ပြည်တွင်းပြည်ပမှာရှိသော မြန်မာတိုင်းရင်းသား ညီအစ်ကိုမောင်နှမအားလုံး အေးချမ်းသာယာပြီးခေတ်မီဖွံ့ဖြိုးတိုးတက်သော စည်းကမ်းပြည့်ဝသည့် ဒီမိုကရေစီ နိုင်ငံတော်သစ်တည်ဆောက်ရာမှာ မိမိအခန်းကဏ္ဍအလိုက် တာဝန်ကျေစွား၊ စည်းလုံးညီညွတ်စွာ လက်တွဲဆောင်ရွက်ကြပါစို့

Sunday, April 29, 2012

KIA မှ အစိုးရရုံးများနှင့် အင်အားနည်း တပ်စခန်းတွေကို ပြောင်းလဲတိုက်ခိုက်မည်




ဧပြီလ ၂၈ ရက်နေ့ ယနေ့လည် ၂ နာရီလောက်က ၀ိုင်းမော်မြို့နယ်၊ ဆဒုံးမြို့နယ်ခွဲရှိ မြို့နယ် အုပ်ချုပ်ရေးမှုးရုံးရှိ အုပ်ချုပ်ရေးမှုးအပါအ၀င် ရုံးဝန်ထမ်းများကို KIA အဖွဲ့ဝင် ၅၀ ဦးခန့်ဟာ ၀င်ရောက် စီးနှင်းပစ်ခတ်ခဲ့ပါတယ်။ ပစ်ခတ်မှုကြောင့် အုပ်ချုပ်ရေးမှုးအပါအ၀င် ၄ ဦးသေဆုံး၊ ၃ ဦးဖမ်းခေါ်ခံခဲ့ရပြီး ၆ ဦးမှာ ထွက်ပြေးလွတ်မြောက်သွားခဲ့ပါတယ်။ KIA မှ ပစ်ခတ်မှုကြောင့် သေဆုံးသွားသူများမှာ မြို့နယ်အုပ်ချုပ်ရေးမှုး ဦးခင်မောင်စန်း၊ အငယ်တန်းစာရေး ဦးဇော်ဆိုင်း၊ ဦးဇော်မျိုးသန့်၊ ဦးဟေ၀မ်းတို့ ဖြစ်ကြပါတယ်။  ရုံးဝန်ထမ်း များဖြစ်တဲ့ ဦးယောကွေ့၊ ဦးဇယ်တောင်၊ ဂွမ်ဂျာနော် တို့ကို KIA အဖွဲ့မှ ဖမ်းခေါ်သွားခဲ့ကြပြီး ရွှေနဲ့ပိုက်ဆံများ ယူသွားကြောင်းသိရပါတယ်။
          KIA ရဲ့အစိုးရတပ်အပေါ်ခုခံရေးစစ်ဆင်မှုအရ မိုင်းထောင် မိုင်းခွဲခြင်းများကြောင့် အပြစ်မဲ့ ကချင် ပြည်သူများ သေဆုံးခဲ့ကြပြီး အရပ်သား အရပ်သားပြည်သူများကို ယခုကဲ့သို့ တမင်ရည်ရွယ်ပြီး ယခုလို သတ်ဖြတ် နေခဲ့ခြင်းမှာ အကြမ်းဖက်လုပ်ရပ်ဖြစ်နေကြောင်း စတုန်းဒေသခံများမှ ရင်ဖွင့်ပြောပြခဲ့ပါတယ်။ “မတူညီတဲ့သဘောထားများကြောင့် KIA နဲ့ အစိုးရတပ်တို့ တိုက်ပွဲတွေဖြစ်နေတာကို ကျွန်တော်တို့ဘာမှ မပြော လိုပါဘူး ဒါပေမဲ့ ယခုလို  တမင်သက်သက်ဝင်ပစ်ပြီး ဘာမှမဆိုင်တဲ့အပြစ်မဲ့သူတွေကို ပစ်သတ်သွား တာတော့ KIA အဖွဲ့ကို အကြမ်းဖက်သမားတွေလို့ပဲ ကျွန်တော်တို့မြင်တယ်ဒီလိုလုပ်သွားတာ အရမ်းရုပ်ဆိုး အကျဉ်းတန် လွန်းတယ် ကျွန်တော်တို့ဒေသခံတွေအနေနဲ့ KIA အဖွဲ့ရဲ့လုပ်ရပ်ကို ကန့်ကွက်ပါတယ် အစိုးရနဲ့ပူးပေါင်းပြီး ပြန်လည်တုံပြန်သွားပါမယ်” လို့ ဆဒုံးမြို့မှ ဦးဆိုင်းဇော်နောင် မှ စိတ်မကောင်းစွာ ပြောပြပါတယ်။
          ဆဒုံးဒေသအပြင် မြန်မာတရုတ်နှစ်နိုင်ငံ နယ်စပ်မြို့ဖြစ်တဲ့ ပန်ဝါဒေသကိုလည်း KIA မှ ပြင်းထန်စွာ တိုက်ခိုက်မှုများကြောင့် ပန်ဝါဒေသခံအများအပြား သေကြေဒဏ်ရာရရှိနေပြီး တရုတ်နိုင်ငံဘက်သို့ ထွက်ပြေး နေကြောင်းသိရပါတယ်။ KIA မှ မြို့တွင်းသို့ ပစ်ခတ်မှုများကြောင့် အရပ်သားအများအပြားသေဆုံးမှုရှိခဲ့ပါတယ်။ အစိုးရနယ်ခြားစောင့်တပ်ကိုလည်း ၀င်ရောက်တိုက်ခိုက်တဲ့အတွက် KIA အပါအ၀င်အစိုးရတပ်များ သေဆုံး ဒဏ်မှုများရှိကြောင်း သိရပါတယ်။

KIA မှ သေဆုံးသူအများစုမှာ ရှမ်းလူမျိုး KIA တပ်ဖွဲ့ဝင်များဖြစ်ကြောင်း မျက်မြင်တွေ့ရှိခဲ့သူတစ်ဦး မှလည်း ပြောပြပါတယ်။ မြို့ထဲမှာလည်း ကျည်ကျပြီး ပေါက်ကွဲတာတော်တော်များများသေကုန်တယ် ပစ်နေတာတော့ KIA ဘက်က အမြောက်တွေနဲ့ ပစ်နေတာ သူတို့နှစ်ဖက်ပစ်နေတာလည်း ပြင်းထန်တယ် KIA ကတော့ အင်အားနည်းနည်းများတယ်ဆိုပေမဲ့ ရှေ့ပိုင်းကတက်လာတဲ့သူတော်တော်များများ သေကုန်တယ် သေတဲ့သူတွေကလည်း ကချင်တွေမဟုတ်ဘူး ရှမ်းလူမျိုးတွေလို့ ပန်ဝါမြို့မှ ဦးလော်ဆိုင်း ကပြောပြပါတယ်။

KIA အဖွဲ့ဟာ အစိုးရနဲ့ဖြစ်ပွားသော တိုက်ပွဲများတွင် အကျအဆုံးများနေပြီး အင်အားနည်း လာသည့်အတွက် တိုက်ခိုက်ရေးပုံစံပြောင်းလဲခဲ့ပြီး အစိုးရတပ်ကို ရင်ဆိုင်မတိုက်တော့ပဲ မိုင်းထောင် မိုင်းခွဲမှုများအပါအ၀င် အစိုးရရုံးများနှင့် အားနည်းသည့်တပ်စခန်းများကိုသာ အင်အားအလုံးအရင်းသုံးပြီး တိုက်ခိုက်သွားမှာ ဖြစ်တယ်လို့ လိုင်ဇာမှ ကေအိုင်အေ အရာရှိတစ်ဦးကလည်း သတင်းပေးပို့ထားပါတယ်။

No comments:

Post a Comment