မြန်မာနိုင်ငံကို လာရောက်လည်ပတ်ကြမယ့် ကမ္ဘာလှည့်ခရီးသည်တွေ အဆင်ပြေစေဖို့အတွက် e-visa စနစ်ကို စတင်စမ်းသပ်နေပြီး၊သမ္မတရဲ့ ခွင့်ပြုချက်ရရင် ဒီလထဲ စတင်ထုတ်ပေးမှာ ဖြစ်ပါတယ်။
e-visa လေ်ွာက်ထားရယူလိုသူတွေအနေနဲ့ myanmarevisa.gov.mm ဝက်ဘ်ဆိုဒ်ကို ဝင်ရောက်ပြီး၊ ပတ်စပို့ နံပါတ် စသဖြင့် အဆင့် ၄ ဆင့်ပါ အချက်အလက်တွေကို ဖြည့်သွင်းရမှာ ဖြစ်ပါတယ်။
အဲ့ ဒီလို ဖြည့်သွင်းလိုက်တာနဲ့ ဟိုတယ်/ခရီးဝန်ကြီးဌာနကို အီးမေးလ် ဝင်ရောက် လာမှာဖြစ်ပြီး၊ ကာယကံရှင်ဆီကို အီးမေးလ်ရရှိကြောင်း အကြောင်း ပြန်ပေးမှာ ဖြစ်ပါတယ်။
ဌာနဆိုင်ရာ လုပ်ထုံးလုပ်နည်းတွေအတိုင်း စစ်ဆေးပြီး ဗီဇာကို အီးမေးလ် ကနေပဲ ပြန်ပို့ပေးမှာ ဖြစ်တယ်လို့ ဟိုတယ်/ခရီးဝန်ကြီးဌာနက စုံစမ်းသိရှိရပါတယ်။
အွန်လိုင်း ကနေ e-visa လေ်ွာက်ထားရင် ၅ ရက်လောက်ကြာမှာ ဖြစ်ပြီး မြန်မာနိုင်ငံရဲ့ အင်တာနက် မြန်နှုန်းနဲ့ လ်ွပ်စစ်မီး ရရှိမှု အခြေအနေတွေက ဒီလုပ်ငန်းစဉ် အောင်မြင်မှု ရှိ မရှိ အဆုံအဖြတ် ပေးမှာ ဖြစ်တယ်လို့ ခရီးသွားလုပ်ငန်း ရှင်တဦးက မှတ်ချက်ပေး ပြောဆို လိုက်ပါတယ်။
No comments:
Post a Comment