ပြည်တွင်းပြည်ပမှာရှိသော မြန်မာတိုင်းရင်းသား ညီအစ်ကိုမောင်နှမအားလုံး အေးချမ်းသာယာပြီးခေတ်မီဖွံ့ဖြိုးတိုးတက်သော စည်းကမ်းပြည့်ဝသည့် ဒီမိုကရေစီ နိုင်ငံတော်သစ်တည်ဆောက်ရာမှာ မိမိအခန်းကဏ္ဍအလိုက် တာဝန်ကျေစွား၊ စည်းလုံးညီညွတ်စွာ လက်တွဲဆောင်ရွက်ကြပါစို့

Sunday, April 29, 2012

နိုင်ငံရေးပါတီ တည်ထောင်လိုသူများက ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်သို့ နိုင်ငံရေးပါတီ တည်ထောင်လိုကြောင်း လျှောက်ထားလျက်ရှိ


From : ခေတ်လူငယ်


နိုင်ငံရေးပါတီ တည်ထောင်လိုသူများက ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်သို့ နိုင်ငံရေးပါတီ တည်ထောင်လိုကြောင်း လျှောက်ထားလျက်ရှိရာ ဧပြီ ၂၆ ရက်တွင် ဦးခင်ဇော် အပါအဝင် ပုဂ္ဂိုလ် ၂၂ ဦးက အမျိုးသားလူ့အခွင့်အရေး ဒီမိုကရက်တစ်ပါတီ တည်ထောင်လိုကြောင်း လာရောက်လျှောက်ထားသည်။ ထို့အတူ ဧပြီ ၂၆ ရက်တွင် ဦးနိုင်ငွေသိမ်း အပါအဝင် ပုဂ္ဂိုလ် ၁၅ ဦးက မွန်ဒီမိုကရေစီပါတီကို တည်ထောင်လိုကြောင်း လာရောက်လျှောက်ထားခဲ့သည်။ ယင်းလျှောက်ထားချက်များနှင့် ပတ်သက်ပြီး ပါတီတည်ထောင်လိုသူ ပုဂ္ဂိုလ်များသည် နိုင်ရေးပါတီများ မှတ်ပုံတင်ခြင်း ဥပဒေပုဒ်မ ၄ နှင့် ပုဒ်မ ၆ ပါ ပြဋ္ဌာန်းချက်များနှင့် ညီညွတ်မှု ရှိ၊ မရှိ စိစစ်ပေးနိုင်ရေးအတွက် ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်က သက်ဆိုင်ရာ ဝန်ကြီးဌာနများထံ မေတ္တာရပ်ခံ ညှိနှိုင်းထားကြောင်း သိရှိရသည်။

No comments:

Post a Comment