ပြည်တွင်းပြည်ပမှာရှိသော မြန်မာတိုင်းရင်းသား ညီအစ်ကိုမောင်နှမအားလုံး အေးချမ်းသာယာပြီးခေတ်မီဖွံ့ဖြိုးတိုးတက်သော စည်းကမ်းပြည့်ဝသည့် ဒီမိုကရေစီ နိုင်ငံတော်သစ်တည်ဆောက်ရာမှာ မိမိအခန်းကဏ္ဍအလိုက် တာဝန်ကျေစွား၊ စည်းလုံးညီညွတ်စွာ လက်တွဲဆောင်ရွက်ကြပါစို့

Sunday, April 29, 2012

အစိုးရဌာနများရှိ အော်တိုတယ်လီဖုန်း ပြည်ပခေါ်ဆိုမှု နှုန်းထားများအား နှုန်းထားအသစ်ဖြင့် ကောက်ခံ



From : ခေတ်လူငယ်


အစိုးရဌာနများရှိ အော်တိုတယ်လီဖုန်း ပြည်ပခေါ်ဆိုမှု နှုန်းထားများအား နှုန်းထားအသစ်နှင့် ကောက်ခံလျက်ရှိကြောင်း သက်ဆိုင်ရာဌာနများ၏ ကြေညာချက်အရ သိရသည်။ တန်ဖိုးနည်း မိုဘိုင်းဖုန်းများအား ဧပြီ ၉ ရက်မှစတင်ကာ ဆက်သွယ်ရေးဝန်ကြီးဌာနမှ ပြည်သူများ သုံးစွဲမှု အဆင်ပြေစေရန်အတွက် ရောင်းချပေးခဲ့ကြောင်း သိရသည်။ ထိုကဲ့သို့ မိုဘိုင်းဖုန်းများအား တန်ဖိုးမြင့်ဈေးနှုန်း တစ်ရပ်မှနေ၍ ယခုကဲ့သို့ ကျပ်နှစ်သိန်းဝန်းကျင်ခန့် ဈေးနှုန်းသို့ လျှော့ချရောင်းချပေးခဲ့ကြောင်း သိရသည်။ ယခုကဲ့သို့ မိုဘိုင်းဖုန်းများအား တန်ဖိုးနည်း လျှော့ချပေးခဲ့သည့်နည်းတူ အစိုးရဌာနများရှိ အော်တိုတယ်လီဖုန်းများအား ပြည်ပခေါ်ဆိုမှုနှုန်းထားကိုလည်း နှုန်းထားအသစ်ဖြင့် ကောက်ခံပေးလျက်ရှိကြောင်း သိရသည်။ ပြည်ပခေါ်ဆိုမှု နှုန်းထားအသစ်များ လျှော့ပေါ့သည့်အနေဖြင့် အာဆီယံနိုင်ငံများ၊ တရုတ်၊ အိန္ဒိယနှင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံများအား ခေါ်ဆိုပါက ပထမတစ်မိနစ်အတွက် (၉၆၀) ကျပ်နှင့် နောက်တိုး ၆ စက္ကန့်အတွက် (၉၆) ကျပ်ဖြင့်လည်းကောင်း၊ အာရှတိုက်အလယ်ပိုင်း ခေါ်ဆိုမှုအတွက် ပထမတစ်မိနစ်ကို (၁၄၄၀) ကျပ်နှင့် နောက်တိုး ၆ စက္ကန့်တိုင်းအတွက် (၁၄၄) ကျပ်၊ ဥရောပ၊ အာဖရိက၊ သြစတြေးလျ၊ အမေရိကတို့အား ခေါ်ဆိုမှုအနေဖြင့် ပထမတစ်မိနစ်ကို (၁၉၂၀) ကျပ်၊ အာရှတိုက်အရှေ့ပိုင်းနှင့် တောင်ပိုင်းတို့အား ခေါ်ဆိုခနှုန်းထားများအနေဖြင့် ပထမတစ်မိနစ် ခေါ်ဆိုခ (၁၁၂၀) ကျပ်နှင့် နောက်တိုး ၆ စက္ကန့်တိုင်းအတွက် (၁၁၂) ကျပ်များဖြင့် ပြောင်းလဲပေးဆောင်ရမည်ဖြစ်ကြောင်း ကြေညာချက်များအရ   သိရှိရသည်။
 

No comments:

Post a Comment