံ နိုင်ငံများကလည်း မြန်မာနိုင်ငံအပေါ် စီးပွားပိတ်ဆို့မှု ရုတ်သိမ်းဖို့ တောင်းဆိုနေတာ ဖြစ်ပြီး တရုတ် နိုင်ငံကလည်း မြန်မာပြည်သူတို့အတွက် တောင်းဆိုခဲ့ဖူးပါတယ်။
ဟီလာရီကလင်တန်ရဲ့ စီးပွားပိတ်ဆို့မှု ရုတ်သိမ်းခြင်း အကြောင်းပြချက်မှာ "သမ္မတကြီးသိန်းစိန်လက်ထက် နိုင်ငံရေး တိုးတက်မှုများကြောင့် နှင့် ရွေးကောက်ပွဲ ကော်မရှင်ဥက္ကဌ ဦးတင်အေး လက်ထက် ကြားဖြတ်ရွေးကောက်ပွဲ အောင်မြင်စွာ ကျင်းပနိုင်ခြင်းကြောင့်" ဟု သာ အကြောင်း ပြချက် ပေးထားပြီး NLD အနိုင်ရခြင်းကြောင့် (သို့မဟုတ်) ဒေါ်အောင်ဆန်းစုကြည် နိုင်ခြင်းကြောင့် စီးပွားပိတ်ဆို့မှု ရုတ်သိမ်းပေးခြင်းဖြစ်တယ်လို့ လုံးဝ ပြောထားခြင်း မရှိပေ။
No comments:
Post a Comment