ပြည်တွင်းပြည်ပမှာရှိသော မြန်မာတိုင်းရင်းသား ညီအစ်ကိုမောင်နှမအားလုံး အေးချမ်းသာယာပြီးခေတ်မီဖွံ့ဖြိုးတိုးတက်သော စည်းကမ်းပြည့်ဝသည့် ဒီမိုကရေစီ နိုင်ငံတော်သစ်တည်ဆောက်ရာမှာ မိမိအခန်းကဏ္ဍအလိုက် တာဝန်ကျေစွား၊ စည်းလုံးညီညွတ်စွာ လက်တွဲဆောင်ရွက်ကြပါစို့

Monday, April 09, 2012

ဝန်ကြီးချုပ်ဟောင်း ဦးခင်ညွန့် ပထမဆုံးအကြိမ် ရဟန်းခံရှင်ပြု

ဝန်ကြီးချုပ်ဟောင်း ဦးခင် ညွန့်အပါအဝင် သားနှစ်ဦးသည် သိက္ခာထပ်၊ ရဟန်းခံရှင်ပြုပွဲကို ယနေ့နံနက် ၈ နာရီတွင် တာမွေမြို့နယ် တာမွေလေးရပ် ကွက်၊ ပင်ရွှေညောင်လမ်းရှိ အောင်မြေဗောဓိဓမ္မရိပ်သာ အလိုတော်ပြည့်ေ ကျာင်းတိုက် တွင် ကျင်းပခဲ့သည်။ ၉ ရက်နေကနေ ၁၈ ရက်နေအထိ ၀တ်မယ်လို့သိရပါတယ်။ ၉ ဂဏန်းပေါ့ တပ်မတော်သားတွေက ၉ ဂဏန်းကို အယုံအကြည်ရှိကြတယ်ဆိုတော့ သူလည်း စစ်သားစိတ်တော့ရှိမယ်ထင်ပါတယ်။ ယတရာချေတာလည်းဖြစ်နိုင်ပါတယ်။ တစ်သက်လုံး ရဟန်းမ၀တ်ခဲ့ဘဲ ထောင်ကထွက်လာမှဝတ်ရတယ် ဆိုတော့ တစ်ချိန်တုန်းက အာဏာရှိစဉ်တော်တော် အလုပ်များခဲ့၊ အကုသိုလ်များခဲ့လို့ ကံနိမ့်ပြီး ထောင်နန်းစံခဲ့တယ်ထင်ပါတယ်။ အခုတော့ ကံတက်ချိန်ပြန်ရောက်လို့လာပါပြီ။ ရဟန်းဝတ်တာကို လူတကာသိအောင် ကြေညာမောင်းခတ်တာကတော့ နာမည်ကြီးချင်တာလား သာဓုအနုမောတနာ ခေါ်စေချင်တာလားတော့ မသိပါဘူး။  အဆိုပါ ရဟန်းခံရှင်ပြုပွဲကို ဦးခင်ညွန့် နှင့် ဒေါက်တာဒေါ်ခင်ဝင်းရွှေ တို့မှ အမှူးပြု၍အလှူဒါနပြုလုပ်ခဲ့ ပြီး ဦးခင်ညွန့်အပါအဝင်သားနှစ်ဦး နှင့်မြေး ၅ ဦးတို့မှ သာသနာ့ဘောင် သို့ ဝင်ရောက်ကာ အဂ္ဂမဟာ သဒ္ဓမ္မဇောတိကဓဇ၊ ပြည်တွင်းပြည်ပသာသနာပြု အလိုတော်ပြည့် ဆရာတော်မှ ကိုယ်တော်တိုင်သာ သနာ့ဘောင်သို့ သွတ် သွင်းပေးခဲ့ သည်။''ဒါပထမဆုံးရဟန်းခံတာပါ။ ရဟန်း ဘဝနဲ့တစ် ပတ်လောက်နေမယ် လို့ပြောတယ်'' ဟု ဦးခင်ညွန့်၏ ဇနီးဖြစ်သူ ဒေါက် တာဒေါ်ခင်ဝင်းရွှေက ဆိုသည်။ယင်းရှင်ပြုရဟန်းခံပွဲသို့် တပ် မတော်မှ အရာရှိများ၊ အငြိမ်းစား အရာရှိကြီးများနှင့် ၄င်းနှင့်ဆက်စပ် သောအရာရှိ အသိုင်းအဝိုင်းမှ ဧည့်ပရိသတ်ပေါင်း ၂ဝဝ ခန့်တရားနာလာ ရောက်ခဲ့ကြပြီး ထိုင်းနိုင်ငံမှ ဧည့် သည်တော်များပါလာရောက်၍ သိမ်ဆင်းဆွမ်းလောင်း လှူခဲ့ကြသည်။

No comments:

Post a Comment