ပြည်တွင်းပြည်ပမှာရှိသော မြန်မာတိုင်းရင်းသား ညီအစ်ကိုမောင်နှမအားလုံး အေးချမ်းသာယာပြီးခေတ်မီဖွံ့ဖြိုးတိုးတက်သော စည်းကမ်းပြည့်ဝသည့် ဒီမိုကရေစီ နိုင်ငံတော်သစ်တည်ဆောက်ရာမှာ မိမိအခန်းကဏ္ဍအလိုက် တာဝန်ကျေစွား၊ စည်းလုံးညီညွတ်စွာ လက်တွဲဆောင်ရွက်ကြပါစို့

Tuesday, April 24, 2012

Kachin News Group ၀က်ဘ်ဆိုက်ဟာ သတင်းအမှားကို အများဆုံးတင်သည့်ဝက်ဘ်ဆိုက်အဖြစ် ရေပန်းစားလာ

 
From : အလင်း


ဧပြီလ(၁၆)ရက်နေ့က တာလောကြီးကျေးရွာတွင် KIA မှ တပ်ဖွဲ့ဝင် ၄၂ ဦး အစိုးရတပ်ထံသို့ အလင်းဝင်ရောက် သွားခဲ့ပါတယ်။ KIA တပ်ဖွဲ့ဝင် ၄၂ ဦး အလင်းဝင်သည့် သတင်းအား နိုင်ငံပိုင်သတင်းစာများနှင့် အင်တာနက်သတင်း ၀က်ဘ်ဆိုက်များမှာလည်း
ရေးသားဖော်ပြခဲ့ကြပါတယ်။ အလင်းဝင်သတင်းအား အစိုးရသတင်းစာမှ တရားဝင်ဖော်ပြ ထားခဲ့ပေမဲ့ ကချင်အင်တာနက်သတင်းဝဘ်ဆိုက် တစ်ခုဖြစ် တဲ့ KNG သတင်းဝဘ်ဆိုက်ကတော့ အလင်းဝင်လာသူများ ဟာ အစိုးရတပ်နှင့် KIA တိုက်ပွဲဖြစ်ပွားရာမှာ အားလုံး သေဆုံးခဲ့ကြောင်း သတင်းအမှားတစ်ခုကို လုပ်ကြံဖော်ပြခဲ့ပါတယ်။


ဒီသတင်းနဲ့ပက်သက်ပြီး KIO တွဲဖက်အတွင်းရေးမှုး ဦးလနန်ကတော့ ကချင်သတင်းများနှင့် ပက်သက်ပြီး ၄င်းတို့ အား ဆက်သွယ်မေးမြန်းခြင်းမရှိဘဲ မယုံကြည်ဖို့ ပြောကြား သွားပါတယ်။ အလင်းဝင်သွားသူအားလုံး သေဆုံးသည်မှာ မဟုတ်ကြောင်းလည်း ရှင်းလင်းပြောပြပါတယ်။ ဦးလနန်က “ကချင်ဘက်က သတင်းတွေတက်လာပြီဆိုရင် ပိုပြီးတော့ ခိုင်မာမှုရှိသွားအောင် ကျနော်တို့တွေကို မေးတာပိုပြီးတော့ ကောင်းမယ်လို့ထင်ပါတယ်။ အဲ့ဒီလိုမဟုတ်ပဲ အလင်းဝင် သွားတဲ့ ပြည်သူ့စစ်တွေ အကုန်လုံးကျဆုံးသွားပြီ ဆိုတာတော့ မမှန်ဘူး။ တိုက်ပွဲတွေ ဖြစ်တယ်ဆိုတာကတော့ မှန်ပါတယ်။ အဲ့ဒီတိုက်ပွဲတွေထဲမှာ ပြည်သူ့စစ်တွေမပါဘူး။ အခုသူတို့ မြစ်ကြီးနားမှာရောက်နေကြပြီလို့ သိရတယ်” ဟု ရှင်းပြပါတယ်။
KIO တွဲဖက်အတွင်းရေးမှူးကိုယ်တိုင် အဖြစ်မှန်ကိုရှင်းလင်းလိုက်မှသာ KNG သတင်းဝက်ဘ်ဆိုက်မှ သတင်းမှားယွင်းနေတယ်ဆိုတာ သတင်းဖတ်ပရိသတ်များ ရှင်းရှင်းလင်းလင်းသိမြင်လာခဲ့ကြပါတယ်။ KNG ၀ဘ်ဆိုက်ဟာ ကချင်တိုင်းရင်းသားများကိစ္စ၊ KIO/KIA လှုပ်ရှားမှုများကို ဦးစားပေးဖော်ပြတဲ့သတင်း ၀က်ဘ် ဆိုက်ဖြစ်ပါတယ်။ ဒီလိုမျိုးတိုင်းရင်းသားသတင်းတွေကို မှန်မှန်ကန်ကန်မရေးသားဘဲ သတင်းဖတ်သူပရိသတ် တွေကို အတွေးမှားအထင်မှားများနဲ့ ဝေေ၀၀ါးသွားအောင်လုပ်နေတယ်ဆိုတာ ထင်ရှားပေါ်လွင်လာပါတယ်။
အင်တာနက်ဝက်ဘ်ဆိုက်များဟာ အမြောက်အမြားရှိပြီး ၀က်ဆိုက်များမှာ တင်ထားတဲ့ သတင်းတွေ ဟာ ဂုဏ်သိက္ခာရှိရှိနဲ့ မှန်မှန်ကန်ကန်ဖြစ်ဖို့လိုပါတယ်။ ဒီလိုမှမဟုတ်ပဲ စိတ်ထင်ရာရေးပြီး စာဖတ်သူများ လမ်းမှားရောက်အောင် အတွေးတွေေ၀၀ါးအောင် မလုပ်သင့်ပါဘူး။ ဒီလိုမျိုးလုပ်ကြံ ရေးသားနေမယ်ဆိုရင် စာဖတ်သူများဟာ သတင်းဝက်ဘ်ဆိုက်များအပေါ် ယုံကြည်မှုကျဆင်းလာနိုင်ပါတယ်။ KNG ၀က်ဘ်ဆိုက်လိုမျိုး လုပ်ကြံပြီး သတင်းမှားများဖော်ပြနေတဲ့ ၀က်ဘ်ဆိုက်များကြောင့် မှန်မှန်ကန်ကန်ဖော်ပြနေတဲ့ အခြားဝက်ဘ် ဆိုက်တွေကိုလည်း ထိခိုက်လာနိုင်ပါတယ်။
သတင်းမှန်ကိုတင်နေကြတဲ့ ၀က်ဘ်ဆိုက်တွေကို မထိခိုက်စေဖို့ သတင်းဝက်ဘ်ဆိုက်အနေနဲ့ ကိုယ်လိုရာသတင်းကို လိုသလိုဆွဲမရေးပဲ သတင်းဖတ် သူတွေကို အပြန်အလှန် လေးလေးစားစားဖြင့် ဂုဏ်သိက္ခာရှိရှိသတင်းအမှန်တွေကို ဖော်ပြပေးစေဖို့ တိုက်တွန်းချင်ပါတယ်။
KNG သတင်းဝက်ဆိုက်ဟာ ယခုလို သတင်းအမှားများကို အများဆုံးတင်ခဲ့တဲ့အတွက် အင်တာနက် သတင်းဝက်ဘ်ဆိုက်မီဒီယာလောကတွင် သတင်းအမှားများကို အများဆုံးတင်သည့် ၀က်ဘ်ဆိုက် အဖြစ် ရေပန်းအစားဆုံးဝက်ဘ်ဆိုက်တစ်ခုဖြစ်လာကြောင်း အင်တာနက်သတင်းမီဒီယာ လေ့လာစောင့်ကြည့်ရေးအဖွဲ့ မှတ်တမ်းများအရ သိရပါတယ်။
KNG ၀က်ဆိုက်ဟာ တရုတ်နိုင်ငံတွင်သေဆုံးခဲ့သော ဧရာမမြွေကြီးကိုလည်း မြစ်ဆုံစီမံကိန်းတွင် ဧရာမမြွေကြီးသေဆုံးပြီးနောက် စီမံကိန်းရပ်ဆိုင်းခဲ့သည်ဟု သတင်းအား မှားယွင်းလုပ်ကြံဖော်ပြခဲ့ဖူးသည့် သတင်းဝက်ဘ်ဆိုက်တစ်ခုဖြစ်ကြောင်း ၄င်းမှတ်တမ်းများမှာလည်း မှတ်တမ်းတင်ထားခြင်းခံခဲ့ရပါတယ်။
ဒါ့ကြောင့် သတင်းဖတ်ရှုသူများအနေဖြင့် KNG ၀က်ဘ်ဆိုက် သတင်းများကို အယုံမလွယ်ပဲ အမှား အမှန်စဉ်းစားချင့်ချိန်ပြီး သတင်းအပေါ်မှန်ကန်မှုရှိမရှိ စိစစ်ဖတ်ရှုကြစေလိုကြောင်း သတိပေးလိုက်ရပါတယ်။

No comments:

Post a Comment