ပြည်တွင်းပြည်ပမှာရှိသော မြန်မာတိုင်းရင်းသား ညီအစ်ကိုမောင်နှမအားလုံး အေးချမ်းသာယာပြီးခေတ်မီဖွံ့ဖြိုးတိုးတက်သော စည်းကမ်းပြည့်ဝသည့် ဒီမိုကရေစီ နိုင်ငံတော်သစ်တည်ဆောက်ရာမှာ မိမိအခန်းကဏ္ဍအလိုက် တာဝန်ကျေစွား၊ စည်းလုံးညီညွတ်စွာ လက်တွဲဆောင်ရွက်ကြပါစို့

Tuesday, April 24, 2012

KIA အင်အားနည်းနေ၍ မိုင်းများကိုအသုံးပြုသွားရန် အမိန့်ထုတ်ထား




မိုးမောက်မြို့အနီးဝန်းကျင်တွင် လှုပ်ရှားနေသော KIA တပ်မဟာ ၃ မှ လက်နက်နှင့် ခဲယမ်းများနည်းပါးလာသဖြင့် မိုင်းများကိုအဓိကအသုံးပြုပြီး အစိုးရတပ်အားတိုက်ခိုက်သွားရန် လက်အောက်တပ်ရင်းများကို အမိန့်ထုတ်ထားပါတယ်။ မိုင်းထောင်ရာမှာ အစိုးရတပ်လာနိုင်သည့်လမ်းကြောင်းများအပြင် ရွာအ၀င်နှင့် ရွာအတွင်းပိုင်းသွားလာလှုပ်ရှုားနိုင်သော နေရာများကိုပါမကျန် မိုင်းထောင်မိုင်းခွဲခြင်းများလုပ်ရန် အမိန့်ပေးထားတဲ့အတွက် မိုးမောက်မြို့အနီးဝန်းကျင်မှရွာသားများဟာ စိုးရိမ်ကြောက်လန့်နေရပါတယ်။
အစိုးရစစ်ကြောင်းများ၏လှုပ်ရှားမှုများကို ကျေးရွာများမှ ပြည်သူ့အမှုထမ်းများနှင့်ဆက်သွယ်၍ မေးမြန်းသွားရန်နှင့် အစိုးရစစ်ကြောင်းများနှင့် တိုက်ပွဲဖြစ်ပွားပါက အနီးဆုံး KIA တပ်မှပူးပေါင်းပြီး ၀ိုင်းပတ်တိုက်ခိုက်သွားဖို့ ညွှန်ကြားထားပါတယ်။ မိုင်းထောင်တိုက်ခိုက်သွားဖို့ အမိန့်ကို မနေ့က ဧပြီလ ၂၂ ရက်နေ့မှစတင်အကြောင်းကြားခဲ့ပါတယ်။
KIA နှင့်အစိုးရတပ်များတိုက်ပွဲများမှာ ၁၀ လကျော်ကြာမြင့်ခဲ့ပြီး နေ့စဉ်လိုလိုတိုက်ပွဲများဖြစ်ပွားခဲ့ရာ KIA ဘက်မှ အထိအခိုက်အကျအဆုံးများပြားလာပြီး လူ၊လက်နက်၊ခဲယမ်း အင်အားလျော့နည်းလာပါတယ်။ လိုင်ဇာဆေးရုံအပါအ၀င် KIA ဆေးရုံများတွင် ထိခိုက်ဒဏ်ရာရသူများမှ တစ်နေ့ထက်တစ်နေ့ ပိုမိုများပြားလာပြီး ဆေးကုသရန်အတွက် ဆေးဝါးများမလုံလောက်တဲ့အတွက် တရုတ်နိုင်ငံဘက်သို့ သွားရောက်ဆေးကုသနေရကြောင်း KIA ဗဟိုမှ အရာရှိတစ်ဦးကပြောပြပါတယ်။

No comments:

Post a Comment