ပြည်တွင်းပြည်ပမှာရှိသော မြန်မာတိုင်းရင်းသား ညီအစ်ကိုမောင်နှမအားလုံး အေးချမ်းသာယာပြီးခေတ်မီဖွံ့ဖြိုးတိုးတက်သော စည်းကမ်းပြည့်ဝသည့် ဒီမိုကရေစီ နိုင်ငံတော်သစ်တည်ဆောက်ရာမှာ မိမိအခန်းကဏ္ဍအလိုက် တာဝန်ကျေစွား၊ စည်းလုံးညီညွတ်စွာ လက်တွဲဆောင်ရွက်ကြပါစို့

Tuesday, April 24, 2012

ဒေါ်အောင်ဆန်းစုကြည်ထံသို့အိတ်ဖွင့်ပေးစာ


From : ပြည်ချစ်သား



ဒေါ်အောင်ဆန်းစုကြည်


ဒီနေ့ မြန်မာ့နိုင်ငံရေး နယ်ပါယ်မှာဘယ်လိုအကြောင်းမျိုးကြောင့်ဘဲ ဖြစ်ဖြစ်နာမည်ကြီးခေါင်းဆောင်တယောက်ဖြစ်နေတယ်ဆိုတာ အငြင်းမထွက်ပါဘူး။ ခင်ဗျားကို ၀န်းရံနေကြသူတွေ လက်ခံကြသူတွေကို ခွဲခြမ်းစိတ်ဖြာလိုက်ရင်
၁။ ခင်ဗျားကို မှီပြီး နိုင်ငံရေး လူမူရေးစီးပွားရေး အပါအ၀င် ပုဂ္ဂိုလ်ရေး ကအစ နာမည်ကြီးလိုသူများ။
၂။ ခင်ဗျားလာရာ လမ်းကြောင်းကို ဘာဆိုဘာမှမသိဘဲနဲ့ အမျိုးသားခေါင်းဆောင်ကြီး ဗိုလ်ချုပ်အောင်ဆန်းရဲ့ သမီး ဆိုတဲ့ အစွဲနဲ့ အလွန်မှရိုးသားကြတဲ့ မြန်မာနိုင်ငံသူ နိုင်ငံသား များအပိုင်းကို တွေ့ရမှာဖြစ်ပါတယ်။
ကျွန်တော်အနေနဲ့ အမှတ်စဉ် (၁)နဲ့ပါတ်သက်ပြီးဘာမှ မပြောလိုပေမဲ့ အမှတ်စဉ် (၂) နဲ့ပါတ်သက်ပြီးတော့ ပြောပါရစေ။
ကျွန်တော်တို့ နိုင်ငံသားများ အများစုဟာအလွန်ရိုးသားကြပါတယ် ပုဂ္ဂိုလ်စွဲ
လည်းအင်မတန်ကြီးပါတယ် ခွင့်လည်းခွင့်လွှတ်တတ်ကြပါတယ် ဒါကြောင့် ခင်ဗျားလျှောက်လှမ်းခဲ့တဲ့ နိုင်ငံရေးလမ်းတလျှောက် အမျိုးမျိုး နိုင်ငံနဲ့ လူမျိုးအတွက်
ဘာတခုမှ ကောင်းအောင်ဆောင်ရွက် မပေးခဲ့ဘဲ ခုစာကလေးကြော် ခုဆီထမင်း မာယာမျိုးစုံနဲ့ နိုင်ငံရေးကစားခဲ့တာတွေကို အမှတ်မထားဘဲ ကြားဖြတ်ရွေးကောက်ပွဲမှာ ခင်ဗျားကို ထောက်ခံခဲ့ကြပါတယ်။ NLD ကို ထောက်ခံတာမဟုတ်တာတော့သေချာတယ်။
ဒီတော့ ခင်ဗျား ဘာလုပ်သင့်သလဲ။စဉ်းစားစရာမလုံးဝမရှိပါ။ ခင်ဗျား မှ ခင်ဗျားဆိုပြီးထောက်ခံကြတဲ့ အင်မတန်ရိုးသားကြတဲ့ မြန်မာနိုင်ငံသူနိုင်ငံသားများရဲ့ စေတနာကို နားလည်သဘောပေါက်ပြီး နိုင်ငံတော်ကြီးအေးချမ်းသာယာဖွံ့ဖြိုးတိုးတက်ပြီးတိုင်းရင်းသား လူမျိုးစုများအပါအ၀င် နိုင်ငံသားအားလုံးချမ်းသာဖို့ကို
လွှတ်တော်အတွင်းနေရာယူပြီး လွှတ်တော်ကိုယ်စားလှယ်ကြီးများနဲံ့ ညှိနှိုင်းတိုင်ပင် ဆွေးနွေး ဆုံးဖြတ်ဆောင်ရွက်ဖို့ဘဲ ရှိပါတယ်။အခုတော့ ဒီလိုမဟုတ်ဘဲ ဇာတ်လမ်းကစလာပြန်ပါပြီ
ဆင်အ၀ှါ အနာလုပ်ပြီး
လွှတ်တော်တက်ရေး မတက်ရေး တဲ့။ ဆင်သွားရင်လမ်းဖြစ်တယ်ဆိုပြီး လျှောက်ခြင်သလိုလျှောက်
တာလား။ တခုတော့ သတိထားအုံး ဒေါ်စုကြည် ဖွဲ့စည်းပုံအခြေခံဥပဒေက ပြည်သူတရပ်လုံးကို ချပြပြီးမှ ပြည်သူအများစုရဲ့ ထောက်ခံအတည်ပြုချက်နဲ့ ရေးထားတွေဆိုတာ ခင်ဗျား
သိထားဖို့တော့လိုပေလိမ့်မယ်။ ပြင်သင့်ရင်လည်း စည်း/ဘောင်နဲ့ ပြင်နိုင်အောင်လည်း သမ္မတကြီးက ပြောထားပြီးပြီဘဲ ဘာလိုသေးလဲ။ အခုက စမစရသေးဘူး ယဉ်သကိုဖြစ်နေပြီ။


ဒေါ်စုကြည် ခင်ဗျားမှာ သမိုင်းကြွေးကျန်နေတယ်ဆိုတာသိပါသလား။ သိအောင်ပြောရရင် ကျွန်တော်တို့မြန်မာလူမျိုးတွေက ကျွန်တော်တို့ နိုင်ငံနဲ့
လူမျိုးကို နှစ်ပေါင်း၁၀၀ကျော် ကျွန်ပြုခဲ့ရုံတင် မက ကျွန်တော်တို့ ချစ်မြတ်နိုးတဲ့ ခင်ဗျားရဲ့အဖေ
အမျိုးသားခေါင်းဆောင်ကြီးကို လုပ်ကြံခဲ့ကြတဲ့ ခင်ဗျား လင်ယူသားမွေးလုပ်ခဲ့တဲ့ အင်္ဂလိပ်လူမျိုး
ကိုတော့ အရိုးထဲ အသဲစွဲ မမေ့နိုင်အောင် နာကျဉ်းကြခဲ့တယ် ဒီသမိုင်းကြွေးကို ဘယ်လိုခင်ဗျားဆပ်ပေးမလဲ။အသေအချာစဉ်းစားနော် ကျွန်တော်တို့အားလုံး
ဒီအချက်တွေကို မျက်ကွယ်ပြုပြီး ခင်ဗျားကို ထောက်ခံခဲ့ကြတာ။ ဒါတွေကို မစဉ်းစားဘဲ ခင်ဗျား လင် သားလူမျိုးတွေရဲံ့ အကျိုးစီးပွါးနဲ့သူတို့အလိုကျ ဘောင်းတော်ငြိမ်း ကြိုးဆွဲရာကပြီး
ကျုပ်တို့လူမျိုးကို ကျွန်ဇာတ်တဖန် ပြန်သွင်းရင်တော့ ခင်ဗျား အလျော်ကြီးကြီးပေးသွားရလိမ့်မယ်လို့ သတိပေးပါရစေ။
မြန်မာလူမျိုး ဇ မသေးပါ။ သာကီမျိုးဟေ.ဒို့မြန်မာ။

No comments:

Post a Comment