ပြည်တွင်းပြည်ပမှာရှိသော မြန်မာတိုင်းရင်းသား ညီအစ်ကိုမောင်နှမအားလုံး အေးချမ်းသာယာပြီးခေတ်မီဖွံ့ဖြိုးတိုးတက်သော စည်းကမ်းပြည့်ဝသည့် ဒီမိုကရေစီ နိုင်ငံတော်သစ်တည်ဆောက်ရာမှာ မိမိအခန်းကဏ္ဍအလိုက် တာဝန်ကျေစွား၊ စည်းလုံးညီညွတ်စွာ လက်တွဲဆောင်ရွက်ကြပါစို့

Wednesday, May 16, 2012

မြန်အောင်နှင့် ဟင်္သာတမြို့တို့တွင် ဖောက်ခွဲခဲ့သော ABSDF အဖွဲ့ဝင် တစ်ဦးအား ဖမ်းဆီးရမိ




ဧရာဝတီတိုင်းဒေသကြီး မြန်အောင်မြို့နှင့် ဟင်္သာတမြို့တို့၌ ဖောက်ခွဲမှုများ ပြုလုပ်ခဲ့သည့် ABSDF အဖွဲ့မှ ဖောက်ခွဲရေးသမား သန်းကိုဦး(ခ) မင်းဇော် (၂၆) နှစ်အား မေ ၁၁ ရက်တွင် ထိုင်းနိုင်ငံ မဲဆောက်မြို့၌ ဖမ်းဆီးရမိခဲ့ကြောင်း သိရှိရသည်။ သန်းကိုဦး(ခ) မင်းဇော်သည် ၂၀၁၁ ခုနှစ် နိုဝင်ဘာလ ၂၀ ရက်က မြန်အောင်မြို့ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီရုံးနှင့် ၂၀၁၂ ခုနှစ် မတ် ၆ ရက်က ဟင်္သာတမြို့
အထွေထွေအုပ်ချုပ်ရေးမှူးရုံးတို့အား ဗုံးထောင်ဖောက်ခွဲခဲ့သူ ဖြစ်ကြောင်းနှင့် ၄င်းအား မြန်မာနိုင်ငံ ရဲတပ်ဖွဲ့၊ မြဝတီခရိုင် ရဲတပ်ဖွဲ့၊ ထိုင်းနိုင်ငံ မဲဆောက်မြို့နယ် လူဝင်မှုကြီးကြပ်ရေး ဦးစီးဌာနနှင့် မဲဆောက်မြို့နယ် ရဲတပ်ဖွဲ့တို့ ပူးပေါင်း၍ ဖော်ထုတ်ဖမ်းဆီး ရမိခဲ့ခြင်းဖြစ်ကြောင်း သိရှိရသည်။ မေ ၁၂ ရက်က သန်းကိုဦးအား စစ်ဆေးရာ မိုင်းတစ်လုံးအား ဟင်္သာတမြို့ ဘုရားကြီးရပ်ကွက် ဘုရားကြီးကျောင်းတိုက် ဓမ္မဗိမာန် ဓမ္မာရုံအနောက်ရှိ ကုဋီနှင့် မိလ္လာကန်ကြား၌ ဝှက်ထားကြောင်း သိရှိရသဖြင့် သွားရောက်ရှာဖွေရာ လက်ပစ်ဗုံးတစ်လုံး၊ ယမ်းပျော့တစ်လိပ်၊ စကားပြောစက်တစ်လုံး၊ ဒီတိုနေတာတစ်ခုနှင့် ဆက်စပ်ပစ္စည်းများကို သိမ်းဆည်းရမိခဲ့ကြောင်း သိရှိရသည်။ သတင်းအပြည့်အစုံမှာ....


No comments:

Post a Comment