ပြည်တွင်းပြည်ပမှာရှိသော မြန်မာတိုင်းရင်းသား ညီအစ်ကိုမောင်နှမအားလုံး အေးချမ်းသာယာပြီးခေတ်မီဖွံ့ဖြိုးတိုးတက်သော စည်းကမ်းပြည့်ဝသည့် ဒီမိုကရေစီ နိုင်ငံတော်သစ်တည်ဆောက်ရာမှာ မိမိအခန်းကဏ္ဍအလိုက် တာဝန်ကျေစွား၊ စည်းလုံးညီညွတ်စွာ လက်တွဲဆောင်ရွက်ကြပါစို့

Monday, April 09, 2012

ဗြိတိန်တွင် ရုရှား နိုင်ငံမှ နှုကလိယ ဓါတ်ပေါင်းဖို တည်ဆောက်မည်

From : MRTV4


ဗြိတိန် အစိုးရ အနေဖြင့် လာမည့် ၂၀၁၅ ခုနှစ် မတိုင်မီ အချိန်အတွင်း ကျောက်မီးသွေး စွမ်းအင်သုံး လျှပ်စစ် ဓါတ်အားထုတ် စက်ရုံများကို
ပိတ်ပစ်ရတော့မည် ဖြစ်သဖြင့် ရုရှား နိုင်ငံ အနေဖြင့် ဗြိတိန်တွင် နှုကလိယ စွမ်းအင်သုံး လျှပ်စစ် ဓါတ်အားပေး စက်ရုံနှစ်ရုံကို တည်ဆောက်ရန် စဉ်းစားနေကြောင်း သိရသည်။ ရုရှား နိုင်ငံပိုင် နှုကလိယ ဦးပိုင် ကုမ္ပဏီ Rosatom  မှာ ပေါင်ငွေ  ၁၅ သန်း ပမာဏ ရှိသည့် ရှယ်ယာများကို Horizon  ပရော့ဂျက်တွင် မြုပ်နှံရန် စဉ်းစားနေခြင်း ဖြစ်သည်။

အဆိုပါ စီမံကိန်း အရ Wales နှင့် Gloucestershire တို့တွင် အက်တမ် စွမ်းအင်သုံး ဓါတ်အားပေး စက်ရုံများ ဆောက်လုပ်မှု၌ ပါဝင်ရန် စဉ်းစားနေခြင်း ဖြစ်သည်ဟု RT သတင်းကို ကိုးကားပြီး Presstv သတင်းတွင် ဖော်ပြသည်။ အလားတူပင် ယခုလို  Horizon  ပရော့ဂျက်တွင် ရုရှားတို့ ပါဝင်လာခြင်းမှာ ဂျာမန် ကုမ္ပဏီ နှစ်ခုဖြစ်သော RWE နှင့် EON တို့မှ လုပ်ငန်း ကုန်ကျစရိတ်များ များပြားလာမှုနှင့် အပြီးသတ် ဆောက်လုပ်ပေးရမည့် ကာလမှာ ယခင် မျှော်မှန်းထားသည်ထက် နောက်ကျနေခြင်းကြောင့် ၎င်းတို့၏ ရှယ်ယာများကို ရောင်းထုတ်ရန် စဉ်းစားနေခြင်းကြောင့်လည်း ဖြစ်သည်။

ယခင်လ အစောပိုင်းကလည်း သုတေသန လေ့လာချက် တစ်ရပ်အရ ရင်းနှီးမြုပ်နှံမှုဘဏ် Liberum Capital မှ ထုတ်ပြန်ခဲ့ရာတွင် ဗြိတိန်ရှိ စွမ်းအင်ကဏ္ဍ အခွန်အခများမှာ လာမည့် ၂၀၂၀ ခုနှစ် အတွင်း ၇၀ ရာနှုန်း အထိ မြင့်တက်လာမည် ဖြစ်ကြောင်း ဖော်ပြခဲ့သည်။ ဗြိတိန် နိုင်ငံရှိ  ပြည်သူများမှာ ၎င်းတို့၏ ဓါတ်ငွေ့နှင့် လျှပ်စစ်စွမ်းအင် သုံးစွဲမှု ပမာဏကို ၂၀၀၁ မှ ၂၀၁၁ ကြားကာလ အတွင်း ၁၁.၃ ရာနှုန်း အထိ လျှော့ချခဲ့သော်လည်း  စွမ်းအင် အသုံးစရိတ်မှာ ၂၃.၅ ရာနှုန်း အထိ မြင့်တက် လာခဲ့ရသည်။

No comments:

Post a Comment